ယူနန်ပြည်နည်ရှိတိုင်းရင်းသားလူမျိုးစုတိုင်လူမျိုး

2019-05-22 18:32:04 |သတင်းအရင်းအမြစ် 云桥网

တိုင်လူမျိုးသည်အများအားဖြင့် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားတိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ တယ်ဟွန်ဂျင်းဖောလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် နေထိုင်ကြသည်။ အနည်းစုသည် ယူနန်ပြည်နယ် ဟွန်ဟယ်ဟားနီလူမျိုး၊ ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမြောင်လူမျိုး၊ ယောင်လူမျိုး၊ တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ယူနန်ပြည်နယ် ဖူအယ်မြို့ ဂျင်ဂူတိုင်လူမျိုး၊ ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ဂျင်တွန်းရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်စသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တို့တွင် နေထိုင်လျက်ရှိသည်။ထို့အပြင်စိချွမ်းပြည်နယ် လျန်စန်းရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲဟွေ့လီခရိုင် ရှင်းအန်းရွာတွင်လည်းတိုင်လူမျိုးများသည် အခြေချနေထိုင်ကြသည်။

တိုင်လူမျိုးသည် ကိုယ်ပိုင်စာလုံး၊ ကိုယ်ပိုင်ဘာသာစကားရှိပြီးကြွယ်ဝများပြားသောယဉ်ကျေးမှုအမွေအနှစ် ရှိပါသည်။ တိုင်လူမျိုးဘာသာစကားတွင် ဒေသစကား ၃ မျိုးရှိပြီးတိုင်လဲ့စကား(စစ်ဆောင်းပန်းနား)၊ တိုင်နပ်စကား(တယ်ဟွန်ဂျင်းဖောလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ)၊ တိုင်ပွန်းစကား(မွန်လျန်တိုင်လူမျိုး၊ လားဟူးလူမျိုး၊ ၀ါလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိနယ်စပ်ဒေသ)တို့ဖြစ်သည်။ တိုင်လူမျိုးသည် မတူခြားနားသောနေရာဒေသတွင် ဘာသာစကား ၄ မျိုးအသုံးပြုနေပြီး၎င်းတို့သည် အိန္ဒိယအက္ခရာများမှ ပြောင်းလဲလာသည်ဖြစ်၍ သံသကရိုက်ဘာသာ၊ ထိုင်းဘာသာ၊ မြန်မာဘာသာ၊ ကမ္ဘောဒီးယားဘာသာ၊ လာအိုဘာသာတို့နှင့်ဆင်တူသည်။

တိုင်လူမျိုး၏ သင်္ကြန်ပွဲတော်သည်တိုင်လူမျိုးအတွက် အရေးကြီးဆုံးပွဲတော်ကြီး ဖြစ်ကာဗုဒ္ဓနေ့ဟုလည်းခေါ်ဝေါ်ပြီးတိုင်လူမျိုး၏ နှစ်သစ်ကူးနေ့ဖြစ်သည်။တိုင်းရင်းသားလူမျိုးစုအကြားတွင် အကြီးမြတ်ဆုံးပွဲတော်ဖြစ်ပြီးပါဝင်ဆင်နွှဲသူအများဆုံးပွဲတော်လည်း ဖြစ်ပါသည်။တိုင်လူမျိုး၏ သင်္ကြန်ပွဲတော်သည် တိုင်သက္ကရာဇ် ၆ လပိုင်းအလယ်တွင် ကျရောက်ပြီးပွဲတော်အား၃-၄ ရက် ကျင်းပလေ့ရှိသည်။

အဆိုပါပွဲတော်ရက်တွင် သက်ကြီးရွယ်အိုလူငယ်မရွေးပွဲလမ်းသဘင်ဝတ်စုံကိုဝတ်ဆင်၍ ဗုဒ္ဓနေ့အခမ်းအနားကိုကျင်းပပြီးအချင်းချင်းရေပတ်မင်္ဂလာဆင်နွှဲကြသည်။ နေ့ပိုင်းတွင် မြို့ရောကျေးရွာမှာပါ ရေပတ်ကစားကြကာပျော်ရွှင်ကြသည်။ ညပိုင်းတွင် ရွာအသီးသီး၌ တိုင်အော်ပရာ၊ တိုင်လူမျိုးအကများကိုတင်ဆက်ပြသပြီးနောက် မီးများထွန်းညှိလျက်ညလုံးပေါက် ပျော်ရွှင်စွာဆင်နွှဲကြသည်။

တိုင်လူမျိုးအစားအစာတွင် ထူခြားသောလက္ခဏာ ၃ ရပ်ရှိသည်။

၁။ ။အချဉ်အရသာနှစ်သက်သည်

အဘယ်ကြောင့်ဆိုတော့တိုင်လူမျိုးတို့နေထိုင်ကြသောနေရာဒေသတွင် ပူပြင်းခြောက်သွေ့သောနေရာဒေသဖြစ်၍ အချဉ်အရသာစားချင်စိတ်ကိုလှုံ့ဆော်သည်။ ထို့အပြင် အချဉ်အစားအစာသည် အစာကျေခြင်းအတွက် အထောက်အကူပြု၍နေပူပြင်းတွင်အပူလေဖြတ်ဖို့ မလွယ်ကူပေ။

၂။ ။ ဒေသထွက်အစားအစာနှစ်သက်သည်

တိုင်လူမျိုးသည် ၀ါးပင်ပေါက်ပိုးကောင်၊ Lemongrass စသည့် ဒေသထွက်အစားအစာနှစ်သက်ကြသည်။

၃။ ။ ပန်းပွင့်နှစ်သက်စွာစားသည်

တိုင်လူမျိုးသည်ပန်းပင်ရှိပန်းပွင့်တွေကိုလည်းနှစ်သက်စွာစားကြသည်။ပန်းပွင့်များကိုဟင်းခတ်အမွှေးအကြိုင်ဖြင့် ဟင်းကောင်းတစ်ခွက် ချက်ကြသည်။တိုင်လူမျိုးသည်စေးသောဆန်ကိုစားရသည်ကို နှစ်သက်သည်။ ဉာဏ်ပညာရှိသော တိုင်လူမျိုးဘိုးဘေးဘီဘင်တို့သည် အရောင်ပါပန်းပွင့်ဖြင့် စေးသောဆန်ကိုရောစပ်ကာရောင်စုံကောက်ညှင်းထမင်းချက်စားကြသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006