ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)မျိုးမိတ်ဆက်ခြင်း(၅)

2018-12-28 18:33:50 |သတင်းအရင်းအမြစ်

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၅)၊ တူလုံဒေသတောင်ကြား ကားလမ်းဖောက်လို့ထား

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၅)အဟောင်းသည် “ကလေးများကို အမျိုးသားမှ ထိန်းသိမ်း စောင့်ရှောက်” ဖြစ်ပြီး ယခုကမူ “တူလုံဒေသတောင်ကြား ကားလမ်းဖောက်လို့ထား”သို့ ရွှေ့ပြောင်း ထားသည်။

ဂုန့်ရှန်းတူလုံဒေသသည် ပထဝီအခြေအနေဆိုးရွားသောကြောင့် ကတ္တရာလမ်းဖောက်ရန် အလွန် ခက်ခဲသည်။ “ယခင်တုန်းက တူလုံဒေသမှာ ကတ္တရာလမ်းမရှိဘူး။ မြို့သို့သွားရာလမ်းက ကျဉ်းကျဉ်း လေးဖြစ်လို့ စားစရာ၊ နေ့စဉ်သုံးပစ္စည်း ဝယ်ချင်ရင် မြင်းအုပ်နဲ့လူအားနဲ့ပဲ သယ်ဆောင်ရတယ်။ အသွားအပြန်က (၁၀)ရက်ကျော် ကြာတယ်။ ဝေးလည်းဝေး၊ အန္တရာယ်လည်းရှိတယ်။ အခုဆို အဆင်ပြေသွားပြီ။ ကားက အိမ်ရှေ့ကို တိုက်ရိုက်ရောက်နိုင်တယ်။ ရွာတိုင်းမှာ ကတ္တရာလမ်း ဖောက်ထားတယ်”ဟု ဂုန်ရှန်းတူလုံဒေသရွာသား ဟိုကျေားကျန်မှ ပြောကြားခဲ့သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၆)၊ မီးရထားနှင့်မော်တော်ယာဉ် အားလုံး အရှိန်အဟုန်မြန်ဆန်ခြင်း

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၆)အဟောင်းသည် “မြေပဲနှင့် တရုတ်ပဲများကို အပုံလိုက်ခွဲရောင်းခြင်း”ဖြစ်သည်။ အဘယ်ကြောင့်ဤကဲ့သို့ပြောသနည်း။ ရှေးယခင်က ယူနန်သူယူနန်သားများသည် လိုအပ် သည့်ပစ္စည်းကို ပိုက်ဆံဖြင့်ဝယ်ယူသည်မဟုတ်ပဲ အခြားပစ္စည်းဖြင့် အချင်းချင်း တိုက်ရိုက်လဲလှယ်ကြ သည်။ ထို့ကြောင့် မြေပဲနှင့် တရုတ်ပဲများ စသောထွက်ကုန်များသည် အပုံလိုက်ခွဲပြီး ရောင်းချသူကြိုက် သလို ရောင်းကြသည်။ ယခုအချိန်တွင် ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၆)သည် “မီးရထားနှင့် မော်တော်ယာဉ် အားလုံး အရှိန်အဟုန်မြန်ဆန်ခြင်း”သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

၂၀၁၇ ခုနှစ်ဇူလိုင်လက ရှန်ဟိုင်း-ကူမင်း၊ နန်နင်း-ကူမင်းနှင့် ချင်တူး-ကူမင်း ရထားလမ်း သည် အဆင့် မြှင့်တိုးချဲ့လိုက်သော ကူမင်းအရှေ့ဘက်ဘူတာရုံနှင့်ချိတ်ဆက်ခဲ့ပြီး ကူမင်းအရှေ့ဘက်ဘူတာရုံက ဗဟိုစင်တာအဖြစ် ယူနန်ရထားလမ်းသည် ပြည်တွင်းပြည်ပနှင့် ချိတ်ဆက်ခဲ့သည်။ ထို့ပြင် ၎င်းသည် တရုတ်နှင့် အရှေ့တောင်အာရှတောင်အာရှနိုင်ငံများအကြား အကြီးမားဆုံး ကုန်သွယ်စီးဆင်းမှုစင်တာ ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့အထိ တရုတ်ရထားလမ်းကူမင်းဦးစီးဌာနကုမ္ပဏီသည် ရထားသံလမ်းအခြေခံတည်ဆောက်ရေးအတွက် တရုတ်ငွေ(၁၉.၇၅၄)ဘီလီယံရင်းနှီးမြှုပ်နှံခဲ့ပြီး လွန်ခဲ့သောနှစ် အချိန်ကာလတူထက် (၃.၃၆၈)ဘီလံယံတိုးမြှင့်ခဲ့သည်။ တချိန်တည်းတွင် ယခုအချိန် ထိတိုင် ယူနန်တစ်ပြည်နယ်လုံး၏ ကားလမ်းပြေးဆွဲမှုသည် (၂.၄၂၅)သိန်းရောက်ရှိပြီး ၁၉၇၈ ခုနှစ်ထက် (၅.၈)ဆ တိုးများလာသည်။ ခရိုင်အဆင့် ကားလမ်းများအားလုံးဖုံးလွမ်းမှုစီမံကိန်းဆောင်ရွက်နေသည် နှင့်အညီ ရထားသံလမ်းနှင့်ကားလမ်းတည်ဆောက်ခြင်းသည် အတူရှေ့သို့ချီတက်ပြီး ယူနန် လမ်းပန်းဆက်သွယ်ရေးကွန်ရက်ကို အဆင်ပြေသွားစေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးပြုနိုင်သည်ဖြစ်သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၇)၊ ကြာပန်းဧကသောင်းချီ ဖူးပွင့်ဝေဆာနေ။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၇)အဟောင်းသည် “ဒီဖက်မိုးရွာ ဟိုဖက်နေသာ”ဖြစ်ပြီး ယခုအချိန်တွင် “ကြာပန်းဧကသောင်းချီ ဖူးပွင့်ဝေဆာနေ”သို့ ပြောင်းသွားပြီဖြစ်သည်။

