အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ခြင်းကို တွန်းအား ပေးဆောင်ရွက်-- မြန်မာ့ရေးရာလေ့လာရေးကျွမ်းကျင်ပညာရှင် လီချင်ယမ်အား သီးသန့် အင်တာဗျူး ခြင်း

2019-03-06 16:26:15 |သတင်းအရင်းအမြစ် 云桥网

ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ဒုတိယအကြိမ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံဖိုရမ်ကျင်းပရာတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းက မြန်မာအတွက် မည်ကဲ့သို့သောလှိုင်းဂယက် ရှိနိုင်သနည်း၊ မည်ကဲ့သို့သော အရေးပါသည့် အကျိုးဆောင်ကျဉ်းပေးနိုင်သနည်း စသည့်မေးခွန်းများဖြင့် ကျွန်မတို့ သတင်းထောက်သည် ယူနန်တက္ကသိုလ် ဒုပါမောက္ခချုပ်၊ ယူနန်တက္ကသိုလ်မြန်မာ့ရေးရာလေ့လာရေး ဌာန ဌာနမှူး လီချင်ယမ်နှင့် သီးသန့်အင်တာဗျူး ပြုလုပ်ခဲ့သည်။

မေး။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ခြင်းက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့သော လှိုင်းဂယက် ရှိနိုင်သည်ကို မြန်မာ့ရေးရာလေ့လာခြင်းအလုပ် အချိန်ကြာရှည်စွာ ဆောင်ရွက်နေသော ပညာရှင်တစ်ဦး အနေနှင့် ဆရာ၏ထင်မြင်သုံးသပ်ချက် ပြောပေးပါဦး။

ဖြေ။ ကျွန်တော် မြန်မာ့ရေးရာလေ့လာရေးအလုပ် လုပ်နေသည်မှာ (၃၂)နှစ်ရှိပြီ ဖြစ်သည်။ ကျွန်တော့် ကိုယ်ပိုင်ထင်မြင်သုံးသပ်ချက်အရ မြန်မာနိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ခြင်း မှတစ်ဆင့် ခုန်ပျံကျော်လွှားမှုမှသည် ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖြစ်စေနိုင်ပါမည်။

တရုတ်နှင့်မြန်မာ နှစ်ဦးနှစ်ဖက်သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့အစိုးရနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရအကြား တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတကွ တည်ဆောက်ရန် သဘောတူ စာချွန်လွှာ”ကို လက်မှတ်ရေးထိုးခဲ့သည်။ နှစ်ဦးနှစ်ဖက်သည် အခြေခံအဆောက်အဦး၊ ထုတ်လုပ်ရေးစွမ်းအား၊ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ မွမ်းမံသင်တန်းပေးခြင်း၊ လုပ်ငန်း ကျွမ်းကျင်သူမွေးထုတ်ခြင်းနှင့် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်(၁၄)ခုတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်။ အဆိုပါနယ်ပယ်တွင် တရုတ်နိုင်ငံ၏ နည်းပညာ၊ ထုတ်လုပ်ရေးစွမ်းအားသည် ကမ္ဘာ့ရှေ့တန်းသို့ ရောက်ရှိနေပြီး ဖြစ်သည်။ ဘက်ပေါင်းစုံတွင် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံသည် မိမိ၏အားသာချက်ကို ထုတ်ဖော်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်။

ထို့ပြင် ကျွန်တော်ထင်မြင်ချက်အရ နှစ်ဦးနှစ်ဖက်သည် နယ်ပယ်တော်တော်များများတွင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အကျိုးရလဒ်များစွာ ရရှိနိုင်သည်။

ပထမသည် အခြေခံအဆောက်အဦးတည်ဆောက်ခြင်း။ တရုတ်ကျည်ဆံရထားလမ်းသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ထိ (၂)သောင်း(၉)ထောင် ကီလိုမီတာသို့ ရောက်ရှိနေပြီး ကမ္ဘာ့ကျည်ဆံရထားလမ်းအရှည်၏ (၃)ပုံ(၂)ပုံကို ရောက်ရှိနေပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ဆိပ်ကမ်း၊ လေဆိပ်၊ ကားလမ်းနှင့် စမတ်မြို့ပြ စသည့်နယ်ပယ်၏ ဒီဇိုင်းဆွဲခြင်းနှင့် တည်ဆောက်ခြင်းနည်းပညာသည် ကမ္ဘာ့ရှေ့တန်းသို့ ရောက်ရှိနေပြီး ဖြစ်သည်။

