ယခုကာလတွင် ချယ်ရီပန်းများသည် ဝေေ၀ဆာဆာ ဖူးပွင့်လျက်ရှိသည်။ ကူမင်းမြို့ရှိ ချယ်ရီလမ်းမကြီး ဖြစ်သော ချွန်ကျင်လမ်းမသည် ချယ်ရီပန်းများဖြင့် ရောင်စုံပိုးချပ်ကြိုးကဲ့သို့ မွမ်းမံတန်ဆာလျက် ရှိပါသည်။
ယခုနှစ်ပိုင်းက ကူမင်းမြို့သည် ရှုခင်းလမ်းမကို ကြိုးစားပမ်းစား တည်ဆောက်ကာ ခရီးသွားလာရေးပုံရိပ်နှင့် အနှစ်သာရကို အဆက်မပြတ် မြှင့်တင်နေသည်။ ပေကျင်းလမ်းဆုံလမ်းခွမှစ၍ ချယ်ရီပန်းကို ချွန်ကျင်လမ်း လမ်းတစ်လျှောက်တွင် ရှုစားနိုင်ပါသည်။ ပေကျင်းလမ်းမှ ယွမ်ဘောလမ်းထိ ချယ်ရီပန်း အများအပြား စိုက်ပျိုးထားပြီး လမ်းနှစ်ဖက်စလုံးလည်း တွေ့မြင်နိုင်ပါသည်။ ယွမ်ဘောလမ်းမှ ကျင်တျန်ဥယျာဉ်အထိ လမ်းမရှိ သီးသန့်ခြားနားနေဇုန်တွင် စုဝေးစိုက်ပျိုးထားသည်။ အဝေးကကြည့်လျှင် ရွေ့လျားသောပန်းမန်ပင်လယ်ကြီးကဲ့သို့ ဖြစ်သည်။
ထို့ပြင် လူသွားလမ်းတွင် သစ်ပင်စိုက်ပျိုးရာနေရာ ထားရှိပါသည်။ လက်ရှိအချိန်တွင် ရှင်သန်စွာ ကြီးထွားနေသောသစ်ပင်များကို ထိန်းသိမ်းထားပါသည်။ ချယ်ရီပန်း၊ ရွှေခြည်မက်မုံပန်း၊ ဇော်မွှားပန်း စသည့်ပန်းမန်များကို တိုးချဲ့စိုက်ပျိုးခဲ့သည်။ တစ်နှစ်လုံး ပန်းပန်အလှတရားကို ရှုစားနိုင်မည် ဖြစ်သည်။
သတင်းထောက်--Li Qiuming