“နွေးထွေးပျော်ရွှင်သောလက်ဆောင်ရပြီ” -- 《မင်္ဂလာ》မဂ္ဂဇင်းသည် မြန်မာ့အလယ်တန်းနှင့် မူလ တန်းကျောင်း ကျောင်းသူကျောင်းသားများအတွက် လွယ်အိတ်(၈၀၀၀)လှူဒါန်း

2018-12-29 18:42:42 |သတင်းအရင်းအမြစ် 云桥网

ဒီဇင်ဘာ(၂၈)ရက်နေ့က မူဆယ်မြို့၌် ကျင်းပသည့်“ မြန်မာနိုင်ငံမူဆယ်မြို့ ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲ”တွင် မင်္ဂလာမဂ္ဂဇင်းနှင့် ကူမင်းမြို့မိခင်နှင့်ကလေးကျန်းမာရေးဆေးရုံတို့ပူးတွဲပြီး မူဆယ်မှ အလယ်တန်း၊ မူလတန်း ကျောင်းသူကျောင်းသားများအတွက် ကျောင်းသုံးလွယ်အိတ် (၈၀၀၀)ကို လှူဒါန်းခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ် ပရဟိတအစီအစဉ်သည် 《မင်္ဂလာ》မဂ္ဂဇင်းပါဝင်သော ပထမဆုံးအကြိမ် နယ်စပ်ဒေသတွင် ပြုလုပ်သည့် ပရဟိတဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားများအား လှူဒါန်းသောလွယ်အိတ်သည် အနီ၊ အစိမ်းနှင့် အပြာသုံးရောင်ရှိကြောင်း၊ လွယ်အိတ်အတွင်း စာရေးကိရိယာနှင့် အခြားတရုတ်လုပ်ငန်းရှင်မှ လှူဒါန်းသည့် စာအုပ်၊ ကစားစရာပစ္စည်း ပါရှိကြောင်း သိရပါသည်။

ကျောင်းသူကျောင်းသားများသည် လွယ်အိတ်လက်ဆောင်ရပြီးနောက် မအောင့်အည်းနိုင်တော့ပဲ လွယ်အိတ်ကို ချက်ချင်းပင်ဖွင့်ကြည့်ခဲ့သည်။ “ဒါက ကျွန်တော့်ကို ပျော်ရွှင်စေတဲ့လက်ဆောင်ပါ။ လွယ်အိတ်ထဲမှာလည်း ကျွန်တော်အကြိုက်ဆုံး စာအုပ်တွေပါတယ်။ လွယ်အိတ်အသစ်က ကျွန်တော်ရဲ့ မျှော်လင့်ချက်သစ်ဖြစ်တယ်။ ကျွန်တော်က မိမိရဲ့ဂီတအိပ်မက်ကို ဖြစ်မြောက်ဖို့ စာကြိုးစားမယ်”ဟု မူဆယ်အမှတ်(၃)အလယ်တန်းကျောင်းမှ ဂီတကို စိတ်ဝင်စားသော ကျောင်းသားမောင်ရဲထက်နိုင်မှ ပြောကြားခဲ့သည်။

မူဆယ်အမှတ်(၅)မူလတန်းကျောင်း၏ ကျောင်းသူ နေခြည်ဦးသည် အနီရောင်လွယ်အိတ် လက် ဆောင်ရပြီး လွယ်အိတ်ထဲတွင်ပါသော ကလေးကဗျာစာအုပ်ကို ထုတ်ယူကာ စိတ်မြူးကြွစွာ ဖတ်ကြည့် နေသည်။ “ပျော်ပါတယ်။ ကျွန်မက ဒီလွယ်အိတ်ကို အရမ်းသဘောကျတယ်။ နောက်နှစ်လည်း အနီရောင်လွယ်အိတ်အသစ်တစ်လုံးရမယ်လို့ မျှော်လင့်တယ်။ လွယ်အိတ်ထဲမှာလည်း စာအုပ်မျိုးစုံ ပါဝင်စေဖို့ ဆန္ဒရှိတယ်”ဟု သူမ ဆိုခဲ့သည်။

ယခုအကြိမ်လှူဒါန်းပွဲအား မြန်မာနယ်ပယ်အသီးသီးမှ ချီးကျူးမှုကို ရရှိပါသည်။ မြန်မာနိုင်ငံပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကလည်း 《မင်္ဂလာ》မဂ္ဂဇင်း၏ အဆိုပါကောင်းမှုကုသိုလ်အတွက် ချီးမွမ်းပေးပြီး ကူမင်းမြို့မိခင်နှင့်ကလေး ကျန်းမာရေး ဆေးရုံအပေါ် ချစ်ခြင်းမေတ္တာလှူဒါန်းပွဲဂုဏ်ပြုလွှာကို ချီးမြှင့်ပေးခဲ့သည်။ “လွယ်အိတ် လှူဒါန်းခြင်းက မြန်မာ-တရုတ်နှစ်နိုင်ငံပြည်သူပြည်သားတွေအကြား ဆက်ဆံရေးကို တိုးများစေပြီး အပြန် အလှန်သဘောပေါက်နားလည်မှုလည်း တိုးများနိုင်တယ်။ ပြည်သူပြည်သားတွေအကြား ပိုမိုရင်းနှီး လာနိုင်တယ်”ဟု ဦးရဲနိုင်မှ ပြောကြားခဲ့သည်။

မူဆယ်မြေစာရင်းဌာနမှ ဦးထွန်းသန်းဦးက သတင်းထောက်အား ပြောကြားသည်မှာ -- “ဒေသခံများက လွယ်အိတ်လှူဒါန်းပွဲကို အွန်လိုင်းကတစ်ဆင့် သိရတယ်၊ အားလုံးက ဒီအစီအစဉ်ကို အရမ်းထောက်ခံ ချီးကျူးပါတယ်။ ကလေးတွေက လွယ်အိတ်နဲ့ စာအုပ်ရတာ အရမ်းဝမ်းသာကြတယ်။ ကလေးတို့ဝမ်း မြောက်တယ်ဆိုတာလည်း မိဘတို့ရဲ့ ပျော်ရွှင်မှုဖြစ်တယ်။”

ယခုအကြိမ် ပရဟိတအစီအစဉ်သည် 《မင်္ဂလာ》မဂ္ဂဇင်းအတွက် အစသာဖြစ်ပြီး နောင်တွင် ပိုမို များပြားသည့် ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကာ တရုတ်-မြန်မာအကြား ပေါက်ဖော် ချစ်ကြည်ရေးတည်တံ့ခိုင်မြဲစေရန်အတွက် အဆက်မပြတ် တွန်းအားပေးမည်ဟု သိရသည်။

(Yunnan Gateway)