ယူနန်ပြည်နယ်ရှိ ဒူလုံလူမျိုး၊ တအောင်လူမျိုး၊ ဂျီးနော်လူမျိုး တို့သည် မိသားစုအားလုံး ဆင်းရဲနွမ်းပါးမှု မှလွတ်မြောက်ပြီဖြစ်ကြောင်း ကြေညာ

2019-04-22 18:21:13 |သတင်းအရင်းအမြစ်

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် အဓိကထား ဆောင်ရွက်နေချိန်တွင် ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသော တိုင်းရင်းလူမျိုးများအနက် ဒူလုံလူမျိုး၊ တအောင်လူမျိုး၊ ဂျီးနော်လူမျိုး ဟူသော လူမျိုး ၃မျိုးသည် ပထမဦးဆုံးသော မိသားစုအားလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်၍ ဆင်းရဲနွမ်းပါးမှု သမိုင်းကို တိုက်ဖျက်နိုင်ခဲ့ကြောင်း ကြေညာနိုင်ခဲ့သည်။

ဤ “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” ၃မျိုးတွင် လူဦးရေ ၃ သောင်းကျော်ရှိသော်လည်း မိမိသမိုင်းကြောင်း၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု စသည့် သက်ဆိုင်ရာအကြောင်းအရာများပေါ် မူတည်ကာ စီစဉ်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆင်းရဲနွမ်းပါးနှုန်း 24.25% မှ 2.42% သို့ လျှော့ချနိုင်ခြင်းသည် လူအဖွဲ့အစည်းရှိ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး သမိုင်းကြောင်းအတွက် အခန့်ညားဆုံး မြင်ကွင်းတစ်ခု ဖြစ်သည်။

အဆိုပါသောလူမျိုး ၃ မျိုးသည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၊ အနောက်ပိုင်းဒေသ၊ တောင်ပိုင်းဒေသတွင် တည်ရှိပါသည်။ အဆိုပါဒေသများတွင် တောင်တန်းကြီး များသည်။ နေရာဒေသသည် အတော်ချောင်ကျ၍ လူအရောက်အပေါက် နည်းသည်။ ယခု မိသားစုအားလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်းတွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတာဝန်ဆိုင်ရာ အခက်အခဲ ကြီးမားကြောင်း၊ ဘက်စုံ ချမ်းသာသောဘ၀ တည်ဆောက်ရေးဆိုင်ရာ အောင်သီးအောင်နှံ ကြီးလှကြောင်း စသည်တို့ကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ဤလူမျိုး ၃မျိုးသည် စားဝတ်နေရေး ခက်ခဲသောအခြေအနေမှ “စိုးရိမ် ၂ မျိုး မရှိ၊ အာမခံ ၃ ချက် ရှိ” ဖြစ်သော ဘ၀သို့ ရောက်ရှိလာသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူ့ဆန္ဒနှင့် ရင်းရင်းနှီးနှီး ဆက်ဆံကြောင်း၊ “ညီအကိုများ တစ်ယောက်မှ မကျန်ရစ်စေရ” “တစ်ယောက်မှ မလျော့စေရ” ဟူသော ပြတ်သားသော ကတိစကားအတိုင်း စီစဉ်လုပ်ဆောင်နေသည့်အကြောင်းကို ထပ်မံကတိပေးပြောဆိုသည်။

အခက်အခဲများ အာရုံစိုက်ခြင်းသည် ယူနန်ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် နိယာမ ဖြစ်သည်။ ပြည်နယ်အတွင်းရှိ “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” ၉ မျိုးနှင့် လူနည်းသောလူမျိုးစု ၂ မျိုးကို ဦးစားပေး၍ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ အဆိုပါနေရာဒေသအတွက် သီးခြားဖြစ်သော အတိအကျဖြစ်သော သက်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးစီမံကိန်းကို စီစဉ်ချမှတ်ပေး၍ အစိုးရနှင့် စီးပွားရေးဆိုင်ရာအရင်းအမြစ်များ ထောက်ပံ့ပေးခြင်း၊ လူ့အဖွဲ့အစည်းထောက်ပံ့ပေးခြင်း များကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။ “လူမျိုးစုတစ်မျိုးတွင် အလုပ်စီမံကိန်းတစ်ခုရှိ” နှင့် “လူမျိုးစုတစ်မျိုးတွင် ပေါင်းကူးအုပ်စုတစ်ခုရှိ” ဟူသောလုပ်ငန်းပုံစံကို တီထွင်ထားသည်။ တပြိုင်နက်တွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေသည်။

