တရုတ်၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (၄)နိုင်ငံနယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် ကူးစက်ရောဂါ ပူးတွဲကာကွယ်ရေးအစည်းအဝေး ကူမင်းမြို့တွင် ကျင်းပ

2018-09-14 18:17:06 |သတင်းအရင်းအမြစ် 云桥网

လန်ချမ်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက် တရုတ်၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (၄)နိုင်ငံနယ်စပ်ဒေသ နိုင်ငံ ဖြတ်ကျော် ကူးစက်ရောဂါ ပူးတွဲကာကွယ်ရေးအစည်းအဝေးကို ယခုရက်ပိုင်းတွင် ကူမင်းမြို့၌ ကျင်းပခဲ့ကာ 《ပူးပေါင်းဆောင်ရွက်မှုမူဘောင်မှတ်တမ်း》အား သဘောတူညီချက် ရရှိပါသည်။ အဆိုပါအစည်းအဝေးသည် လန်ချမ်း-မဲခေါင်မြစ်ဝှမ်းဒေသအတွင်း ကျန်းမာရေးနှင့်ဆေးကုသရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားပေးကြောင်း၊ တရုတ်၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (၄) နိုင်ငံနယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် ကူးစက်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်မှုစနစ်ကို ရှာဖွေညှိနှိုင်း ကြောင်း၊ ရောဂါစွဲကပ်ခြင်းနှင့်ကူးစက်နှုန်းအား လျှော့ချခြင်းကို နောက်ဆုံးပန်းတိုင်အဖြစ်ရည်ရွယ်ကာ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လန်ချမ်း-မဲခေါင်မြစ်ဝှမ်းဒေသသည် တစ်ကမ္ဘာလုံး၌ ကူးစက်ရောဂါစွဲကပ်နှုန်းအမြင့်ဆုံးဒေသထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တုပ်ကွေး၊ AIDS စသည့်ကဲ့သို့ ရောဂါကာကွယ်ရန် အလွန်ခက်ခဲနေပါကြောင်း၊ တရုတ်-အာဆီယံ လွတ်လပ်စွာ စီးပွားရေးဇုန်ကို ပြည့်စုံစွာတည်ဆောက်ပြီးစီးသည်နှင့်အညီ တရုတ် နှင့်လန်ချမ်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပိုမိုနက်ရှိုင်း တိုးများလာကြောင်း၊ လူသားတို့ နိုင်ငံဖြတ်ကျော်ခြင်း ပိုမိုများပြားလာခြင်းသည်လည်း ရောဂါကူးစက်နှုန်း ကို တိုးမြှင့်စေကြောင်း စသဖြင့် တရုတ်နိုင်ငံ နိုင်ငံတော်ကျန်းမာရေးကော်မတီ ရောဂါကာကွယ်ထိန်းချုပ် ရေးဌာန ဒုညွှန်ကြားရေးမှူး လေကျင့်လွန်မှ ပြောကြားသည်။

ယူနန်ပြည်နယ်သည် (၃)နှစ်ကြာအချိန်ယူကာ တရုတ်၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (၄)နိုင်ငံ နယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် ကူးစက်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်မှုစနစ်ကို ရှာဖွေတည်ထောင်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ(၄)နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ဝန်ထမ်းများ၏ အရည်အချင်းကို တိုးမြှင့်ခြင်းဖြင့် အဆိုပါနိုင်ငံများမှပြည်သူပြည်သားများ၏ ကျန်းမာရေးအရည်အသွေးကို တိုးမြှင့်စေ ခြင်းအတွက် ဆောင်ရွက်ထားကြောင်း၊ ကာကွယ်ထိန်းချုပ်မှုစနစ်မှတစ်ဆင့် ကျန်းမာရေးကုသခြင်း ဖောင်ဒေးရှင်းတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကို နက်ရှိုင်းစွာ ဆောင်ရွက်ခြင်းဖြင့် အများပြည်သူကျန်းမာရေးလုံခြုံမှုကာကွယ်ရေးစနစ်ကို တည်ဆောင်မည်ဖြစ် ကြောင်း၊ နိုင်ငံအသီးသီးအပြန်အလှန်ဖလှယ်လေ့လာပြီး ဆေးပညာရောစပ်ဖွံ့ဖြိုးစေရန်အတွက် တွန်းအားပေကြောင်း စသဖြင့် ယူနန်ပြည်နယ်ကျန်းမာရေးနှင့် ကလေးမွေးဖွားခြင်းရေးရာကော်မတီ ဒုတာဝန်ခံလုလင်မှ ပြောပြခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006