ယူနန်သွင်းကုန်ဈေးကွက်စစ်တမ်း(၂)၊ ပုံသဏ္ဌာန်ချစ်ဖွယ်ရာကောင်းပြီး ချိုလည်းချိုသော ထိုင်းနိုင်ငံနာနတ်သီးလေး

2019-02-15 17:45:20 |သတင်းအရင်းအမြစ် 云桥网

အခွံနွှာထားသည့် သေးငယ်သော ထိုင်းနိုင်ငံနာနတ်သီးလေးသည် ဝိုင်းဝိုင်းလေးဖြစ်ပြီး ခေါင်းပေါ်တွင် မြစိမ်းရောင် “မြက်ဦးထုပ်”ဆောင်းထားသည့် ချစ်ဖွယ်ရာကောင်းပုံကြောင့် ကူမင်းမြို့စားသုံးသူများအား ဆွဲဆောင်နေသည်။ ယခုရက်ပိုင်းကာလတွင် ထိုင်းနာနတ်သီးလေးသည် ကူမင်းမြို့ ကြွမ့်ရှင်းဟင်းသီးဟင်းရွက်ဈေးကွက်တွင် ရေပန်းစားလာလျက်ရှိသည်။

“ကျွန်မရဲ့ကလေးက ထိုင်းနာနတ်သီးကလေးကို တော်တော်ကြိုက်တယ်။ ဒီနာနတ်သီးကလေးက ချိုလည်းချို၊ ကိုယ်တိုင်အခွံနွှာစရာလည်း မလိုအပ်တော့ အရမ်းအဆင်ပြေပါတယ်”ဟု ဇန်နဝါရီလ (၁၃)ရက်နေ့က ကူမင်းမြို့သူမစ္စချင်သည် ကြွမ့်ရှင်းဈေးကွက်တွင် ထိုင်းနိုင်ငံနာနတ်သီးကလေး ရွေးချယ်ရင်း သတင်းထောက်အား ပြောကြားခဲ့သည်။

မစ္စတာဖူသည် ကြွမ့်ရှင်းဈေးကွက်တွင် အသီးရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သည်မှာ (၁၀)နှစ်ကျော် ရှိပြီဖြစ်သည်။ ယခုရက်ပိုင်းတွင် သူ့ဆိုင်တွင် နာနတ်သီးသာရောင်းနေသည်။ “ထိုင်းနာနတ်သီးကလေးကို တစ်အိတ်ခြင်း ရောင်းတယ်။ တစ်အိတ်ကို (၁)ကီလို ဂရမ်လေးပြီး (၅)လုံးက (၁၀)လုံးလောက်ထိပါတယ်။ တစ်အိတ်ကို တရုတ်ယွမ်(၃၀)ပဲ။ ဈေးလည်းချို စားလို့လည်းကောင်းတယ်”ဟု သူက ပြောကြားခဲ့သည်။ မစ္စတာဖူ၏ မိတ်ဆက်ခြင်းအရ ယခုလပိုင်းတွင် ထိုင်းနိုင်ငံနာနတ်သီးလေးများ ကူမင်းဈေးကွက်သို့ ဝင်ရောက်သည့်အချိန်ကောင်း ဖြစ်သည်။ သူသည် ကူမင်းမြို့ ရွှေမြင်းကျင့်ချမ်းအသီး လက်ကားရောင်းဈေးမှ ထိုင်းနိုင်ငံနာနတ်သီး လက်ကားဝယ်လာပြီး နေ့ချင်းမှာယူ နေ့ချင်းရောင်းကုန်နေသည်။

ဈေးကွက်သို့ရောက်ရန် (၂)ရက်သာလိုအပ်

နာနတ်သီးကလေးများ၏ နိုင်ငံဖြတ်ကျော်ခရီးစဉ်ကို လေ့လာစေရန် ကျွန်မတို့၏သတင်းထောက် သည် မစ္စတာဖူပြောပြခဲ့သော ရွှေမြင်းကျင့်ချမ်းဈေးကွက်သို့ သွားရောက်လေ့လာခဲ့သည်။ တရုတ် နှစ်သစ်နွေဦးပွဲတော်ဈေးရောင်းကောင်းချိန်ကျော်သွားသည်မှာ မကြာသေးသော်လည်း ရွှေမြင်းဈေးကွက်တွင် စည်ကားနေသေးသည်။ “နေ့စဉ်နံနက်ပိုင်း(၇)နာရီက (၉)နာရီအထိက ရွှေမြင်းကျင့်ချမ်းရဲ့ အစည်ကားဆုံးအချိန် ဖြစ်တယ်။ ကူမင်းမြို့တွင်းနဲ့ အနီးပတ်ဝန်းကျင်က လက်ကားကုန်သည်တွေက ဒီမှာ လာဆုံကြတယ်၊ အသီးရွေးရတာများတယ်”ဟု ကုန်သည်တစ်ဦးမှ သတင်းထောက်အား မိတ်ဆက် ပေးသည်။

