တရုတ်-မြန်မာစီးပွားရေးစင်္ကြံသိကောင်းစရာများ

2019-02-19 18:56:27 |သတင်းအရင်းအမြစ် 云桥网

“ကမ္ဘာပေါ်တွင် ညီအစ်ကိုရင်းချာသည် သူများတွေထက် ချစ်ခင်ရင်းနှီးစွာဆက်ဆံ သည်။”ဟု ဆိုလိုသကဲ့သို့ တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူပြည်သားအကြားညီအစ်ကို ရင်းချာချစ်ခင်ရင်းနှီးမှု အား“ဆွေမျိုးပေါက်ဖော်”ဟုအထူးတလည် ရင်းနှီးစွာခေါ်ဝေါ်လျက်ရှိပါသည်။

အဆိုပါအခေါ်အဝေါ်သည်တရုတ်-မြန်မာနှစ်နိုင်ငံ၏ အချစ်ခင်ဆုံးအခေါ်အဝေါ်ဖြစ်ပါသည်။ မြန်မာ ဘာသာစကားတွင် တစ်အူတုံဆင်းမွေးချင်းပေါက်ဖော်ဟုအဓိပ္ပာယ်ရပါသည်။

မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအစောဆုံးထူထောင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပါသည်။ “ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးမှာ တရုတ်-မြန်မာပြည်သူပြည်သားများ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော ချစ်ကြည်ရင်းနှီးမှုဖြစ်သကဲ့သို့ ယဉ်ကျေးမှုများရောစပ်၍ရှိနေပါသည်။ ပြည်သူပြည်သားတို့ စိတ်ချင်းနီးစပ်စေသောရလဒ်လည်းဖြစ်ပါသည်။

ယခုကာလထိတိုင် ဤချစ်ကြည်ရေးသည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီးမြှင့်တင် လျက်ရှိနေပါသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံဆိုသည်မှာ မျှော်လင့်ချက်များစွာဆောင်ကြဉ်းသော ဝေါဟာရ ဖြစ်ကာတရုတ်-မြန်မာအတူတကွ ဖွံ့ဖြိုးတိုးတက်ရန်မျှော်လင့်ချက်ကို သယ်ဆောင်ထားပါ သည်။

အမှန်ကကယ်တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက “တရုတ်-မြန်မာစီးပွားရေးစင်္ကြံ”ကို အတူတည်ဆောက်ရန် တင်ပြခဲ့ပါသည်။ တစ်နှစ်ပင်မကြာမြင့်သောအချိန်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးအရှိန်အဟုန်မှာ လူများအားအံ့သြစေပါသည်။

သက်ဆိုင်ရာမှတ်တမ်းကိုဖတ်ရှုလေ့လာကြည့်ကြပါစို့။

“တရုတ်-မြန်မာစီးပွားရေးစင်္ကြံ”တည်ဆောက်ရေးမြှင့်တင်ရန် အရေးပါသောသော့ချက်များ

၂၀၁၇ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀မ်ရိက မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်လေ့လာခဲ့သည်။ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များအားနေပြည်တော်မြို့တွင် အတူတကွ တွေ့ဆုံရာ တွင် “ ‘Yပုံသဏ္ဌာန်’တရုတ်-မြန်မာစီးပွားရေးစင်္ကြံ”ကိုတည်ဆောက်ရန် အဆိုပြုကြောင်း ၀မ်ရိက ပြောကြားခဲ့ရာ မြန်မာဖက်ကဤအဆိုပြုချက်အပေါ် တက်ကြွစွာအားပေးခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတရှီကျင့်ဖိန်သည် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”အဆိုပြုချက်အောက်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ကို အတူတကွတည်ဆောက်ရန် သဘောတူညီချက်များ ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ကတရုတ်နိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲမှု ကော်မတီဥက္ကဋ္ဌဟိုလီဖုန်းနှင့်မြန်မာနိုင်ငံစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့သည် နှစ်နိုင်ငံအစိုးရကိုအသီးသီးကိုယ်စားပြုပြီး “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတူတည်ဆောက်ရေး နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုးခဲ့သည်။

စက်တင်ဘာလ(၁၁)ရက်နေ့ကတရုတ်နိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌနင်ကျီကျဲနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့သည် ပေကျင်းမြို့တွင် တရုတ်- မြန်မာစီးပွားရေးစင်္ကြံပူးတွဲကော်မတီ ပထမအကြိမ်အစည်းအဝေးကို အတူဦးစီးကျင်းပခဲ့သည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် အကျိုးတူအောင်မြင်သောပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကဏ္ဍအလွှာပေါင်းစုံတွင် နက်ရှိုင်းစွာဖောင်ဆောင်နေ ပြီဖြစ်သည်။

