နွေရာသီအစတွင် ယူနန်ပြည်နယ် လင်ချန်းမြို့ ဖုန်ချင့်ခရိုင် တယ့်စီလီရွာတွင် လက်ဖက်ရွက် ခူးယူခြင်းဖြင့် အလုပ်များလျက် ရှိနေပါသည်။ လက်ဖက်စိုက်ခင်းတွင် လက်ဖက်စိုက်လယ်သမားများသည် ယူနန်လက်ဖက်နီကို ခူးယူနေသည်။ အဆိုပါမြင်ကွင်းသည် စိမ်းလန်စိုပြေသော လက်ဖက်ရွက်ဖြင့် ဆန်းတင့်ဝေဆာလှသော ကျေးရွာရုပ်ပုံပန်းချီကား ရေးဆွဲထားသကဲ့သို့ ဖြစ်နေပါသည်။
ဖုန်ချင့်ခရိုင်အား ‘ကမ္ဘာ့ ယူနန်လက်ဖက်နီဇာတိမြေ’ ဟူသောအမည်ဖြင့် ချီးကျူးဂုဏ်ပြု ပေးခဲ့သည်။ ပြည်တွင်းပြည်ပ နာမည်ကျော်ကြားသော ယူနန်လက်ဖက်နီ၏ ဇာတိမြေဖြစ်သည်။
ဆင်ဟွာသတင်းထောက်--Wang Yu