၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် ပါဝင်တက်ရောက်သော ယူနန်ကိုယ်စား လှယ်အဖွဲ့သည် တရုတ်ပြည်သူ့ခန်းမဆောင်ရှိ ယူနန်အခန်းတွင် မျက်နှာစုံညီအစည်းအဝေးကို မတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းအဖွဲ့ဝင် လီကျန်ရှူက ပါဝင်တက်ရောက်ပြီး ပြည်သူ့တရားလွှတ်တော်ချုပ်နှင့်နိုင်ငံတော်ရှေ့နေချုပ်ရုံး၏ လုပ်ငန်းအစီရင်ခံစာကို စစ်ဆေးဆွေးနွေးကြောင်း သိရသည်။
ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို နားထောင်ပြီးနောက် ပြည်သူ့တရားလွှတ်တော်ချုပ်နှင့်နိုင်ငံတော်ရှေ့နေချုပ်ရုံး၏ လုပ်ငန်းအစီရင်ခံစာအပေါ် သဘောတူညီကြောင်း လီကျန်ရှူက ပြောကြားပါသည်။ ယူနန်ပြည်နယ်အနေနှင့် ယူနန်လုပ်ဆောင်ချက်အပေါ် သမ္မတ ရှီကျင့်ဖိန်၏ အရေးပါ သော ညွှန်ကြားချက်များ ဘက်စုံနက်ရှိုင်းစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ရောင်စုံယူနန်ကို ပို၍ သာယာချမ်းမြေ့အောင် တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုစည်လုံးညီညွတ်ရေးစံပြဒေသ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ရှေ့တန်း ရပ်တည်ရာနေရာနှင့် တောင်အာရှနှင့်အရှေ့တောင်အာရှသို့ မျက်နှာပြု အကျယ်အပြန့် အကျိုးပြုစင်တာအဖြစ် ကြိုးပမ်းအားထုတ် တည်ဆောက် သွားမည်ကြောင်း လီကျန်ရှူက ဆက်လက်ပြောကြားလိုက်ပါသည်။(ယူနန်နေ့စဉ်သတင်းစာ)