လာမည့်အပတ်တွင် ကူမင်းမြို့၌ ကျင်းပမည့် (၅)ကြိမ်မြောက်တရုတ်- တောင်အာရှကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက် ကူမင်းပို့ကုန်သွင်းကုန်ကုန်စည်ပြပွဲ(အောက်တွင် တောင်အာရှကုန်စည်ပြပွဲဟု အတိုချုံးခေါ်ဝေါ်ထားသည်) တွင် ယူနန်သည် အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင် စားသောက်ကုန်နှင့် အစိမ်းရောင်နေထိုင်မှု စသည့်လုပ်ငန်းကို ဦးဆောင်စီမံကိန်းအဖြစ်၊ ပြည်နယ်အဆင့်စီမံကိန်း(၉၅)ခုကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်ဆီသို့ မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါစီမံကိန်းများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေသည် တရုတ်ယွမ်ငွေ (၁၅၄.၄၉၃)ဘီလီယံ ရှိသည်။ ၎င်းအနက်၊ အလေးထားစီစဉ်ထားသည့်လုပ်ငန်း(၅၃)ခုရင်းနှီးငွေမှာ (၁၀၈.၅)ဘီလီယံရှိပြီး အဓိက ထုတ်ကုန်နှင့်ပူးတွဲထုတ်ကုန်စသည့် အလုံးစုံထုတ်လုပ်သော၊ ခေတ်မှီသည့်စီမံအုတ်ချုပ်ခွင့်ကျင့်သုံး သောနှင့် လုပ်ငန်းနယ်ပယ်တစ်ခုလုံး တစ်နေရာတွင် အလေးထား စုဝေးသောရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း စီမံကိန်းဖြစ်သည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway။