ကူမင်းတွင် ဘတ်စ်ကားခကို မိုဘိုင်ဖုန်းဖြင့် QR code ဖတ်ပြီး ပေးစီးနိုင်ပြီ

2018-04-17 18:27:18 |သတင်းအရင်းအမြစ် 云南日报

ကူမင်းမြို့သူမြို့သားများသည် ဘတ်စ်ကားစီးရာတွင် အကြွေမရှိခြင်း၊ ဘတ်စ်ကားကတ် မေ့ကျန်ခြင်း စသည်တို့ကို စိတ်ပူရန်မလိုတော့ဘဲ ကူမင်းဘတ်စ်ကားကုမ္ပဏီနှင့် China UnionPay တို့ ပူးပေါင်းဆောင်ရွက်သော ကားခ QR code ဖတ်ပြီး ဘတ်စ်ကားစီးနိုင်ခြင်းကို ဧပြီလ(၁၆)ရက်နေ့မှစ၍ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယူနန်နေ့စဉ်သတင်းစာမှသတင်းအရ သိရပါသည်။

ကူမင်းမြို့သူမြို့သားများသည် စမတ်မိုဘိုင်ဖုန်းတွင် "Chuncheng e Lu tong" APP ကို download ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ China UnionPay ဘဏ်ကတ်(၆၂)ဖြင့် စသော credit card) ကို တိုက်ရိုက်ချိတ်ဆက်ထားပြီး ဘတ်စ်ကားစီးရာတွင် APP ကို ဖွင့်ကာ password မလိုဘဲ ကားခ QR code ဖတ်ပြီး လျင်မြန်လွယ်ကူသော ဘတ်စ်ကားဝန်ဆောင်မှုကို ရရှိနိုင်ပါသည်။ ယခုလက်ရှိတွင် ကူမင်းရှိဘတ်စ်ကားလမ်းကြောင်း(၄၀)လိုင်းတစ်လျှောက် ပြေးဆွဲသော ဘတ်စ်ကား(၁၀၀၀)ကျော်တွင် ၎င်းဝန်ဆောင်မှုကို ရရှိနိုင်ပြီဖြစ်ရာ ကူမင်းဘတ်စ်ကားအရေအတွက်၏ ၃၀% ကိုလွှမ်းခြုံနိုင်ပြီဖြစ်ပြီး အနာဂတ်တွင် ဘတ်စ်ကားအားလုံးတွင် ၎င်းဝန်ဆောင်မှုကို ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006