နွေဦးပွဲတော်ရုံးပိတ်ရက်ကာလအတွင်း တစ်ကမ္ဘာလုံး၌ အများသုံးစက်ဘီးစီးသူဦးရေစာရင်း Mobike မှ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ဤစာရင်းအရ တစ်ကမ္ဘာလုံး၌ တရုတ်စီးသူများစွာရှိပြီး ယင်းအနက် ပင်လယ်ရပ်ခြားတွင် စက်ဘီးစီးသူဦးရေအားဖြင့် ပေကျင်းမြို့သူမြို့သားများသည် ပထမနေရာ ရပ်တည် ကာ ချန်ဒူမြို့သူမြို့သားများသည် ပဉ္စမနေရာ တည်ရှိကြောင်း၊ ပင်လယ်ရပ်ခြားမြို့ပြများတွင် စင်္ကာပူနိုင်ငံ သို့ လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည်များအတွက် အများသုံးစက်ဘီးသည် အကြိုက်ဆုံး စီးနင်း ဖွယ်ရာယာဉ်ဖြစ်သကဲ့သို့ စင်္ကာပူမြို့သည် စီးနင်းသူများ ပင်လယ်ရပ်ခြားတွင် အကြိုက်ဆုံးမြို့ဖြစ်လာ ကြောင်း သိရသည်။ ထို့အပြင်၊ ကွမ်ကျိုးမြို့သူမြို့သားများသည် စက်ဘီးစီးခြင်းဖြင့် ကယ်လိုရီ အများဆုံး လျော့နည်းကြသည်။ ရှန်ဟိုင်းမြို့တွင် နိုင်ငံအသီးသီးမှစီးသူ အများဆုံးရှိသည်။ ကူမင်းမြို့တွင်မူ စီးနင်းသူများသည် စက်ဘီးဖြင့် ကန်ဘေးနား ဇင်ယော်ကို သွားရောက်ကြည့်ရှုသည်ကို နှစ်သက်ကြသည်။