ရှန်ယဉ်တုန်ရွာသည် ယူနန်ပြည်နယ်ချိုးပေခရိုင်၏ ဖူကျယ်ဟေးရှုခင်းသာနေရာတွင် တည်ရှိ သည်။ ဖူကျယ်ဟေးရှုခင်းသာနေရာသည် ကြာပန်းဝေဝေဆာဆာဖူးပွင့်ပြီး ရေကြည်လင်ခြင်း၊ တောတောင်ရေမြေလှပခြင်းများကြောင့် ရွာသူရွာသားများကို နိဗ္ဗာန်အတွင်းနေထိုင်ကဲ့သို့ စိတ် ဝမ်းသာစေသည်။

“ဖူကျယ်ဟေးရှုခင်းသာတည်ဆောက်ခြင်းမှစပြီး ကျွန်တော်တို့ရွာက ရှုခင်းသာနေရာကို အမှီပြုပြီး ရွာကို ယီတိုင်းရင်းသားလူမျိုးယဉ်ကျေးမှုဖြင့် ယဉ်ကျေးမှုခရီးသွားလာရေးကို ဆောင်ရွက်ကြတယ်။ အခုရွာထဲမှာ အိမ် (၁၉၆) လုံးက အကုန်လုံးခရီးသွားလာရေးလုပ်ငန်း လုပ်ဆောင်နေတယ်။ ကျွန်တော် တို့ရွာလည်း ဒီအနီးအနားတ၀ိုက်မှာ စီးပွားရေးချမ်းသာရွာလို့ နာမည်ကျော်လာတယ်”ဟု ရှန်ယဉ်တုန်ရွာ ၏ ရွာသားတစ်ယောက်မှ ပြောသည်။
    
ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)၊ ယီတိုင်းရင်းသား ရောင်စုံတောက်ပ၀တ်စားဆင်ယင်မှုက လယ်ယာ ရှုခင်းများနှင့် အလှခြင်းပြိုင်နေ

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)အဟောင်းသည် “ပွေးကောင်လေးကောင် အိတ်တစ်အိတ်”ဖြစ်သည်။ အဘယ်ကြောင့်ဤကဲ့သို့ပြောသနည်း။ ယူနန်တောင်ပိုင်းဒေသတွင် ဝါးတောများပြားသည်။ ဝါးမျှစ် စားလေ့ရှိသောပွေးကောင်သည် ဝလည်းဝ ကြီးလည်းကြီး၊ အိတ်စတ်အိတ်အတွင်းထည့်လျှင် ပြည့်နိုင် သည်။ ထို့ပြင်၊ ပွေးကောင်း၏အရသာလည်းကောင်းမွန်သည်။ ဒေသခံများသည် ပွေးကောင်ဖြင့် ဧည့်ခံကြသည်။ ယခုအချိန်တွင် ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)သည် “ယီတိုင်းရင်းသား ရောင်စုံတောက်ပ၀တ်စားဆင်ယင်မှုက လယ်ယာရှုခင်းများနှင့်အလှခြင်းပြိုင်နေ”သို့ ရွှေ့ပြောင်း သွားပြီဖြစ်သည်။

ယီတိုင်းရင်းသားဝတ်စားဆင်ယင်မှုအလှယှဉ်ပြိုင်ပွဲသည် နှစ်စဉ်နှစ်တိုင်းတွင် အလွန်နှစ်လိုဖွယ်ကောင်း သည့် မျက်စိအစာကျွေးပွဲကြီးပင် ဖြစ်သည်။ ယူနန်ပြည်နယ်ယုံယဉ်ခရိုင်၏ကျည်ရှီးရွာတွင် ယီတိုင်းရင်း သားဝတ်စားဆင်ယင်မှုအလှယှဉ်ပြိုင်ပွဲ ကျင်းပခြင်းသည် နှစ်ပေါင်း(၁၃၅၂)နှစ်ရှိပြီဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း မုန်ညင်းစိမ်းပန်းပွင့်ချိန်တွင် ပန်းနှင့်ဝတ်စားဆင်ယင်မှုတို့ အလှခြင်းပြိုင်ကာ အလှကြီးလှပနေ သည်ကို တွေ့နိုင်သည်။

(Yunnan Gateway)