ဒုတိယသည် အိုင်တီနှင့် ဆက်သွယ်ရေးလုပ်ငန်း ဖြစ်သည်။ မြန်မာနိုင်ငံ NLD အစိုးရ အုပ်ချုပ်ရေး အာဏာ စတင်ပြီးနောက် ဆက်သွယ်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး တရုတ် Huawei အပါအဝင် တရုတ်ဆက်သွယ်ရေးလုပ်ငန်းရှင်များသည် ထင်ရှားသောကဏ္ဍတွင် အကျိုး များစွာ ဆောင်ကျဉ်းပေးနေသည်။ ယခုအချိန်တွင် Huawei ၏ 5G နည်းပညာသည် ကမ္ဘာ့ရှေ့တန်းတွင် တည်ရှိနေပြီး 5G နည်းပညာသည် ဆက်သွယ်ရေးတွင်ကျယ်မှုကို များစွာတိုးမြှင့် ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းသည် Virtual Reality ပညာ၊ မောင်းသူမဲ့လေယာဉ်နှင့် စမတ်ထုတ်လုပ်ခြင်း စသည့် နယ်ပယ်တွင် ထင်ရှားသောပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

တတိယသည် စွမ်းအင်လုပ်ငန်းဖြစ်သည်။ ရေအားလျှပ်စစ်သည် သန့်ရှင်းသော၊ ညစ်ညမ်းမှုမရှိသော၊ ဈေးသက်သာသော စွမ်းအင်တစ်မျိုး ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ် တပ်ဆင် တည်ဆောက် ခြင်းစွမ်းရည်နှင့် ထုတ်လုပ်မှုပမာဏသည် ကမ္ဘာ့ပေါ်တွင် ပထမနေရာတွင် တည်ရှိနေသည်။ တချိန် တည်းတွင် တရုတ် လျှပ်စစ်သံကွန်ချာနည်းပညာလည်း ကမ္ဘာပေါ်တွင် လုံခြုံရေးအရှိဆုံး၊ အလုပ် တွင်ကျယ်မှုအကောင်းဆုံး ဖြစ်သည်။ တရုတ်လျှပ်စစ်နည်းပညာကို ကိုယ်စားပြုနိုင်သော UHV Transmission နည်းပညာက ကမ္ဘာ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်သည်။ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံသည် လျှပ်စစ်ဓာတ်အားနှင့် ပါဝါဂရစ်တည်ဆောက်ခြင်းနယ်ပယ်တွင် တွင်ကျယ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံ၏ ၂၀၃၀ ခုနှစ်တွင် တစ်ပြည်လုံးလျှပ်စစ်ရရှိခြင်းစီမံကိန်း အောင်မြင်ရန် အကျိုးဆောင်ပေးနိုင်သည်။

စတုတ္ထသည် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ တရုတ်၏ ရှန်ဟိုင်းမြို့နှင့် မြန်မာနိုင်ငံ၏ ရန်ကုန်သည် ပင်လယ်ဆိပ်ကမ်းမြို့ပြများဖြစ်ပြီး နှစ်နိုင်ငံ၏စီးပွားရေးစင်တာလည်း အသီးသီး ဖြစ်နေ သည်။ ထို့ကြောင့် ရှန်ဟိုင်းနှင့် ရန်ကုန်အကြား ပူးပေါင်းဆောင်ရွက်မှုများစွာ ဖြစ်ပေါ်နိုင်မည် ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်ရှင်းကျင့်မြို့၏ GDP သည် တရုတ်ငွေ ယွမ်(၂.၄)ထရီလီယံ အထက်သို့ ရောက်ရှိပြီး အရင်းအမြစ်ဖြင့်စီးပွားရေးတိုးတက်ခြင်းမှ ဖန်တီးတီထွင်ခြင်းဖြင့် စီးပွားရေးတိုးတက်ခြင်းသို့ တိုးတက်ပြောင်းလဲနေသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ရှင်းကျင့်နှင့် တူညီသော ပထဝီအခြေအနေ အားသာချက်ကို ပိုင်ဆိုင်နေသည်။ ဥပမာ၊ ကျောက်ဖြူဒေသသည် ရှင်းကျင့်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်း ကြောင်း မှတစ်ဆင့် အတွေ့အကြုံရရှိနိုင်သည်။

