ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)မျိုး မိတ်ဆက်ခြင်း(၄)

2018-12-27 18:04:36 |သတင်းအရင်းအမြစ် 云桥网

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၉)၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စဉ်ဆက်မပြတ် ဆက်ခံခြင်း

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၉)အဟောင်းသည် “အမျိုးသမီးများအား အဘွားဟု ခေါ်လေ့ရှိ”ဖြစ်ပြီး ယခုကမူ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စဉ်ဆက်မပြတ် ဆက်ခံခြင်း”သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

ကော့်ကျန်းအဆိုအကသည် တိဗက်တိုင်းရင်းသားများ၏ ရိုးရာအဆိုအကဖြစ်ပြီး တရုတ်နိုင်ငံတော် အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်လည်း ပါဝင်ပါသည်။ အသက်(၇၆)နှစ် ကော့်ကျန်း အဆိုအကဆက်ခံသူ ရှီကွေ့ယဉ်း ပြောကြားသည်မှာ -- ယခင်က ဆင်းရဲတယ်။ ကျွန်မတို့ ပင်ကျည်လန်မြို့နယ်မှာ ကော့်ကျန်းက အဆိုတစ်မျိုးပဲရှိတယ်။ အကမပါဘူး။ ဒါပေမဲ့ တံခါးဖွင့်မူဝါဒ ကျင့်သုံးပြီးနောက် ကျွန်မတို့ရဲ့နေထိုင်မှုက ချမ်းသာလာတယ်။ ကော့်ကျန်းထဲမှာ အဆိုတင်မကတော့ပဲ အကလည်း ပါလာတယ်။

ယခုအချိန်တွင် ရှီကွေ့ယဉ်းသည် ကျောင်းသူကျောင်းသားအယောက်(၃၀)ခေါ်ယူခဲ့ပြီး လူငယ်များက ကျော့်ကျန်းရိုးရာယဉ်ကျေးမှုအား သဘောကျခြင်းအတွက် သူမအလွန်ဝမ်းသာနေသည်။ “လူငယ် တွေက ကျော့်ကျန်းအဆိုအက နှစ်သက်ကြတယ်။ ဒီလိုဆိုတော့ ကျော့်ကျန်းယဉ်ကျေးမှု ပျောက်ကွယ် သွားမှာ မစိုးရိမ်ရတော့ပါဘူး”ဟု သူမ ပြောကြားခဲ့သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၀)၊ ခုံတန်းရှည်ဧည့်ခံပွဲကျင်းပ။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၀)အသစ်သည် “ခုံတန်းရှည် ဧည့်ခံပွဲကျင်းပခြင်း”ဖြစ်သည်။

ဟာနီတိုင်းရင်းသားများ၏ ခုံတန်းရှည် ဧည့်ခံပွဲသည် ဟာနီလူမျိုးအတွက် အရေးကြီးဆုံးပွဲတော် ဖြစ်ပြီး ထိုနေ့တွင် အိမ်တိုင်းသည် လမ်းမဘေးတွင် ဧည့်ခံပွဲ ကျင်းပလေ့ရှိသည်။ သူသားများသည်လည်း အရက်သောက်ခြင်း၊ သီချင်းဆိုခြင်း၊ အကကခြင်းဖြင့် ယခုနှစ်၏ သီးထွက်ကောင်းခြင်းအောင်မြင်မှုကို ထောပနာပြုလေ့ရှိသည်။

“ယခင်က ကျွန်တော်တို့ရွာထဲမှာ အရမ်းဆင်းရဲတယ်။ ဘာမှမရှိပါဘူး။ လူငယ်တွေကလည်း အပြင်ထွက် စီးပွားသွားရှာကြရတယ်။ ရွာထဲမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်တယ်။ ခုံးတန်းရှည် ဧည့်ခံပွဲဧည့်ခံပွဲကျင်းပလိုစိတ်လည်း မရှိဘူးလေ။ ဒါပေမဲ့ အခုက ကျွန်မတို့ရဲ့ စာမာလှေကားထစ်လယ် ယာမြေက ကမ္ဘာ့အကြီးဆုံး ဟာနီလှေကားထစ်လယ်ယာမြေ ဖြစ်သွားပြီး ခရီးသွားလာရေးလည်း ပိုမိုဖြစ်ထွန်းလာတယ်။ အခုဆိုရင် ရွာပြင်ထွက်စီးပွားသွားရှာတဲ့ လူငယ်အကုန်လုံး ရွာကိုပြန်လာတယ်။ တစ်ရွာလုံးမှာ ပျမ်းမျှအားဖြင့် လူတစ်ယောက် တစ်နှစ်မှာ ဝင်ငွေတရုတ်ယွမ် ၆၈၀၀ ရရှိနိုင်တယ် ”ဟု ကျာလုံရွာ၏ ရွာသားတစ်ယောက်က ပြောကြားခဲ့သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၁)၊ ဖူအလ်ကော်ဖီက ပြည်ပတွင် ရောင်းကောင်းနေ။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၁)အဟောင်းသည် “အဘွားတောင်တက်လျှင် မျောက်ထက်ပိုမြန်ခြင်း” ဖြစ်ပြီး ယခုကမူ “ဖူအလ်ကော်ဖီက ပြည်ပတွင် ရောင်းကောင်းနေခြင်း”သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

