၁၉၈၅ ခုနှစ်တွင် ကျွန်မသည် ဒေါ်လာ(၃၀၀)သာယူပြီး ပဲရစ်သို့ ပညာသင် သွားရောက်ခဲ့သည်။ မသွား ခင်က ကျွန်မ၏ ဖေဖေနှင့်မေမေသည် “သူမက ကလေးတစ်ယောက်ပဲ။ ဒေါ်လာ(၃၀၀)ထဲနဲ့ ပဲရစ်သွား တာ ကျွန်တော် စိတ်မချနိုင်ဘူးလေ”ဟု ပြောကြားခဲ့သည်။ ထိုအချိန်ကာလတွင် တရုတ်လူမျိုးက အလွန် ဆင်းရဲပြီး ယခုခေတ် ပြည်ပပညာသင်သွားသကဲ့သို့ မိဘမှ ပိုက်ဆံ ထောက်ပံ့နိုင်သည့်အခြေအနေ မဟုတ်ပေ။
ပြင်သစ်စရောက်ချိန်က ကျွန်မသည် Toulon University တွင် စာသင်ယူရင်း တစ်ဖက်က အလုပ်လုပ် ခဲ့သည်မှာ (၂)လကြာခန့် ရှိခဲ့သည်။ Toulon University တွင် ပေကျင်းမှကျောင်းသူတစ်ယောက် ရောက်ရှိသည့်သတင်း ကြားသိပြီးနောက် မီဒီယာသတင်းထောက်များက အံ့သြဖွယ်ဖြင့် ကျွန်မကို အင်တာဗျူး လာလုပ်ကြသည်။ သတင်းစာထွက်ရှိချိန်တွင် ကျွန်မသည် ဝါကျတစ်ကြောင်း သတိပြုမိခဲ့ သည်။ သူတို့မှ “လန်ပေါ (ဆောင်းပါးရှင်၏အမည်) သည် လွတ်မြောက်လာသော မိန်းကလေးတစ် ယောက်ဆိုနိုင်သည်”ဟု သတင်းစာတွင် ရေးသားခဲ့သည်။ ၎င်းအကြောင်းအရာမှတစ်ဆင့် တရုတ်က ဒီမိုကရေစီမရှိ၊ လွတ်လပ်ရေးမရှိဟု လူများစွာ ထင်မြင်နေကြသည်ကို ကျွန်မ သိရှိလာသည်။ လူများစွာသည် တရုတ်အပေါ် တစ်ဖက်သတ် တစ်ယူသန် အမြင်ရှိကြသည်လည်း ပါဝင်သည်။
ထိုအချိန်တွင် ပြင်သစ်သို့ သွားရောက်လေ့လာသော တရုတ်လူမျိုးလည်း ရှားပါးပြီး ရံဖန်ရံခါလာရောက် လည်ပတ်သူတို့က တူညီသောအင်္ကျီ၊ တူညီသောလွယ်အိတ် ၀တ်ဆင်ကြသည်။ ထိုအချိန်က Louvre နန်းတော်တွင် တရုတ်အင်ဂျင်နီယာပညာရှင် Leoh Ming Pei ဒီဇိုင်းဆွဲသော ပိရမစ်အဆောက်အအုံကို တည်ဆောက်နေသည်။ ပဲရစ်သူပဲရစ်သားများသည် ထိုအဆောက်အအုံအတွက် မယုံသင်္ကာဖြစ်ခဲ့ပြီး တီဗွီမှတစ်ဆင့် အဆိုပါအကြောင်းအရာ ဆွေးနွေးမှုကို လွှင့်ခဲ့သည်။
နောင်တွင် ကျွန်မက ရောမမြို့တွင် အခြေစိုက်နေထိုင်ခဲ့ပြီး ထိုနေရာတွင် နေထိုင်သော တရုတ်မျိုးနွယ် များနှင့် ချိတ်ဆက်သည်။ ထိုအချိန်တွင် အနောက်နိုင်ငံများသည် တရုတ်မည်ကဲ့သို့ဖွံ့ဖြိုးမည်ဆိုသည့် အသိအမြင်သာ ရှိနိုင်ပြီး တရုတ်က အမှန်တကယ် ကြီးထွားတိုးတက်လာနိုင်မည်ကို ယုံကြည်သူ အလွန် ရှားသည်။ လူများစွာသည် ပင်လယ်ရပ်ခြားရောက် တရုတ်မျိုးနွယ်ကို အထင်သေးသည်။ တရုတ်ဈေး ချိုပစ္စည်းကိုလည်း ဝိုင်းပယ်ခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ကျွန်မက “ကမ္ဘာ့-တရုတ်”မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး ၂၀၀၆ ခုနှစ်မှစ၍ အီတလီနှင့် တရုတ် ဘာသာနှစ်မျိုးဖြင့် တရုတ်အကြောင်းကို အီတလီ နိုင်ငံသားများထံ မိတ်ဆက်ပေးသည်။