“Yပုံသဏ္ဌာန်တရုတ်-မြန်မာစီးပွားရေးစင်္ကြံ”သည် မြောက်ပိုင်းကတရုတ်နိုင်ငံယူနန်ပြည်နယ်မှ တရုတ်-မြန်မာနယ်စပ်ဒေသကို ဖြတ်ကျော်ကာတောင်ပိုင်းသို့ မြန်မာနိုင်ငံမန္တလေးမြို့ထိ ရောက်ရှိ ပြီးအရှေ့ပိုင်းနှင့်အနောက်ပိုင်းတွင် ရန်ကုန်မြို့သစ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ အသီးသီးဆန့်တန်းနေသည်။

ယူနန်ပြည်နယ်သည် “Yပုံသဏ္ဌာန်တရုတ်-မြန်မာစီးပွားရေးစင်္ကြံ”၏ အစချီရာနေရာဖြစ် သည့်အတွက် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”တည်ဆောက်ရေးတက်ကြွစွာ ၀ိုင်းဝန်း ဖော်ဆောင်ရာတွင်ဖြစ်စေ၊ “Yပုံသဏ္ဌာန်တရုတ်-မြန်မာစီးပွားရေးစင်္ကြံ”ကို တက်ကြွစွာ မြှင့်တင် ရာတွင် ဖြစ်စေအကျိုးကျေးဇူးများစွာသက်ရောက်နိုင်ပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံယူနန်ပြည်နယ်၏ ပထမအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ၊ ပထမအကြီးဆုံးသွင်းကုန်နှင့်ပို့ကုန်နိုင်ငံအနေနှင့် ယူနန်ပြည်နယ်နှင့် ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့်ယဉ်ကျေးမှုစသည့်ကဏ္ဍအလွှာပေါင်းစုံများတွင် ပူးပေါင်းဆောင်ရွက်မှု များတိုးချဲ့လုပ်ဆောင်လျက်ရှိနေပါသည်။

ယခုနှစ်ပိုင်းအရေးပါသော ဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကို တစေ့တစောင်းဖတ်ရှုနိုင် ရန် ဖော်ပြလိုက်ပါသည်။

ကူးသန်းရောင်းဝယ်ရေး

၂၀၁၈ ခုနှစ် ရွှေလီနယ်စပ်ဂိတ် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးငွေပမာဏမှာ တရုတ်ယွမ်(၆၉.၇၇) ဘီလီယံရှိကာ ယခင်နှစ် အလားတူကာလထက် (၆၆.၇%) တိုးမြှင့်ခဲ့သည်။ ရွှေလီ-မူဆယ်ဒေသ သည် တရုတ်-မြန်မာကူးသန်းရောင်းဝယ်ရေး၏ သမားရိုးကျခရီးစဉ်နှင့် အဓိကလမ်းကြောင်းဖြစ် နေပြီဖြစ်သည်။

ယခုတွင် တရုတ်-မြန်မာနယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးကို တွန်းအားပေးလျက်ရှိနေသည်။ ဤစီမံကိန်းမှတစ်တင့် ရွှေလီစမ်းသပ်ဖွံ့ဖြိုးမှုဇုန်သည် ပြည်တွင်း ပြည်ပနှင့်ချိတ်ဆက်နိုင်သောလမ်းကြောင်းကို တဖြည်းဖြည်း ရုပ်လုံးပေါ်နေပြီ ဖြစ်သည်။ ရွှေလီ၊ ၀မ်တိန်နှင့် ကျန်းဖုန်စသည့်နယ်စပ်ဂိတ်(၃)ခုတို့သည် ပြည်တွင်းနှင့်ချိတ်ဆက်သော အမြန် ကားလမ်းများ ဖောက်လုပ်ကာ သွားလာပြေးဆွဲနိုင်ပြီး မန်စီလေဆိပ်သည် နယ်စပ်ဂိတ်လေဆိပ် အဖြစ် အသိအမှတ်ပြုသတ်မှတ်ထားပါသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ(၃၀)ရက်နေ့ကတရုတ်ယွမ်အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုခြင်းကို မြန်မာနိုင်ငံမှ ကြေညာလိုက်ရာ တရုတ်ယူနန်-မြန်မာအကြား ကူးသန်းရောင်းဝယ်ရေးနှင့်ပြည်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပို၍ အဆင်ပြေအောင် ဆောင်ရွက်နိုင်သည်။

