မတ်လပထမပတ်တွင် ယူနန်ပြည်နယ် ထိန်ချုံမြို့ ကျဲထုပ်မြို့နယ်အတွင်း တရုတ်ဧကတစ်သောင်းကျော်ရှိ မုန်ညင်းပန်းများစွာသည် ဝေေ၀ဆာဆာ ဖူးပွင့်လျက်ရှိနေသည်။ လူစီးမိုးပျံပူဖောင်းများ ပျံဝဲခြင်း၊ ကြယ်သဏ္ဍာန် တန်ဆာဆင်ထားသော ရွက်ဖျင်တဲတေးဂီတပွဲဖျော်ဖြေခြင်းနှင့် ပန်းမန်ပင်လယ်ကြီးအတွင်း နတ်သမီးအပြေးပြိုင်ပွဲ ကျင်းပခြင်း၊ ခရီးသည်များစွာ၏ အမှတ်တရဓာတ်ပုံကို ရိုက်ကူးခြင်း စသည်တို့ဖြင့် ပြည့်စုံနေသည်ကို တွေ့ရှိရသည်မှာ မုန်ညင်းပန်းမန်ပင်လယ်ကြီးသည် အညွန့်တလူလူနှင့် အားအင်သစ်များ ပြည့်လျှမ်းနေပါတော့သည်။
သတင်းထောက်--Shao Weicen၊ Wang Mingting
တရုတ်ဧကတစ်သောင်းကျော်ရှိ မုန်ညင်းပန်းမန်ခင်းပေါ်တွင် လူစီးမိုးပျံပူဖောင်းများ ပျံဝဲလျက်ရှိသည်။
ကောင်လီကုန်းတောင်ဝန်းရံနေသော ကျဲထုပ်ပန်းမန်ပင်လယ်ကြီး၏အလှတရား။
ကျဲထုပ်ပန်းမန်ပင်လယ်ကြီးအတွင်း စက်ဘီးစီးနေစဉ်။
ပွဲတော်ကို အတူဆင်နွှဲကြသည့် ရိုးရာဝတ်စုံများဝတ်ဆင်ထားသော အမျိုးသမီးများအား မုန်ညင်းပန်းမန်ပင်လယ်ကြီးနှင့်အတူ တွေ့ရစဉ်။
ပျံဝဲနေသော မိုးပျံပူဖောင်းများနှင့် ကြယ်ပုံသဏ္ဍာန်တန်ဆာဆင်ထားသော ရွက်ဖျင်တဲကို ရှုစားနိုင်သည်။
တရုတ်ဧကတစ်သောင်းကျော်ရှိ မုန်ညင်းပန်းခင်းကြီးအား ကောင်းကင်ကမြင်တွေ့ရသည့် ရှုခင်းဖြစ်သည်။
ခရီးသွားဧည့်သည်များသည် မုန်ညင်းပန်းမန်းပင်လယ်ကြီးတွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးကြသည်။
တရုတ်ဧကတစ်သောင်းကျော်ရှိ မုန်ညင်းပန်းခင်းကြီးအား ကောင်းကင်ကမြင်တွေ့ရသည့် ရှုခင်းဖြစ်သည်။