တရုတ်နိုင်ငံ ပြည်ဝင်ဂိတ်(၁၈)ခုမှာ ‘ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’’ လမ်းကြောင်းထူထောင်ခြင်းဖြင့် ပိုပြီးလျင်မြန်လာ၊ ပိုပြီးကောင်းမွန်လာ၊ ပိုပြီးအဆင်ပြေလာ

2019-05-16 18:09:58 |သတင်းအရင်းအမြစ် 澜湄趴

အထူးသတင်းကောင်းပါ။

ဧပြီလ ၂၈ ရက်နေ့မှစပြီး ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ တည်ဆောက်ရေးရဲ့ အရေးပါတဲ့ စီမံကိန်း၊ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ နဲ့စပ်လျဉ်းတဲ့ အစည်းအဝေးနဲ့ လှုပ်ရှားမှုမှာ ပါဝင်တက်ရောက်ဖို့ နိုင်ငံတကာပုဂ္ဂိုလ်တွေနဲ့ မော်တော်ကားတွေအတွက် ပြည်ဝင်လုပ်ငန်းဆောင်တာ ဆောင်ရွက်ရာမှာ ပိုပြီးအဆင်ပြေနေပြီ ဖြစ်ပါတယ်။

‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ လမ်းတစ်လျှောက်ရှိ နိုင်ငံနဲ့ဒေသ ပြည်ဝင်ပြည်ထွက်မှု အဆင်ပြေစေတဲ့ စီမံကိန်းကို အဆိုပါနေ့က စတင်ဖော်ဆောင်ပြီး ပြည်ဝင်ဂိတ် (၁၈)ခုမှာ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ လမ်းကြောင်းကို ထူထောင်ဖို့ ပထမအသုတ်အနေနဲ့ ရွေးချယ်ခဲ့ကြောင်း တရုတ်နိုင်ငံ လူဝင်ကြီးကြပ်မှုဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

အဆိုပါ ပြည်ဝင်ဂိတ် (၁၈)ခုကတော့ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ရှာမိန်၊ စိန်ကျိန့်၊ ချိန်ဒူး၊ ကူမင်း၊ အူလူမုချီ၊ ချုံချင့်၊ ကျိန့်ကျိုး၊ ရှီးအန်၊ ချွမ်ကျိုး စတဲ့လေကြောင်း ပြည်ဝင်ဂိတ် (၁၂)ခုနဲ့ မန်ကျိုးလီ၊ အလ်လျန်ဟောက်ထလ်၊ ဟိုအလ်ကိုးစီ၊ ယိုရီကွမ်၊ တုံရှင်း၊ မောဟန် စတဲ့ကုန်တွင်းပြည်ဝင်ဂိတ်တွေ ဖြစ်ကြပါတယ်။

အထူးမှတ်ချက် ။ ။ ယူနန်ပြည်နယ်မှာ ကူမင်းလေကြောင်း ပြည်ဝင်ဂိတ်နဲ့ မောဟန်ကုန်တွင်း ပြည်ဝင်ဂိတ် မှတစ်ဆင့် တရုတ်ပြည်ကို ၀င်ရောက်ဖို့ ရွေးချယ်နိုင်ပါတယ်။ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ တည်ဆောက်ရေးကို ၀ိုင်းဝန်းဖော်ဆောင်တဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေအဖို့ ပိုပြီးကောင်းမွန်တဲ့ အဆင်ပြေဆုံး ၀န်ဆောင်မှုကို ထောက်ပံ့ပေးနေပါတယ်။

ဒါ့ပြင် နိုင်ငံခြားသားတွေဟာ အဆင်ပြေတဲ့ ၀န်ဆောင်မှုအများအပြားကို ခံစားနိုင်ပါမယ်။
၁။ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ အရေးကြီးလှုပ်ရှားမှု၊ အစည်းအဝေးနဲ့ စီမံကိန်းတည်ဆောက်ရေးတွေမှာ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံခြားသားတွေအဖို့ တရုတ်နိုင်ငံဗီဇာကို အရေးပေါ် အချိန်မီမလျှောက်နိုင်ပါက တရုတ်နိုင်ငံဦးစီးရေးဌာနရဲ့ ထောက်ခံစာဖြင့် ပြည်ဝင်ဂိတ် ဗီဇာကို လျှောက်နိုင်ပါတယ်။

၂။ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ တည်ဆောက်ရေးရဲ့ အရေးပါတဲ့ စီမံကိန်း၊ ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းကို လာရောက်ဆောင်ရွက်တဲ့ နိုင်ငံခြားသား၊ သူရဲ့အိမ်ထောက်ဖက်နဲ့ အရွယ်မရောက်သေးတဲ့ သားသမီးတွေအတွက် တရုတ်နိုင်ငံမှာ နေထိုင်ဖို့ လိုအပ်မယ်ဆိုရင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးရဲဌာန ပြည်ဝင်ပြည်ထွက်စီမံအုပ်ချုပ်ရေးဌာနက နေထိုင်ခွင့်ပြုစာ ဆောင်ရွက်ပေးမယ့် အလုပ်လုပ်ရက်ကို (၁၅)ရက်မှ (၅)ရက်အထိ လျှော့ချပေးထားပါတယ်။

၃။ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ပင်လယ်ရေကြောင်းပို့ဆောင်ရေးတာဝန်ကို ထမ်းဆောင်တဲ့ နိုင်ငံခြားသားသင်္ဘောသားတွေဟာ ဆိပ်ကမ်းမြို့ပြကနေ ပို့ဆောင်ရေးယာဉ်ကိုပြောင်းစီးပြီး ပြည်ထွက်ရင် ရပ်တန့်နေခွင့်ပြုစာဆောင်ရွက်ဖို့ အလုပ်လုပ်ရက် (၇)ရက်မှ (၃)ရက်ထိ လျှော့ပေးထားပါတယ်။ အရေးပေါ်ကိစ္စကြောင့် ပြည်ထွက်ဖို့ လိုတဲ့ သင်္ဘောသားတွေအတွက်ကိုတော့ အဲဒီနေ့မှာပဲ ခွင့်ပြုစာ နေ့ချင်းထုတ်ပေးမှာ ဖြစ်ပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006