အိမ်သစ်သို့ ပျော်ပျော်ရွှင်ရွှင် ရွှေ့ပြောင်း

2019-02-13 17:03:32 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် လူရွှင်မြို့ ဗောင်သိန်းကျေးရွာမှ ရွာသားစန်းကျိုရိသည် သူ့မိသားစုနှင့် အတူ အိမ်သစ်သို့ ရွှေပြောင်းနေထိုင်ခဲ့သည်။ အိမ်သစ်ရှိ အိပ်ခန်းများ၊ မီးဖိုခန်း၊ ဧည့်ခန်း၊ သန့်စင်ခန်း၊ ဝရန်တာ စသည်တို့ကို စန်းကျိုရိနှင့်သားသမီးတို့သည် အတူတကွကြည့်ရင်း မည်ကဲ့သို့ အခန်း အလှဆင်ရမည်ကို တက်ကြွစွာ ဆွေးနွေးခဲ့ကြသည်။

“အရင်က ကျွန်တော်တို့ မိဘနဲ့အတူ ဗောင်သိန်းရွာထဲမှာနေတယ်။ အိမ်က ၀ါး၊ သက်ကယ်နဲ့ ဆောက်ထားတာဖြစ်တယ်။ တော်တော်လေးညံ့ပါတယ်။ သားသမီး(၄)ယောက် စာသင်နေချိန် ကျွန်တော်နဲ့ဇနီးက အပြင်ကိုအလုပ်သွားလုပ်တယ်။ အခန်းကျပ်လို့ ကလေးတွေ ကျောင်းကပြန်လာရင် ဆွေမျိုးရဲ့အိမ်မှာ သွားနေရတယ်။ စီးပွားရေးကျပ်တည်းလို့ အိမ်သစ်ဆောက်ဖို့ ဆန္ဒရှိပေမဲ့လည်း မ ဆောက်နိုင်ဘူး။ အခုဆိုရင် မိသားစုက ပျော်ပျော်ရွှင်ရွှင် အတူတူနေနိုင်ပါပြီ။ အရမ်းပျော်ပါတယ်”ဟု စန်းကျိုရိမှ ပြောကြားသည်။

ယခုရက်ပိုင်းတွင် လူရွှင်မြို့သည် ပင်ကျော်၊ ကိုသိမ်း စသည့်ကျေးရွာအုပ်စုမှ ရွာသူရွာသား(၂၇၀၀) ယောက်အား မိုးလေမလုံသော တဲအိမ်မှ မြေအခြေအနေညီညာဖြောင့်ဖြူးသော ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နေရာချထားခြင်းစခန်းဖြစ်သည့် “ပန်းရွက်နေအိမ်”သို့ ရွှေ့ပြောင်းပေးခဲ့သည်။

ထို့ပြင် ရွှေ့ပြောင်းသူများ၏သားသမီးများ ပညာရေး အဆင်ပြေစေရန် မူလတန်းကျောင်းနှင့် အလယ် တန်းကျောင်းကို တိုးချဲ့တည်ဆောက်ပေးထားသည်။ မတ်လပိုင်းတွင် ရွှေ့ပြောင်းသူများ၏ ကလေး တို့သည် အိမ်နှင့်မဝေးသောကျောင်းတွင် စာသင်နိုင်မည်ဖြစ်သည်။

“နေအိမ်ရွှေ့ပြောင်းတာကလည်း အလုပ်တစ်ခုပဲဖြစ်တယ်။ ရွာသူရွာသားက အမှန်တကယ် ဆင်းရဲ နွမ်းပါးမှုမှ ကင်းလွတ်စေဖို့ အခြားအလုပ်လည်း စီစဉ်ထားရတယ်။ လူရွှင်မြို့အစိုးရက ရွှေ့ပြောင်းသူ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးတယ်။ အိမ်တစ်အိမ် လူတစ်ယောက် အလုပ်ရ နိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးတယ်။ ဒါ့အပြင် ရွာသူရွာသားတွေအတွက် မွမ်းမံ သင်တန်းလုပ်ပေးတယ်။ နောက်ပြီး ရွှေ့ပြောင်းသူ(၈၀၀)အတွက် အလုပ်ရှာပေးတဲ့ကုမ္ပဏီကို ဒီမှာလာရင်းနှီးမြုပ်နှံဖို့ ကြိုးစားပေးတယ်”ဟု “ပန်းရွက်နေအိမ်”မှသက်ဆိုင်ရာတာဝန်ရှိသူတစ် ယောက်မှ ပြောကြားခဲ့သည်။
(Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006