China Eastern Yunnan Airlines မှလေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲမည်

2018-03-05 18:52:50 |သတင်းအရင်းအမြစ် 云桥网

ယခုနှစ်အတွင်း လေကြောင်းခရီးစဉ်သစ် (၁၁)ကြောင်း တိုးချဲ့ပြေးဆွဲ မည်ဖြစ်ရာ ၎င်းတို့အနက် တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်သစ်(၉)ခုတွင် လေယာဉ် ပျံအသစ်များဖြင့် ပျံသန်းမည်ဖြစ်ကြောင်း မတ်လ(၂)ရက်နေ့က China Eastern Yunnan Airlines မှ ထုတ်ပြန်သောသတင်းအရ သိရသည်။

ယခုအသစ်တိုးချဲ့ ပြေးဆွဲမည့်လေကြောင်းခရီးစဉ်များသည် အသွား- အပြန်ခရီးစဉ်ဖြစ်ပြီး ခန့်မှန်းစတင်ပြေးဆွဲမည့်နေ့မှာ ၂၀၁၈ ခုနှစ် မတ်လ (၂၅) ရက်နေ့ဖြစ်သည်။ ၎င်းအနက် ခရီးစဉ်အချို့သည် China Eastern Yunnan Airlines မှ လေကြောင်းလိုင်းတစ်ခုတည်းဖြင့်သာ ပြေးဆွဲမည်ဖြစ်သည်။ အ သစ်တိုးချဲ့ ပြေးဆွဲမည့်လေကြောင်းခရီးစဉ်များမှာ ကူမင်း-ရှန်ဟိုင်းဖူတုန်၊ ပေါင်စန်-ချိန်ဒူ(လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း-နန် နင်း၊ နန်နင်း-ဖနွမ်ပင်(လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း -ထုံယိမ်-ရှန်ဟိုင်းဖူတုန်(လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း-လျူဖန်ရွှေ-ရှန်ဟိုင်းဖူတုန်(လေကြောင်းလိုင်းတစ်ခုတည်းဖြင့်ပြေးဆွဲ ခြင်း)၊ ကူမင်း-ရှင် ယီ-ရှန်ဟိုင်းဖူတုန်(လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း-ဝိန်ကျူး၊ တာ့လီ-ရှီအန်(လေကြောင်းလိုင်းတစ်ခု တည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း-ဟူဟိုဟောင်ထနှင့် လီကျန်း-ချူံချင့်-ယန် ထန်(လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)စသည်တို့ဖြစ်သည်။

China Eastern Yunnan Airlines သည် အသွား-အပြန်လေေ ကြာင်းခရီးစဉ်သစ် အချို့တွင် လေယာဉ်ပျံအသစ်များကို အသုံးပြုပြီး ပေကျင်း-ကူမင်း-ဒက္ကား (လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း-ရှန်ဟိုင်းဖူတုန်၊ ကူမင်း- စစ်ဆောင်ပန်းနား၊ ကူမင်း-လီကျန်း၊ ကူမင်း-ကိုလံဘို-မာလီ(လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း-မာလီ(လေကြောင်းလိုင်းတစ်ခုတည်းဖြင့် ပြေးဆွဲခြင်း)၊ ကူမင်း-ရှီအန်- စင်ရန်း၊ ကူမင်း-ငေ့အလ်ဒူစီ-ဟာလ်ပင်း၊ ကူမင်း-လောရန်-တာ့လျန်စသည့် လေကြောင်းခရီးစဉ်များဖြစ်သည်။ အဆိုပါခရီးစဉ်များအနက် ပေကျင်း- ကူမင်း-ဒက္ကားလေကြောင်းခရီးစဉ်တွင် A330-200 လေယာဉ်ပျံအသစ်ဖြင့် မတ်လ(၁)ရက်နေ့က တိုးချဲ့ပြေးဆွဲသည့်အပြင် အခြားလေကြောင်းခရီးစဉ် များတွင် B737-8 လေယာဉ်ပျံအသစ်များဖြင့် မတ်လ(၂၅)ရက်နေ့မှစပြီး တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

(Yunnan Gateway ဝက်ဘ်ဆိုက်မှ သတင်းထောက် လီဟိန်ချန်၊ ပုံ-ရန်ကျိန်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006