တရုတ်သက္ကရာဇ်(၁၂)လပိုင်း (ခရစ်သက္ကရာဇ် ဇန်နဝါရီလ) သို့ဝင်ရောက်လာရာ တရုတ်ပြည် ရှင်ထိုင် ခရိုင် ရှင်းချမ်ရွာမှ ရွာသူရွာသားများသည် တရုတ်နှစ်သစ်မင်္ဂလာကြိုးထုံးအဆင်တန်ဆာပြုလုပ်ခြင်းဖြင့် အလုပ်များနေသည့် အချိန်ကို ရောက်ရှိလာသည်။
ဒေသခံရွာသူရွာသားများသည် မိမိတို့၏လက်မှုပညာဖြင့် မင်္ဂလာ၊ ချမ်းသာခြင်း၊ မိသားစုသိုက်သိုက် ဝန်းဝန်းနေထိုင်ခြင်း၊ လုံခြုံမှုရှိခြင်း စသည့်အဓိပ္ပာယ်ဖော်ဆောင်သော တရုတ်စာလုံးပါဝင်သည့် တရုတ် နှစ်သစ်မင်္ဂလာကြိုးထုံးအဆင်တန်ဆာကို ပြုလုပ်ရောင်းချသည်။ တရုတ်နှစ်သစ်မင်္ဂလာကြိုးထုံး အဆင်တန်ဆာသည် နွေဦးနှစ်သစ်ကူး ဈေးတန်းတွင် ဆွဲဆောင်မှု အတော်များစွာရှိသောမြင်ကွင်း တစ်ခုဖြစ်လာကာ ရွာသူရွာသားများသည်လည်း စီးပွားရေးကုံလုံကြွယ်ဝလာစေပါသည်။
ပုံတွင် ရှင်းချမ်ရွာမှ ရွာသူရွာသားများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစခန်းတွင် တရုတ်မင်္ဂလာ ကြိုးထုံးအဆင်တန်ဆာပြုလုပ်နေစဉ် ဖြစ်သည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.