တရုတ်နှင့် ပါကစ္စတန်တို့သည် “လူပါ အာကာသယဉ်ပျံသန်းလှုပ်ရှားမှု ဆိုင်ရာ တရုတ်လူပါ အာကာသလုပ်ငန်းရုံး နှင့် ပါကစ္စတန် အာကာသနှင့် အထက်လွှာ လေထု သုတေသန ကော်မတီတို့၏ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်စာချုပ်”ကို ၂၇ ရက်နေ့က ချုပ်ဆိုခဲ့ကြောင်း၊ ယင်းသည် တရုတ်၊ ပါကစ္စတန် နှစ်နိုင်ငံတို့ လူပါ အာကာသယဉ်လုပ်ငန်း နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်သို့ ရောက်ရှိပြီဟု ပြဆိုကြောင်း၊ တရုတ် လူပါ အာကာသလုပ်ငန်းရုံး၏ လူမှုကွန်ရက်မှ သတင်းကိုကိုးကား၍ တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။