ရီညောင်တွင် ရှောင်ချာဘာ့ ပထမအကြိမ် ရောင်စုံမေပယ်ရွက်ပွဲတော်ကျင်းပ

2019-11-01 18:12:37 |သတင်းအရင်းအမြစ် 云南日报

အောက်တိုဘာလ ၂၆ ရက်နေ့တွင် “တရုတ် ရှောင်ချာဘာ့ ပထမအကြိမ် ရောင်စုံမေပယ်ရွက်ပွဲတော်ဖွင့်ပွဲအခမ်းအနား၊ ရှောင်ချာဘာ့ ဂန္ထ၀င်သီချင်းပရဟိတတေးဂီတဖျော်ဖြေပွဲ”အားရီညောင်ခရိုင် ရှောင်ချာဘာ့ဂေဟစနစ်ခရီးသွားအပန်းဖြေရပ်ကွက်တွင် ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အံ့သြဖွယ်ရာများနှင့် ပြည့်နှက်နေသည့် ရောင်စုံလှပသောအနုပညာများဖြင့် ဖျော်ဖြေပါသည်။ ဂီတပညာရှင်များဖြင့် ဖွဲ့စည်းထားသော ပရဟိတအဖွဲ့သည် ပွဲကြည့်ပရိသတ်နှင့် ခရီးသည်များအတွက် စေတနာပြည့်စုံသည့် ဖျော်ဖြေပွဲကို တင်ဆက်ပေးပါသည်။ ဂီတပညာရှင်များသည် အခမဲ့ တင်ဆက်သည့်အပြင် ဒေသခံမိဘများအဝေးသို့ သွားရောက်စီးပွားရှာနေ၍ အိမ်တွင် ကျန်ရစ်နေသော မိဘနှင့်အလှမ်းဝေးနေသည့် ကလေးများအတွက် ဂီတာစသည့် တူရိယာများကို ပေးလှူပြီး ကျောင်းထွန်းမြို့၊ ရီညောင်ခရိုင် ဒေသခံဂီတပညာရှင်နှင့်အတူ ပူးပေါင်းဖလှယ်၍ တင်ဆက်ဖျော်ဖြေကြပါသည်။

၁၅ ရက်တာကာလကျင်းပသည့် မေပယ်ရွက်ပွဲတော်တွင် စားကောင်းသောက်ဖွယ်ပြပွဲ၊ ကုန်ပြင်မြင့်ဒေသ အထူးလယ်ယာထွက်ကုန်ပြပွဲ၊ ဂေဟစနစ်သက်သာချောင်ချိရေးလှုပ်ရှားမှု၊ ခရီးသွားဓာတ်ပုံပြိုင်ပွဲ၊ မီးပုံပွဲစသည့်လှုပ်ရှားမှုကိုလည်း ကျင်းပပြုလုပ်ပြီး နေရာအသီးသီးမှ ခရီးသည်များအတွက် ပျော်ရွှင်စရာကောင်းသော ရောင်စုံလှုပ်ရှားမှုများကိုပြင်ဆင်ပြုလုပ်ပေးပါသည်။

သတင်းထောက်။ ။ရှေ့ယိ(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006