လမ်းပန်းဆက်သွယ်ရေး

၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့က မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်ရန် ဖြစ် မြောက်နိုင်ခြေလေ့လာမှု (Feasibility study) နားလည်မှုစာချွန်လွှာကို တရုတ်-မြန်မာနှစ်နိုင်ငံ သည် လက်မှတ်ရေးထိုးခဲ့သည်။ ဤရထားလမ်းကြောင်းသည် တရုတ်-မြန်မာရထားလမ်းကြောင်း ၏ မြန်မာနိုင်ငံပြည်တွင်းအစချီနေရာဖြစ်သကဲ့သို့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိက အထောက်အခံလည်းဖြစ်ပါသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ(၆)ရက်နေ့မှစ၍ တရုတ်လုပ်ငန်းအဖွဲ့သည် တရုတ်-မြန်မာရထားလမ်း အသစ်စီမံကိန်း၏ အစချီရာလမ်းကြောင်းပိုင်းကို စူးစမ်းလေ့လာရေးကို စတင်လုပ်ဆောင်ခဲ့သည်။ ဤရထားလမ်းကြောင်းသည် မြန်မာနိုင်ငံ မန္တလေးမှ တရုတ်နိုင်ငံကူမင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းဖြစ်သည်။ တရုတ်-မြန်မာရထားလမ်းကြောင်း တရုတ်ပြည်တွင်းရှိ တာ့လီ-ရွှေလီ ရထားလမ်းကြောင်းကို ယခုလက်ရှိအချိန်တွင် အရှိန်အဟုန်မြင့်ကာ တည်ဆောက်လျက်ရှိနေ ပါသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ကတရုတ်-မြန်မာနှစ်နိုင်ငံသည် ကျောက်ဖြူ အထူးစီးပွားရေး ဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်(Framework Agreement) အား လက်မှတ်ရေးထိုးခဲ့သည်။ ဤဆိပ်ကမ်းသည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”အဆိုပြု ချက်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်လ(၂၀)ရက်နေ့က တရုတ်-မြန်မာနှစ်နိုင်ငံသည် နေပြည်တော်မြို့တွင် Kunlong တံတားကြီးတည်ဆောက်ရေးစီမံကိန်း စာချွန်လွှာများ လဲလှယ်ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။ Kunlongတံတားကြီးအသစ်ကို ယူနန်ပြည်နယ်မှ တာဝန်ယူ၍ တည်ဆောက် မည်ဖြစ်သည်။

စွမ်းအင်အရင်းအမြစ်

၂၀၁၇ ခုနှစ် ဇွန်လ(၇)ရက်နေ့က တရုတ်-မြန်မာရေနံပိုက်လိုင်း တစ်ခုလုံး စတင်လည်ပတ်ခဲ့ သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ ပင်လယ်ပြင် စွမ်းအင်အရင်းအမြစ်သွင်းကုန်လမ်းကြောင်း(၄)ကြောင်းကို အခြေခံအားဖြင့် ဖြစ်ပေါ်လာပါသည်။

၂၀၁၈ ခုနှစ် ဧပြီလ(၁၂)ရက်နေ့က တရုတ်-မြန်မာနှစ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သော ဘုရင့်နောင်လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းစခန်း တိုးချဲ့တည်ဆောက်ရေး စီမံကိန်း ပြီးစီးကာ ရန်ကုန်မြို့၏ (၂၀%)သောဒေသအတွက် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ကို ထောက်ပံ့ပေးနိုင်ပါသည်။

ဆေးကုသရေးနှင့်ပညာရေး

၂၀၁၈ ခုနှစ် စက်တင်ဘာလက တရုတ်နိုင်ငံယူနန်ပြည်နယ်“၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ရန်ကုန် အလင်းရောင် ခရီးစဉ်" လှုပ်ရှားမှု အစီအစဉ်ကို ရန်ကုန်မြို့တွင် စတင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ကတည်းကပင် ဤ“အလင်းရောင် ခရီးစဉ်" လှုပ်ရှားမှု အစီအစဉ်သည် မြန်မာနိုင်ငံအတွင်း မျက်စိ တိမ်ရောဂါခံစားရသောဝေဒနာရှင်(၂၂၀၀)ကျော်အတွက် အခမဲ့ကုသပေးခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့က မြန်မာနိုင်ငံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် ၁၅ ဦးတို့သည် တရုတ်နိုင်ငံယူနန်ပြည်နယ်ဖူဝိုက်ဆေးရုံကြီးတွင် စရိတ်ငြိမ်း အခမဲ့ကုသမှုခံယူရာ ပြန်လည်ကျန်းမာပြီး ဆေးရုံဆင်းကာ အမိနိုင်ငံကို ပြန်ရောက်ကြပါသည်။

ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံအတွက် ဖွင့်လှစ်နေသောနယ်စပ်ဒေသစာသင်ကျောင်းဖြစ်သော ကော်မိန်စာသင်ကျောင်း(၈၂)ခု ရှိပါသည်။ ယခုလက်ရှိအချိန်တွင် တရုတ်နိုင်ငံတွင် ကျောင်းတက်နေသော မြန်မာနိုင်ငံ မူလတန်း၊ အလယ်တန်းကျောင်းသူကျောင်းသားဦးရေမှာ (၅၀၀၀)ကျော်ရှိသည်။ တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့်မြန်မာနိုင်ငံသည် ကွန်ဖြူးရှပ်(Confucius)
စာသင်ကျောင်းနှစ်ခုကို ထူထောင်ခဲ့သည်။ ဒေသတွင်း အသက်မွေးဝမ်းကျောင်းမွမ်းမံသင်တန်း များစွာကို ဖွင့်လှစ်ပို့ချပေးသည်။

၂၀၁၈ ခုနှစ် မေလ(၂၁)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထောက်ပံ့တည်ဆောက် သော အမှတ်(၁၇) “တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း”လှူဒါန်းခြင်းအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ငမဲအိုင်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့က 《မင်္ဂလာ》မဂ္ဂဇင်းနှင့် ကူမင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတို့သည် မြန်မာနိုင်ငံမူဆယ်ဒေသရှိကလေးများအား “ချစ်ခြင်းမေတ္တာ ကျောင်းသုံးလွယ်အိတ်”အလုံး(၈၀၀၀)၊ စာအုပ်နှင့်စာရေးကိရိယာများကို လှူဒါန်းပေးခဲ့သည်။

ယဉ်ကျေးမှု

၂၀၁၉ ခုနှစ် ဇန်န၀ါရီလက ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် မြန်မာနိုင်ငံတွင် “ယူနန်လက်ဖက် ရည် အတူသုံးဆောင်၊ တရုတ်-မြန်မာသံယောဇဉ် အတူဖော်ပြ”ဟူသော အဓိကဆောင်ပုဒ်ဖြင့် တရုတ်-မြန်မာမီဒီယာ နွေဦးနှစ်သစ်ကူးလက်ဖက်ရည်ကြမ်းစကားဝိုင်းကို ကျင်းပရာ တရုတ်- မြန်မာနှစ်နိုင်ငံ မီဒီယာတာဝန်ရှိသူများအား ဖိတ်ကြားပြီး မီဒီယာချစ်ခြင်းမေတ္တာကို အတူတကွ ဖလှယ်ဆွေးနွေးကြသည်။

၂၀၀၀ ပြည့်နှစ်ကတည်းက ရွှေလီမြို့သည် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ပျော်ပွဲရွှင်ပွဲကို (၁၈)ကြိမ်မြောက်ထိ အောင်မြင်စွာ ဆက်တိုက်ကျင်းပခဲ့သည်။ ဤပျော်ပွဲရွှင်ပွဲသည် တရုတ်- မြန်မာ နယ်စပ်ဒေသတွင် ကြီးကျယ်ခမ်းနားမှု အရှိဆုံးသောပွဲတော်ကြီးတစ်ခုဖြစ်သကဲ့သို့ နှစ်နိုင်ငံပြည်သူပြည်သားများအတွက် မရှိမဖြစ်သော အရေးပါ နေ့ထူးနေ့မြတ်ဖြစ်လာပါသည်။

အဆိုပါချစ်ခင်ရင်းနှီးသောဖလှယ်ရေးလှုပ်ရှားမှုအစီအစဉ်များသည် စံနမူနာအားဖြင့် ဖော်ပြလိုက် ခြင်းသာဖြစ်ပါသည်။ တရုတ်-မြန်မာ နိုင်ငံဖြတ်ကျော်ခရီးသွားလာရေး၊ နိုင်ငံဖြတ်ကျော်မာ ရသွန်အပြေးပြိုင်ပွဲ၊ နိုင်ငံဖြတ်ကျော်ကျောင်းတက်ခြင်း၊ နိုင်ငံဖြတ်ကျော်ကူးသန်းရောင်းဝယ် ရေးစသည်များသည် တည်တံ့ခိုင်မြဲသောတရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကို ခေတ်အဆက် ဆက် လက်ဆင့်ကမ်းလျက်ရှိနေခြင်းကို ဖော်ပြနေခြင်းဖြစ်ပါသည်။

ယခု ဤဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အတူတကွ ဆက်လက်လက်ဆင့်ကမ်းကြပါစို့။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006