တရုတ်-မြန်မာဆက်ဆံရေးမှတ်တမ်း

2019-02-18 18:36:11 |သတင်းအရင်းအမြစ် 云桥网

၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ

၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင်းသည် တရုတ်နိုင်ငံအတွင်းသို့ ဓာတ်ငွေ့စတင်ပို့ပေးသည်။

တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်းကြောင်းကို တွေ့နေစဉ်။

၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ် တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကူမင်းမြို့တွင် ကျင်းပခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် တရုတ်ယူနန်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်ကို နေပြည်တော်မြို့တွင် ကျင်းပခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် တတိယအကြိမ် တရုတ်ယူနန်-မြန်မာပူးပေါင်း ဆောင်ရွက်မှုဖိုရမ်ကို ကူမင်းမြို့တွင် ကျင်းပခဲ့သည်။

၂၀၁၆ ခုနှစ်

သြဂုတ်လတွင် ပထမအကြိမ် တရုတ်-မြန်မာခရီးသွားလာရေးလ အစီအစဉ်ကို စတင် ကျင်းပခဲ့သည်။

ဒီဇင်ဘာလတွင် ပထမဦးဆုံး တရုတ်-မြန်မာ နိုင်ငံဖြတ်ကျော်အီးကော်မာရှယ် စက်မှု ဇုန်ကို ယူနန်ပြည်နယ်ရွှေလီမြို့တွင် စတင်တည်ဆောက်ခဲ့သည်။

ဒီဇင်ဘာလ(၁၅)မှ (၁၆)ရက်နေ့ထိ တရုတ်-မြန်မာနယ်စပ်ပြည်သူပြည်သားဖျော်ဖြေပွဲ နှစ်(၆၀)ပြည့်အထိမ်းအမှတ်အစီအစဉ်ကို ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပခဲ့သည်။

၂၀၁၇ ခုနှစ်

ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်နှင့် မြန်မာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့သည် တရုတ်-မြန်မာလယ်ယာစိုက်ပျိုးရေး သုတေသန အကယ်ဒမီကို အတူတကွ တည်ထောင်ရန် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

မတ်လ(၁)ရက်မှ (၂)ရက်နေ့ထိ ပထမအကြိမ် တရုတ်-မြန်မာခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး “တရုတ်-မြန်မာ ခရီး သွားလာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နေပြည်တော်အဆိုပြုချက်”ကို အတူတကွ ကြေညာခဲ့သည်။

မေလ(၁၀)ရက်နေ့တွင် ပထမအကြိမ် တရုတ်-မြန်မာ Think Tank အဆင့်မြင့်ဖိုရမ်ကို မန်စီမြို့တွင် ကျင်းပခဲ့သည်။

   

ပထမဦးဆုံးအကြိမ် တရုတ်-မြန်မာ Think Tank အဆင့်မြင့်ဖိုရမ် ကျင်းပနေစဉ်။ 

မေလ(၁၉)ရက်နေ့တွင် တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများ တရုတ်နိုင်ငံ သို့ စတင်ဝင်ရောက်ခဲ့သည်။

နိုဝင်ဘာ(၁၉)ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် မြန်မာ နိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ သတင်းထောက်များအား နေပြည်တော်တွင် တွေ့ဆုံစဉ် တရုတ်နိုင်ငံက “Y ပုံသဏ္ဌာန်”တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရန် အကြံပြုတင်ပြခြင်းကို အတူတကွ ကြေညာခဲ့သည်။
ဒီဇင်ဘာ(၁)ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ် သွယ်”အဆိုပြုချက်ကို အမှီပြုပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရန် နှစ်ဦး နှစ်ဖက် သဘောတူညီမှု ရရှိခဲ့သည်။

၂၀၁၈ ခုနှစ်

ဧပြီလ(၃)ရက်နေ့တွင် (၅)ကြိမ်မြောက် တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကူမင်းမြို့တွင် ကျင်းပခဲ့သည်။

ဧပြီလ(၂၅)ရက်နေ့တွင် တရုတ်-မြန်မာ တီထွင်ဆန်းသစ်မှုနှင့် အလုပ်စတင် တည်ထောင်မှုပြိုင်ပွဲကို မန်စီမြို့တွင် ကျင်းပခဲ့သည်။

