တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်အပြီး ကူမင်းမြို့သည် အလုပ်အကိုင်ခေါ်ဆိုမှုများဖြင့် စည်ကားသောအချိန်အခါဖြစ်

2018-02-26 17:39:05 |သတင်းအရင်းအမြစ် 云南日报

တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ပြီးဆုံးနောက်၊ ကူမင်းမြို့သည် အလုပ်အကိုင်ခေါ်ဆိုမှုများဖြင့် စည်ကားရှုပ်ထွေးသည့်အချိန်ကာလသို့ ရောက်ရှိလာပြီဟု သတင်းအရသိရပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကုမ္ပဏီနှင့် လုပ်ငန်းရှင်(၄၀၀)ကျော်သည် အလုပ်ခေါ်ရန် ကူမင်းမြို့ နန်ပါ့လူစွမ်းအားအရင်းအမြစ်ဈေးကွက်သို့သွားခဲ့ပြီး အဆိုပါဈေးကွက်တွင် အလုပ်ရှာနေသူများဖြင့် စည်ကားရှုပ်ထွေးနေသည်။ စားသောက်ကုန်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ အရောင်းဝန်ထမ်း၊ အမြန်ချော ပို့ဆောင်ရေး စသည့်လုပ်ငန်းနယ်ပယ်အသီးသီးတွင် အလုပ်ခေါ်ဆိုခြင်းအများဆုံးဖြစ်ပါသည်။ မိတ်ဆက် ခြင်းအရသိရသည်မှာ--ယခုနှစ် တရုတ်နှစ်သစ်ကူးနေ့သည် ယခင်ကထက်ပိုနောက်ကျသောကြောင့် အလုပ်သမားတို့သည် မြို့ပြပြန်ချိန်လည်း အနည်းငယ်နောက်ကျသည်။ တရုတ်သက္ကရာဇ် ပထမလ (၁၀)ရက်မှ(၁၅)ရက်အထိ ( ခရစ်သက္ကရာဇ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ) သည် အလုပ်ခေါ်ခြင်း၊ အလုပ်ရှာခြင်း အများဆုံးအချိန်ကာလဖြစ်ပြီး ပျမ်းမျှအားဖြင့် နေ့စဉ်လူဦးရေ (၅၀၀၀) မှ(၆၀၀၀)သို့ ရောက်ရှိနိုင်သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006