ယူနန်ပြည်နယ်ရှိ ထူးခြားသောအစားအစာ — အာလူးကြော်

2019-04-16 16:13:48 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်ရောက်ရှိလျှင် အာလူးကြော်ကို နေရာတကာတွင် တွေ့နိုင်ပါသည်။ အာလူးကြော်ဆိုသည်မှာ အာလူးကိုကြော်ထားခြင်းပင် ဖြစ်သည်။

အာလူးသည် ယူနန်ပြည်နယ်ရှိ အများဆုံးတွေ့ရသော ရိက္ခာသီးနှံ ဖြစ်သည်။ အလွယ်တကူ ချက်ပြုတ်စားနိုင်ပြီး အရသာလည်းကောင်း၊ အမျိုးအစားလည်းများသော အာလူးကြော်သည် ယူနန်ပြည်နယ်ရှိ အထူးခြားဆုံးသော အစားအစာတစ်မျိုး ဖြစ်သည်။ ယူနန်ပြည်နယ်တွင် အရသာမျိုးစုံလှသော အာလူးကြော် ရှိသည်။

ယနေ့ အာလူးကြော် လုပ်နည်းကို ဖော်ပြ၍ အာလူးကြော် အရသာမျိုးစုံ၏ လျှို့ဝှက်ချက်များကို ဖော်ပြပါမည်။

အာလူးကြော် ပြုလုပ်ရာတွင် ပထမဆုံး အာလူးကိုအခွံခွာပြီး လှီးဖြတ်ကာ ရေစိမ်သည်။ ထို့နောက် ဆီထဲထည့်၍ ကြော်သည်။ ကျက်ပြီဆိုလျှင် ပန်းကန်ထဲထည့်၍ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီး သမအောင် ရောနှယ်သည်။ နောက်ဆုံးတွင် အရသာရှိသော အာလူးကြော်ကို ရရှိပြီ ဖြစ်သည်။

ဟင်းခတ်အမွှေးအကြိုင် ထည့်ခြင်းသည် အာလူးကြော်တွင် အရသာမျိုးစုံရှိသော အကြောင်းရင်း ဖြစ်သည်။ ဥပမာဆိုရလျှင် မာလာအရသာဖြစ်သော အာလူးကြော်တွင် ဟင်းခတ်အမွှေးအကြိုင်များဖြစ်သော ငရုတ်သီးအမှုန့်၊ ငရုတ်ဆီ၊ မြေပဲထောင်း၊ ဆား၊ ငံပြာရည်၊ နှမ်းဆီ၊ ကြက်သွန်၊ နံနံပင် ပါရှိသည်။ ခရမ်းချဉ်သီးအရသာ အာလူးကြော်တွင် ခရမ်းချဉ်သီးဆော့၊ မြေပဲထောင်း၊ နှမ်းဆီ၊ ဆား၊ ကြက်သွန်၊ နံနံပင် ပါရှိသည်။

မည်သည့်အရသာရှိသော အာလူးကြော်ကို စားချင်ပါက ထည့်ရမည့် ဟင်းခတ်အမွှေးအကြိုင် ရွေးထည့်လိုက်ရုံပင် ဖြစ်သည်။ ထို့သို့ဖြင့် အရသာကွဲပြားသော အာလူးကြော်မျိုးစုံကို ရရှိနိုင်ပါသည်။

သင့်အနေဖြင့် သင်ယူတတ်မြောက်ပြီလား။ ယနေ့ပင် မိမိစားချင်သည့်အရသာကို ကိုယ်တိုင်ကြော်ချက်ကာ မြည်းစမ်းနိုင်ပါပြီ။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006