ဖူအလ်သည် တရုတ်ပြည်တွင်း အဓိကကော်ဖီထုတ်နေရာဖြစ်ပြီး အာရှတိုက်တွင် ကော်ဖီစိုက် အစော ဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။ ယခုအခါ ဖူအလ်ကော်ဖီ၏ (၈၀)ရာခိုင်နှုန်းအထက်သည် ကမ္ဘာနိုင်ငံနှင့်ဒေသ(၃၀)ကျော်သို့ တင်ပို့ရောင်းချနေသည်။ ၂၀၁၇ ခုနှစ်တွင် ဖူအလ်ကော်ဖီသည် ပြည်ပပို့ကုန်အဖြစ် တန်ချိန်(၂.၈၅)သောင်းရောင်းချခဲ့သည်။ ကော်ဖီသည် လယ်သမားများအတွက် စီးပွားတိုးတက်ရန် ထူးခြားသောလုပ်ငန်းဖြစ်နေတော့သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၂)၊ တိုင်းရင်းသားအဆိုအက မူလပုံရိပ် ထိန်းသိမ်းထားရှိ။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၂)အဟောင်းသည် “ဖိနပ်နောက်တွင် အ၀တ်စထပ်ထည့်ခြင်း”ဖြစ်သည်။ အဘယ်ကြောင့် ဤကဲ့သို့ပြောသနည်း။ လွန်ခဲ့သောနှစ်ပိုင်းတွင် တိုင်းရင်းသားအမျိုးသမီးများသည် ပန်းထိုးထည်ဖိနပ်ချုပ်သည့်အခါ နောက်တွင် အ၀တ်စထပ်ထည့်ချုပ်လေ့ရှိသည်။ လှလည်းလှ၊ ဖုံလည်း ရှောင်နိုင်သည်။ ယခုအချိန်တွင် ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၂)သည် “တိုင်းရင်းသားအဆိုအက မူလပုံရိပ် ထိန်းသိမ်းထားရှိ”သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

ယူနန်တိုင်းရင်းသားလူမျိုးစုသည် အဆိုအက အထူးကျွမ်းကျင်ကြပြီး ယူနန်တိုင်းရင်းသား ယဉ်ကျေးမှု၊ သမိုင်းနှင့် သဘာဝရှုခင်းများ အားလုံးကို အဆိုအကမှတစ်ဆင့် ဖော်ပြသည်။ တရုတ်တံခါးဖွင့်မူဝါဒ ကျင့်သုံးသည့် နှစ်(၄၀)ပေါင်းအတွင်းတွင် ယူနန်တိုင်းရင်းအဆိုအကသည် မူလသောပုံရိပ်ကျန်ရှိနေ သေးပြီး ယခုခေတ်တွင် တောင်ပိုင်းဒေသမှ မြို့ပြသို့ဝင်ရောက်ကာ ပိုမိုများပြားသည့်ပရိသတ်များကို ဆွဲဆောင်နေသည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၃)၊ နိုင်ငံခြားတွင် အသီးစိုက်ပြီး ပြည်တွင်းသို့ ရောင်းချ။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၃)အဟောင်းသည် “မော်တော်ယာဉ်သည် မီးရထားထက် အရှိန်မြန် ခြင်း”ဖြစ်သည်။ အဘယ်ကြောင့် ဤကဲ့သို့ပြောသနည်း။ ယူနန်သည် တောင်မြင့်ပြီး လျှိုမြောင်လည်း နက်ရှိုင်းသည်။ ထို့ကြောင့် သံလမ်းအကွေ့အကောက်များပြီး အရှိန်သည် မော်တော်ကားထက်ပိုနှေး သည်။ ယခုအချိန်တွင် ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၃)သည် “နိုင်ငံခြားတွင် အသီးစိုက်ပြီး ပြည် တွင်းသို့ ရောင်းချ”ခြင်း ဖြစ်သွားသည်။

၂၀၁၆ ခုနှစ်ကတည်းက ရွှေလီမြို့ ဝမ်တိန်ချမ်ဟိုကူးသန်းရောင်းဝယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ လယ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ ဖရဲသီးစိုက်ပျိုးခဲ့သည်။ မြန်မာလယ်သမားများ သည် မြေလယ်ယာနှင့် လုပ်အားကို ထောက်ပံ့ပြီး ကုမ္ပဏီသည် နည်းပညာနှင့် လုပ်အားခ ပံ့ပိုးပေးခြင်း ဖြင့် ဆောင်ရွက်ကာ ဖရဲသီးများအား တရုတ်ပြည်တွင်းသို့ ပြန်လည်ရောင်းချနေ သည်။ အမြတ်ငွေ သည် လယ်သမားများနှင့် အတူဝေမျှရရှိနေခြင်းဖြစ်ရာ မြန်မာလယ်သမားလည်း အကျိုးရရှိကြသည်။

ယခုအချိန်တွင် အဆိုပါလုပ်ငန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းရှင် များစွာရှိပါသည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၄)၊ ရုပ်ရှင်ရိုက်ကုမ္ပဏီသည် ယူနန်ကို သဘောကျနေ
ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၄)အဟောင်းသည် “ဖိနပ်များ နံစောင်းပိုင်းနှင့်အထက်ပိုင်း တိုသော ကြောင့် ခြေချောင်းတစ်နှစ်လုံး တွေ့နိုင်ခြင်း”ဖြစ်ပြီး ယခုကမူ “ရုပ်ရှင်ရိုက်ကုမ္ပဏီသည် ယူနန်ကို သဘောကျနေ”သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

တာ့လီပြည်နယ်ခွဲ၏ မြို့ပြနှင့် ကျေးရွာများတွင် နာမည်ကျော်သရုပ်ဆောင်ကိုတွေ့လျှင် အံ့သြဖွယ်မ ဟုတ်ပေ။

သဘာဝကျသောရှုခင်းသာ၊ သမိုင်းကြာရှည်သောယဉ်ကျေးမှုကြောင့် တာ့လီသည် အနုပညာ၏နိဗ္ဗာန် ဖြစ်နေပေသည်။

(Yunnan Gateway)