မတ်လ(၉)ရက်နေ့တွင် ဒုတိယအကြိမ် တရုတ်-မြန်မာ Think Tank အဆင့်မြင့်ဖိုရမ် ကို မန်စီမြို့တွင် ကျင်းပခဲ့သည်။

စက်တင်ဘာ(၉)ရက်နေ့တွင် တရုတ်နှင့်မြန်မာ နှစ်ဦးနှစ်ဖက်သည် “တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့အစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအကြား တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ အတူတကွ တည်ဆောက်ရန် သဘောတူစာချွန်လွှာ”ကို လက်မှတ် ရေးထိုးခဲ့သည်။
စက်တင်ဘာ(၁၁)ရက်နေ့တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။

စက်တင်ဘာ(၁၃)ရက်နေ့တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဖိုရမ်ကို ကွမ်းရှီး ပြည်နယ် နန်နင်မြို့တွင် ကျင်းပခဲ့သည်။

အောက်တိုဘာ(၁၀)ရက်နေ့တွင် “‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်၊ ပေါက်ဖော်ချစ်ကြည်ရေး ’မွေးရာပါနှလုံးရောဂါစွဲကပ်သည့် ကလေးသူငယ်များ ကယ်ဆယ် ခြင်း”အစီအစဉ်တွင် အခမဲ့ဆေးကုသမှုခံယူမည့် ဒုတိယအသုတ် ကလေး (၁၀)ယောက် သည် ကူမင်းမြို့သို့ ရောက်ရှိခဲ့သည်။ ယခုအကြိမ်အစီအစဉ်သည် တရုတ်ပြည်တွင်းတွင် ပြုလုပ်သော ဒုတိယအကြိမ်၊ ယူနန်ပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ် အခမဲ့ ဆေးကုသ ပေးခြင်း ဖြစ်သည်။

အောက်တိုဘာ(၁၈)ရက်တွင် တရုတ်-မြန်မာလူငယ်များ ချစ်ကြည်ရေးတွေ့ဆုံပွဲကို မန်စီမြို့တွင် ကျင်းပခဲ့သည်။

အောက်တိုဘာ(၂၂)ရက်နေ့တွင် တရုတ်-မြန်မာ မူဆယ်-မန္တလေး မီးရထားလမ်း တည်ဆောက်ခြင်း ဖြစ်နိုင်ခြေစမ်းစစ်ခြင်းအစီအစဉ်ဆောင်ရွက်ရန် စာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

နိုဝင်ဘာ (၈) ရက်နေ့တွင် မြန်မာကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ တည်ဆောက်ရေးသဘောတူညီချက်ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

  

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ တည်ဆောက်ရေးသဘောတူညီချက် ကို လက်မှတ်ရေးထိုးနေစဉ်။

ဒီဇင်ဘာ(၁၀)ရက်နေ့တွင် ယူနန်ပြည်နယ် တာ့လီ-ရွှေလီရထားလမ်းတစ်ပိုင်းလုံး၏ အရေးကြီးသော ပရောဂျက်ဖြစ်သည့် နုမြစ်တံတားကြီး၏ သံမဏိထည်ဂုံးတံတားကို အဆင်ပြေစွာ ချိတ်ဆက်ပြီးဖြစ်ရာ တရုတ်-မြန်မာမီရထားလမ်းကြောင်း တည်ဆောက်ခြင်း တရုတ်ဖက်ပရောဂျက်၏ အောင်မြင်မှုရလဒ်ကြီးတစ်ခုရရှိသည်ဟု ပြောနိုင်သည်။

ဒီဇင်ဘာ(၁၈)ရက်နေ့တွင် တရုတ်-မြန်မာ ခရီးသွားလာရေးမြို့ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေပွဲကို ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့သည်။

၂၀၁၉ ခုနှစ်

ဇန်နဝါရီလ(၁၆)မှ (၂၀)ရက်နေ့ထိ တရုတ်-မြန်မာယဉ်ကျေးမှု သီတင်းပတ် အစီအစဉ် ကို မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

သတင်းအရင်းအမြစ်၊ Yunnan Gateway မှ စုဝေးသိမ်းဆည်းထားသည်။

ပုံ၊ Online photos.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006