မေး။ တရုတ်-မြန်မာစီးပွားရေးတည်ဆောက်ရာတွင် ယူနန်သည် မည်ကဲ့သို့သော အရေးပါသည့် အကျိုး သက်ရောက်မှု ဆောင်ကျဉ်းပေးနိုင်သနည်း။

ဖြေ။ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်နှင့် မြန်မာတို့အကြား နယ်နိမိတ်မျဉ်းသည် ကီလိုမီတာ(၂၀၀၀) ခန့်ရှည်လျားပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရာတွင် အခြားနေရာက အစားထိုးနိုင်ဖွယ် မဖြစ်နိုင်သော ပထဝီအားသာချက်ရှိသည်။ ယူနန်ပြည်နယ်သည် မြန်မာနှင့်တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်သင့်ပြီး တချိန်တည်းတွင် မိမိ၏ ပထဝီအားသာချက်ကို မှီခိုကာ တရုတ်နိုင်ငံ အခြားမြို့ပြက အဆိုပါစီမံကိန်းသို့ ပါဝင်စေရန် ကူညီထောက်ပံ့မှုကို ပေးနိုင်သည်။ ယူနန်အတွက် အဆိုပါဖော်ပြသည့် ရှုထောင့်နှစ်ခုစလုံးသည် တန်းတူညီမျှစွာ အရေးကြီးပါသည်။

ထို့ပြင် ယူနန်သည် တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန စသည့် ဌာန၏ ညွှန်ကြားချက်နှင့်အညီ ရှန်ဟိုင်း၊ ကွမ်တုံး၊ ရှင်းကျင့် စသည့် တရုတ်နိုင်ငံ အဖွံ့ဖြိုးဆုံး နေရာနှင့် တိုက်ရိုက်လက်တွဲပြီး အနီးပတ်ဝန်းကျင်ရှိ ကွေ့ကျိုး၊ စီချွမ်း စသည့် ပြည်နယ်နှင့် အတူတကွ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ခြင်းကို တွန်းအားပေးသင့်သည်။ ထို့ပြင် ယမ်စီမြစ်စီးပွားရေး ဇုန်၊ ချင်တူး-ချွန်ချင့်စီးပွားရေးဇုန်၊ ကျိုးမြစ်မြစ်ဝကျွမ်းပေါ်ဒေသနှင့် ကွမ်တုံး- ဟောင်ကောင်-မာကာအို ဒေသဖွံ့ဖြိုးခြင်းနှင့်လည်း ချိတ်ဆက်ရမည်။

နောက်ဆုံးအနေနှင့် ယူနန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်သည် သိပ္ပံနည်းပညာနှင့် လူနေမှုယဉ်ကျေးမှုအရင်းအမြစ် ပိုင်ဆိုင်သောအားသာချက်ကို ထုတ်ဖော်သင့်ပြီး တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ တက္ကသိုလ်များ၊ ကောလိပ်များနှင့် Think Tank များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်။ ကျွန်တော်တို့ယူနန်တက္ကသိုလ်အနေနှင့် အနာဂတ်တွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် စသည့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ ဆောင်ရွက်ရမည်။ ထို့ပြင် မြန်မာပညာတော်သင် ခေါ်ယူမှုကို တိုးချဲ့ခြင်း၊ ဂန္တဝင်စာပေအပြန်အလှန်ဘာသာပြန်ခြင်းများကိုလည်း ဆောင်ရွက်ရမည်။ တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ခြင်း၊ ပြည်ပနိုင်ငံအုပ်ချုပ်ရေးအတွေ့အကြုံ အပြန် အလှန်လေ့လာခြင်းကို တိုးမြင့်စေရန်၊ ကျွမ်းကျင်ပညာရှင်များပူးပေါင်းဆောင်ရွက်ခြင်းကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန် ရည်ရွယ်ကာ တိုးမြှင့်ကြိုးစားရမည်။ ယခုလောလောဆယ်တွင် ကျွန်တော်တို့သည် တရုတ်-မြန်မာ အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်း၊ တရုတ်-မြန်မာ သိပ္ပံပညာစမ်းသပ်ရေးစခန်း အတူတည်ဆောက်ခြင်း စသည့်စီမံကိန်းများကို အလေးထား ဆောင်ရွက်နေသည်။

(Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006