ဟားနီလူမျိုးဆိုင်ရာ ယဉ်ကျေးမှုသမိုင်းကြောင်းပြတိုက်(ဟွန်ဟယ်ဟားနီလူမျိုး၊ ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လှေကားထစ်စိုက်ခင်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စီမံခန့်ခွဲမှုပြသရေးစင်တာ)သည် ယူနန်ပြည်နယ် ဟွန်ဟယ်ဟားနီလူမျိုး၊ ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယွမ်ရန်ခရိုင်၌ ယခုနှစ် မတ်လတွင် တရားဝင် စတင်ဖွင့်လှစ်ထားပါသည်။
ဟွန်ဟယ်ဟားနီလူမျိုး၊ ရီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယွမ်ရန်ခရိုင်ရှိ လှေကားထစ်စိုက်ခင်း ရှုခင်းအလှ
အဆိုပါပြတိုက်သည် ဟားနီလူမျိုးဆိုင်ရာ လှေကားထစ်စိုက်ခင်းယဉ်ကျေးမှုကို ပြည့်ပြည့်စုံစုံ စုစည်းမှတ်တမ်းတင် ပြသထားသည်။ ဆန်စပါးစိုက်ပျိုးရေးစနစ်အကြောင်း၊ လယ်ယာစိုက်ပျိုးရေးနည်းပညာအကြောင်း၊ လူမျိုးစုရွှေ့ပြောင်းမှုအကြောင်း၊ နေထိုင်စားသောက်မှုအကြောင်းစသည်တို့ပါဝင်သည်။ အဆိုပါအကြောင်းအရာတို့သည် ဟားနီလူမျိုးဆိုင်ရာ လှေကားထစ်စိုက်ခင်းယဉ်ကျေးမှုအမွေအနှစ်၏ အမြုတေနှင့် အသက်ဝိညာဉ် ဖြစ်ပြီး အနီးပတ်ဝန်းကျင်းရှိ လှေကားထစ်စိုက်ခင်း၊ ကျေးရွာများနှင့်အတူ အပြန်အလှန်ဆက်စပ်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကို အနှောက်အယှက်ကင်းစွာ ပြသရန်နှင့် ရှင်သန်လှုပ်ရှားစွာပြသရန် ဖော်ဆောင်ထားပါသည်။
ဟားနီလူမျိုးသည် ယူနန်ပြည်နယ်တွင် သီးခြားနေထိုင်သော လူမျိုးစုတစ်မျိုးဖြစ်ပါသည်။ အများအဖြင့် ယူနန်ပြည်နယ်တောင်ပိုင်းဒေသရှိ ယွမ်မြစ်(ဟွန်ဟယ်)၊ လန်ချာမြစ်ဖြစ်သော မြစ်နှစ်ကြောင်းအကြားတွင် စုစည်းနေထိုင်ကြသည်။
ဆန်စပါးရိတ်သိမ်းစဉ်
ဟားနီလူမျိုးအကကပြစဉ်
သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသဘောတရားများကို သိကျွမ်းနားလည်သည့် ဟားနီလူမျိုးသည် မတူကွဲပြားသော ရေမြေအခြေအနေနှင့် အရည်အသွေးများပေါ် မူတည်ပြီး လှေကားထစ်စိုက်ခင်းကို လယ်ထွန်စိုက်ပျိုးနိုင်သည်။ “တောင်ကြီးမည်မျှမြင့်မားသည်ဖြစ်စေ၊ ရေမည်မျှမြင့်မားသည်ဖြစ်စေ”ဟူသော သဘာဝအကြောင်းအရာကို အခြေပြု၍ တစ်နှစ်တာပတ်လုံး စီးဆင်းလျက်ရှိသော မြစ်ချောင်းမြစ်ရေကို တောင်စောင်းမြောင်းဖြင့် လှေကားထစ်စိုက်ခင်းသို့ သွယ်တန်းစီးဆင်းစေသည်။
လှေကားထစ်စိုက်ခင်းသည် အေးလောင်တောင်သဘာဝဂေဟစနစ်အပေါ်တွင် တည်ထောင်ထားသော ကျန်းမာအားသာသော စိုက်ပျိုးရေးဂေဟစနစ်ဖြစ်ပြီး ဟားနီလူမျိုးဆိုင်ရာ လူမှုရေး၊ ယဉ်ကျေးမှုဂေဟစနစ်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ အနောက်တောင်ပိုင်းကုန်းမြင့်ဒေသရှီ ဟားနီလူမျိုးနေထိုင်သောနေရာတွင် ဟားနီလူမျိုးမှ လယ်ထွန်ထားသော လှေကားထစ်စိုက်ခင်းရှိကာ လှေကားထစ်စိုက်ခင်းသည် ဟားနီလူမျိုး၏ အထိမ်းအမှတ်ဖြစ်လာပါသည်။
မိုးတိမ်ပေါ်က ဟားနီ
ဟားနီလူမျိုးပွဲတော်ရင်ပြင်
လူသားလုပ်ဆောင်ထားသော၊ တီထွင်ဖန်တီးထားသော ယဉ်ကျေးမှုအဖြစ် ဖြစ်တည်နေသည့်လှေကားထစ်စိုက်ခင်းသည် ဟားနီလူမျိုးဆိုင်ရာ ရှည်လျားကြာမြင့်သော သမိုင်းကြောင်းတွင် များပြားကြွယ်ဝသော ယဉ်ကျေးမှုကို စုစည်းထား၍ ရှုပ်ထွေးပြီး ကွဲပြားခြားနားသော နေထိုင်မှုဘ၀နှင့် ဆက်စပ်လျက်ရှိပါသည်။
သတင်းထောက်။ ။ ဖန့်ဖန်းယွိ၊ ဖန်းယွဲ့(ဆင်ဟွာသတင်းဌာန)