ထိုက်ရှန်အမည်ရှိအသီးဆိုင်သို့ ဝင်ရောက်ရာ ဆိုင်ရှင်က ထိုင်းနိုင်ငံမှအသီးကို အလေးချိန်ချိန်နေပုံကို တွေ့ရသည်။ “ထိုင်းနာနတ်သီးကလေးက ဒီနေ့မနက်စောစောစီးစီးမှာပဲ လက်ကား အကုန်ရောင်းပြီး သွားပြီ။ ဒီလပိုင်းက ရောင်းကောင်းချိန်ဖြစ်ပါတယ်”ဟု ဆိုင်ရှင် ချင်ယွင်ကျိုးမှ ပြောကြားသည်။

“နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလက နောက်နှစ်ဧပြီလကာလဟာ ထိုင်းနာနတ်သီးရောင်းကောင်းချိန်ဖြစ် တယ်။ ဒီနာနတ်သီးမျိုးရဲ့ အဓိကထွက်ပေါက်နေရာက ထိုင်းနိုင်ငံ Chiang Rai ပြည်နယ်နဲ့ Phuket, Ko ကျွန်းဖြစ်တယ်။ နာနတ်သီးစိုက်ပျိုးသူတွေက ဆွတ်ခူးပြီးနောက် အခွံနွှာထားတယ်။ အသီးအေဂျင်စီက အခွံနွှာထားတဲ့ နာနတ်သီးတွေကို ဝယ်ပြီး အထုပ်ထုပ်ခြင်း၊ အအေးခန်းဖြင့် သိုလှောင်ခြင်း ဆောင်ရွက်တယ်။ ပြီးနောက် တရုတ်စစ်ဆောင်ပန်းနားကတစ်ဆင့် တရုတ်စားသုံးသူအိမ်တွေကို ရောက်လာတယ်။ ဒီနေ့ဆွတ်ခူး ဒုတိယရက်မှာ တရုတ်ရောက်တယ်”ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

အွန်လိုင်းကော်မရှယ်နှင့် ဆိုင်ခင်းရောင်းချခြင်း ပူးတွဲဆောင်ရွက်ခြင်းကြောင့် နိုင်ငံဖြတ်ကျော်အသီး ရောင်းဝယ်ရေး ပိုမိုအဆင်ပြေ

ထိုက်ရှန်အသီးဆိုင်တွင် သတင်းထောက်တို့သည် ထိုင်းနိုင်ငံ၏ ပိန္နဲသီး၊ ဒူးရင်း၊ Mangosteen နှင့် ကျွဲကော စသည့်အသီးများကို တွေ့ခဲ့သည်။ “လက်ကားဝယ်ယူခြင်းနဲ့ ရောင်းချခြင်း အားလုံး အဆင်ပြေစေဖို့၊ အသီးလတ်လတ်ဆတ်ဆတ်ရှိစေဖို့ ကျွန်တော်တို့ဆိုင်ကလည်း အွန်လိုင်းအရောင်း ဆောင်ရွက်တယ်။ JD၊ Tmall ၊ Pinduoduo စတဲ့ အွန်လိုင်းရှော့ပင်းကွန်ယက်မှာ ကျွန်မတို့အသီးတွေကို တင်ပြရောင်းချနေတယ်”ဟု ချင်ယွင်ကျိုးမှ ပြောကြားသည်။

ယူနန်ခိုင်လုံစီပွားကုန်သွယ်ရေးကုမ္ပဏီလီမိတက်သည် ထိုင်းနိုင်ငံအသီးလက်ကားကုမ္ပဏီတစ်ခု ဖြစ်သည်။ ၎င်းကုမ္ပဏီ၏တာဝန်ရှိသူ လီချီသည် ထိုင်းနိုင်ငံအသီးရောင်းဝယ်ရေး ဆောင်ရွက်နေသည်မှာ နှစ်(၂၀)ကျော်ပြီဖြစ်သည်။ သူသည် သူ့မိမိခံစားချက်များအား သတင်းထောက်ထံ ပြောကြားသည်မှာ--“အခု အသီးတင်သွင်းခြင်းက အဆင်ပြေလာတယ်။ ကုန်းလမ်းနဲ့သယ်ယူပေမဲ့ လမ်းကြောင်းအခြေအနေ ကောင်းတယ်၊ အကောက်ခွန်ဖြတ်ကျော်ခြင်း၊ သွင်းကုန်စစ်ဆေးခြင်းလည်း အဆင်ပြေတယ်။ ဒါ့အပြင် အွန်လိုင်းရောင်းဝယ်ရေးကြောင့် စားသုံးသူနဲ့ရောင်းချသူတွေအကြား အပြန်အလှန်ဆက်သွယ်ဖို့ ပိုမိုအဆင်ပြေတယ်၊ အလုပ်တွင်ကျယ်မှုလည်းတိုးလာတယ်။”
(Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006