တစ်နှစ်တာကာလပတ်လုံး ခက်ခဲမှု များစွာရှိသည်။ ထူးခြားသောလုပ်ငန်းဖြင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်း၊ အလုပ်ခွင်စီစဉ်ပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်း၊ ရပ်ကွက်နေရာ ရွှေ့ပြောင်းခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်း စသည်တို့ကို စီစဉ်ဆောင်ရွက်သည်။ ဆောင်ရွက်ချက်အမျိုးမျိုးဖြင့် စီစဉ်ပြီး ငွေကြေးထောက်ပံ့ပေးခြင်း၊ စီးပွားရေးလုပ်ငန်း ထောက်ပံ့ပေးခြင်း၊ ရွာအခြေခံ၍ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခြင်း၊ မိသားစုတစ်ခုခြင်းစီ သီခြား စီစဉ်ပေးခြင်း စသည့် လုပ်ဆောင်ချက်များကို အစီအစဉ်အလိုက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ နည်းပညာထောက်ပံ့ပေးခြင်း၊ အတွေးအမြင် မြှင့်တင်ပေးခြင်း စသည်တို့ဖြင့် ကြိုးစားရန် တိုက်တွန်းသည်။ ယူနန်ပြည်နယ်ရှိ “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” နေသည့်နေရာတွင် မြောက်များစွာသော ပညာ၊ နည်းပညာ လေ့ကျင့်ရေးသင်တန်းများကို စီစဉ်တည်ထောင်၍ ဟန်းစက် APP အသုံးပြုခြင်း၊ အများသုံးဘာသာစကား သင်ပေးခြင်း များကို စီစဉ်ဆောင်ရွက်သည်။ ထို့အပြင် “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” နေသည့်နေရာရှိ အရာရှိများကို ဖွဲ့စည်း၍ ခေတ်သစ်နေရာသို့ သင်ယူလေ့လာရန် စီစဉ်ပေးသည်။

နှစ်ပေါင်းများစွာ ကြိုးစားခြင်းဖြင့် အောင်မြင်မှုရလဒ်ကို နောက်ဆုံးတွင် ရရှိလာသည်။ “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” နေသည့်နေရာတွင် အခြေခံအဆောက်အဦး နေ့စဉ်နှင့်အမျှ ကောင်းမွန်ပြည့်စုံလာသည်။ မိမိနေထိုင်မှုဘ၀နှင့် သက်ဆိုင်သော လုပ်ငန်းလည်း တိုးတက်လာသည်။ “စိုးရိမ် ၂ မျိုး မရှိ” ဟူသော ရည်ရွယ်ချက်ကို လူအများ၏စုစည်းမှုဖြင့် ဖော်ဆောင်သွားပြီး “အာမခံ ၃ ချက် ရှိ” ဟူသော ရည်ရွယ်ချက်အား ဆက်လက်ခိုင်မာလာစေသည်။ ယခုအချိန်တွင် “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်နေရာ” တွင် မော်တော်ကား၊ အင်တာနက်၊ စမလ်ဖုန်း စသည့် ခေတ်ပေါ် ပစ္စည်းသည် ထူးဆန်းသောအရာ မဟုတ်တော့ပေ။ အွန်လိုင်းဈေးဝယ်ခြင်း၊ နေအိမ်အသစ်၊ အိမ်သာကိုရေးဆေးခြင်း စသည့် မြို့ပြအပြုအမူများသည်လည်း ပုံမှန်အကြောင်းအရာများသာ ဖြစ်သည်။

“ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” ၃မျိုး၏ လူတိုင်းရရှိနိုင်သော ၀င်ငွေသည် တစ်ပြည်နယ်လုံးရှိ ပျမ်းမျှနှုန်းထက် များလာပြီ ဖြစ်သည်။ အခြေခံအားဖြင့် အများခံစားရရှိသော အကျိုးဆောင်လုပ်ငန်းဖက်တွင်လည်း တစ်ပြည်နယ်လုံးရှိ ပျမ်းမျှနှုန်းနှင့် နီးကပ်နေပြီဖြစ်သည်။ နုမြစ်ချောင်းဒေသတွင်ရှိ ဒူလုံလူမျိုးသည် ပြင်ပနှင့် ဆက်သွယ်နေပြီဖြစ်၍ ခေတ်အနောက်ကျဆုံးလူမျိုး မဟုတ်တော့ပေ။ အနောက်ပိုင်းဒေသရှိ တအောင်လူမျိုးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ချမ်းသာလာပြီ ဖြစ်သည်။ တောင်ပိုင်းဒေသ စစ်ဆောင်ပန်းနားရှိ ဂျီးနော်လူမျိုးရွာအုပ်စုသည် နာမည်ကျော်ကြားသော ခရီးလည်ပတ်ရာနေရာဖြစ်ပြီး လူတိုင်းပျမ်းမျှဝင်ငွေသည် ၁၁၇၅၇ ယွမ်ရှိပြီ ဖြစ်သည်။

“ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” ၃မျိုးသည် ဆင်းရဲတွင်းမှ လွတ်မြောက်သည့် အောင်မြင်မှုသည် ပထမဆုံး ခြေလှမ်းဖြစ်သည်။ ယနှစ်အတွင်းတွင် ယူနန်ပြည်နယ်ရှိ “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” ၇ မျိုးနှင့် လူဦးရေအနည်းငယ်ရှိလူမျိုးစုသည်လည်း ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်အောင်မြင်နိုင်ပြီး ၂၀၂၀ ခုနှစ်တွင် တစ်ပြည်နယ်လုံးရှိ “ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့်လူမျိုး” ၁၁ မျိုးနှင့် လူဦးရေအနည်းငယ်ရှိလူမျိုးစုများသည်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတွင် အကုန်လုံးအောင်မြင်ရန် ဖော်ဆောင်နိုင်မည် ” ဟုယူနန်ပြည်နယ်အစိုးရ ဒုအတွင်းရေးမှူး ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဌာနမှူး ဟွန်ယူဘောက ပြောကြားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006