ယခုအချိန်ထိတိုင် “ကမ္ဘာ့-တရုတ်”မဂ္ဂဇင်းထုတ်ဝေဖြန့်ချိခြင်းမှာ (၁၈) နှစ်တိုင်တိုင်ရှိပြီဖြစ်ကာ ၎င်းအချိန် ကာလတွင် အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရသည်။ သို့ရာတွင် အမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အညီ တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် နေရာရလာပြီး အလျင်အမြန် တိုးတက်လာသည်။ ထို့ ကြောင့် ကျွန်မတို့၏ မဂ္ဂဇင်းလည်း အချိန်ပိုလေ ပရိသတ်အလေးထားလေလေ ဖြစ်လာသည်။
တရုတ်တံခါးဖွင့်မူဝါဒကျင့်သုံးသည့်အစပိုင်းတွင် ကျွန်မက တက္ကသိုလ် တက်နေပြီး ဘွဲ့ရပြီးနောက် တရုတ်တံခါးဖွင့်မူဝါဒသည် ပိုမိုကျယ်ပြန့်စွာ ကျင့်သုံးခဲ့သောကြောင့် ပြင်ပသို့ ပညာလေ့လာနိုင်ကြသည်။ နိုင်ငံခြားတွင် နေထိုင်သော (၃၄)နှစ်အတွင်းတွင် ကျွန်မက အဝေးမှ အမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ခံစားသိမြင်နိုင်ပြီး အနောက်နိုင်ငံသားများ၏ တရုတ်အပေါ်ထင်မြင်ချက်များသည်လည်း တဖြည်းဖြည်း ပြောင်းလဲလာသည်ကို လက်တွေ့ခံစားခဲ့ရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့က သမ္မတရှီကျင့်ဖျင်သည် ပြုပြင် ပြောင်းလဲရေးနှင့်တံခါးဖွင့်မူဝါဒ ကျင့်သုံးခြင်း နှစ်(၄၀)ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်းပြောကြားချက်များ အား ကျွန်မနားထောင်ရာ အလွန်စိတ်လှုပ်ရှားစေပါသည်။ တရုတ်လူမျိုးသည် ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ခြင်းစိတ်ဓာတ်ဖြင့် နှစ်(၄၀)အတွင်း အံ့သြဖွယ် အောင်မြင်မှု ရရှိခဲ့သည်။
အနာဂတ်တွင် တရုတ်နိုင်ငံက အောင်မြင်မှု ဆက်လက်ဖန်တီးဆောင်ရွက်ပြီး ကမ္ဘာ့အတွက် အကျိုး ဆက်လက်ထမ်းဆောင်နိုင်မည်ဟုလည်း ကျွန်မ မမှိတ်မသုန် ယုံကြည်ပါသည်။
ဆောင်းပါးရှင်သည် အီတလီ“ကမ္ဘာ့-တရုတ်”မဂ္ဂဇင်းတိုက် ဥက္ကဋ္ဌ ဖြစ်သည်။
သတင်းအရင်းအမြစ်၊ ပြည်သူ့နေ့စဉ်သတင်းစာ ပြည်ပကော်လံမှ ကောက်နုတ်တင်ပြထားသည်။
ဘာသာပြန်၊ Yunnan Gateway