ယူနန်ပြည်နယ်၏ ပထမဦးဆုံး မီးရထားလမ်းဖြစ်သော ယူနန်-ဗီယက်နမ်မီးရထားလမ်း

2019-04-11 15:48:35 |သတင်းအရင်းအမြစ် 云桥网

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က တောတောင်လျှိုမြောင်နက်သော ယူနန်ပြည်နယ်တွင် ကားလမ်းတစ်ကြောင်းပင် မရှိသော်လည်း နိုင်ငံဖြတ်ကျော်မီးရထားလမ်းကြောင်း ယူနန်-ဗီယက်နမ် ရထားလမ်း ရှိပါသည်။

မီတာမီးရထားလမ်းသည် ရထားလမ်းအကြားတွင် ၁ မီတာတိတိ ရှိသည်ကို ရည်ညွန်းသည်။ ယူနန်-ဗီယက်နမ် မီးရထားလမ်းသည် စုစုပေါင်း ၈၅၅ ကီလိုမီတာရှိရာ ဗီယက်နမ်တွင် ၃၈၉ ကီလိုမီတာရှိပြီး ယူနန်တွင် ၄၆၆ ကီလိုမီတာ ရှိသည်။ အဆိုပါမီးရထားလမ်းသည် ၁၉၀၃ ခုနှစ် အော်တိုဘာလ မှစ၍ တည်ဆောက်ပြီး ၁၉၁၀ ခုနှစ် ဇန်န၀ါရီလတွင် စတင်ပြေးဆွဲခဲ့ပါသည်။ ယခုချိန်တွင် နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီ ဖြစ်သည်။

တရုတ်နိုင်ငံ၏ တတိယမီးရထားလမ်းဖြစ်သည့် ယူနန်-ဗီယက်နမ်မီးရထားလမ်းသည် ယူနန်ပြည်နယ်ကို တစ်ညအတွင်းတွင် အပိတ်ဆို့ဆုံးနယ်စပ်ဒေသမှ ခံစစ်စခန်းရှေ့တန်းသို့ ရောက်ရှိစေ၍ အချိန်အခါမရွေး ကမ္ဘာနှင့်ဆက်သွယ်နိုင်သော တံခါးဖွင့်ဒေသ ဖြစ်လာခဲ့ပါသည်။

ယူနန်-ဗီယက်နမ် မီးရထားလမ်းသည် ကူမင်းမှထွက်ခွာ၍ တရုတ်-ဗီယက်နမ် နယ်စပ်ဒေသရှိ ဟယ်ခိုခရိုင်သို့ ရောက်ရှိသည်။ ယူနန်-ဗီယက်နမ်မီးရထားလမ်းကြောင်းတွင် ထူးခြားချက် ကြွယ်ဝများပြားသော ကူမင်း၊ ကျန့်ရွှေ၊ မိန်ချိ စသည့်မြို့နယ်တို့ကို တွေ့နိုင်ပါသည်။ နှစ်ပေါင်း ၁၀၀ ကျော်ပြီးနောက် အဆိုပါမြို့များသည် ဖွံ့ဖြိုးတိုးတက်သော အခွင့်အရေးကို ခံစားရရှိလာသည်။

ယူနန်-ဗီယက်နမ် မီးရထားလမ်းကြောင်းတွင် မြင့်မားသွယ်တန်းနေသော တောင်ကြီးများ၊ များပြားသော မြစ်ချောင်းများ၊ ကျယ်ဝန်းဖြောင့်ဖြူးသော မြက်ခင်းပြင် စသည်တို့ ရှိပါသည်။ ဖြတ်သွားသည့်ဒေသ၏ ရာသီဥတုလည်း သာယာကြည်နူးဖွယ်ကောင်းသည်။ ရှုခင်းလှပသည်။ ခရီးလှည့်လည် အပန်းဖြေရန် ကောင်းသောနေရာလည်း ဖြစ်ပါသည်။

သတင်း ။ ။ လီချား

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006