၂၀၁၉ ခုနှစ် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲက ဇွန်လ ၁၂ ရက်တွင် ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ

2019-06-12 16:05:16 |သတင်းအရင်းအမြစ် 云南日报

၂၀၁၉ ခုနှစ် တောင်အာရှ၊အရှေ့တောင်အာရှနိုင်ငံကုန်စည်ပြပွဲ(အောက်ပိုင်းတွင် ကုန်သွယ်ညှိနှိုင်းပွဲဟုအတိုခေါ်သည်)သည် ဇူလိုင်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ကူမင်းတျန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တွင် ကျင်းမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရပါသည်။

အဆိုပါကုန်သွယ်ညှိနှိုင်းပွဲသည် “တံခါးဖွင့်ရှေ့တန်းတွင် အတူတူစုစည်းခြင်း၊ လွှမ်းအုပ်ဖြာထွက်ဗဟိုကို အတူတူတည်ထောင်ခြင်း၊ စည်ပင်သာယာဖွံ့ဖြိုးတိုးတက်မှုကို အတူတူမျှဝေခံစားခြင်း”ဟူသော ဆောင်ပုဒ်ဖြင့် တံခါးဖွင့်ရှေ့တန်း၊ လွှမ်းအုပ်ဖြာထွက်ဗဟိုဟူသော မဟာဗျူဟာမြောက် ဆောင်ရွက်ပြီး၊ “ပုံစံ ၂ မျိုးနှင့် အကြောင်း ၃ ခု(ပုံစံ၂ မျိုးဆိုသည်မှာ ဂေဟပုံစံနှင့် တီထွင်ဖန်တီးမှုပုံစံဖြစ်ပြီး အကြောင်း ၃ ခုဆိုသည်မှာ ခေတ်မှီတိုးတက်ခြင်းရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာရှိကြောင်းနှင့် သတင်းအချက်အလက်နည်းပညာရှိကြောင်းဖြစ်သည်။) ”၊ အဓိကလုပ်ငန်း ၈ မျိုး၊ ကမ္ဘာ့ထိပ်တန်း“အရေး ၃ ပါး(အရေး ၃ ပါးဆိုသည်မှာ အစိမ်းရောင်အစားအစာ၊ အစိမ်းရောင်စွမ်းအင်နှင့် ကျန်းမာနေထိုင်မှုဘ၀ခရီးလမ်း ၃ ပါးဖြစ်သည်။)”နှင့် ဒစ်ဂျစ်တယ်စီးပွားရေးများဖြစ်သော မဟာဗျူဟာခေတ်ပေါ်လုပ်ငန်းများကို မူတည်ပြီး ပြပွဲကို စီစဉ်ထားပါသည်။ ဤတစ်ကြိမ်ကုန်သွယ်ညှိနှိုင်းပွဲတွင် သီရိလင်္ကာနိုင်ငံအား ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ဂုဏ်သရေရှိဧည့်သည်နိုင်ငံအဖြစ်က မ္ဘောဒီးယားနိုင်ငံကိုဖိတ်ခေါ်ထားသည်။ ကုန်သွယ်ညှိနှိုင်းပွဲတွင် ပြခန်းစုစုပေါင်း ၁၇ ခုစီစဉ်ထားပြီး ဧရိယာမှာ စတုရမ်းကီလိုမီတာ ၁.၇ သိန်းရှိ၍ ပြကွက်နေရာစုစုပေါင်း ၇၅၀၀ ရှိသည်။ ကုန်သွယ်ညှိနှိုင်းပွဲကျင်းပစဉ်ကာလအတွင်းလှုပ်ရှားမှု ၁၄ မျိုးကျင်းပပြုလုပ်ဆောင်ရွက်မည်ဖြစ်သည်။ စုစုပေါင်း ၇၄ နိုင်ငံနှင့်ဒေသမှ၊ ပြည်တွင်းပြည်နယ်(မြို့နယ်၊ပြည်နယ်ခွဲ)မှ ကုမ္ပဏီစုစုပေါင်း ၃၃၈၄ ခု၊ ထိုင်ဝမ်ဒေသစက်မှုလုပ်ငန်းအထွေထွေအသင်းစသည့် အဖွဲ့အစည်းကိုယ်စားလှယ်ဦးရေစုစုပေါင်း ၅၀၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းတာဝန်ခံနှင့် စီးပွားရေးနယ်ပယ်ခေါင်းဆောင်စသည့် ကိုယ်စားလှယ်ဦးရေစုစုပေါင်း ၁၆၀ ကျော်တက်ရောက်လာပါမည်။ ၎င်းတို့အနက်တွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ မှ ကုမ္ပဏီ ၂၀ ခု၊ ပြည်တွင်းထိပ်တန်းကုမ္ပဏီ ၅၀၀ မှ ကုမ္ပဏီ ၁၈ ခုနှင့် အခြားနာမည်ကျော်ကြားသောကုမ္ပဏီ ၇၈ ခုပါဝင်ပါသည်။

အရည်အချင်းအဆင့်မြင့်သော ကုန်သွယ်ညှိနှိုင်းပွဲကို ကျင်းပခြင်းသည် ယူနန်ပြည်နယ်အနေဖြင့် “၀င်လာရန် ဆွဲဆောင်ခြင်း”နှင့် “အပြင်သို့ထွက်ခြင်း”တို့ကို ပေါင်းစပ်အကောင်အထည်ဖော်ခြင်း၊ သွင်းကုန်ပို့ကုန်ပေါင်းစပ်ခြင်း၊ အမျိုးမျိုးသော ဈေးကွက်ကို ရှာဖွေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ကောင်းမွန်စွာ စီစဉ်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရန် အရေးကြီးသော ဆောင်ရွက်မှုဖြစ်သည်။ ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဖိုရမ်ရလဒ်ကို ဆောင်ရွက်ရန် “ကြိုတင်အကွက်ချခြင်း”ဖြစ်သည်။ ယူနန်ပြည်နယ်အနေဖြင့် တံခါးဖွင့်ရှေ့တန်းတွင် တည်ရှိခြင်း၊ ဖြာထွက်ဗဟိုဖြစ်ခြင်း၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”တည်ဆောက်ရေးအတွက် တက်ကြွစွာ ပါဝင်အကျိုးဆောင်ခြင်းဆိုင်ရာ ကောင်းမွန်သော ရုပ်ပုံလွှာကို ပြသရန်အတွက် အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။ ပြီးခဲ့သော ကုန်သွယ်ညှိနှိုင်းပွဲနှင့် နှိုင်းယှဉ်ကြည့်လျှင် ထူးခြားသောပြောင်းလဲမှု ၄ ရပ်ရှိပြီး စမတ်ရှိခြင်း၊ အစိမ်းရောင်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာရှိခြင်း၊ နာမည်တံဆိပ်ရှိခြင်းစသည့်ထူးခြားချက်များဖြစ်သည်။

ဒစ်ဂျစ်တယ်ယူနန်ပြခန်းကို ပထမဆုံးအကြိမ်စီစဉ်ထားသည်။ “ဒစ်ဂျစ်တယ်ယူနန်”ပြခန်းနဲ့ 5G အင်တာနက် ထိတွေ့ခံစားပြခန်းတွင် “ဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ်ခရီးလှည့်လည်”၊ “ဖုန်းတစ်လုံးဖြင့် အလုပ်ကိစ္စကိုဖြေရှင်းဆောင်ရွက်”၊ “ဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ်ထွက်ကုန်စုစည်း”စသည့်ဒစ်ဂျစ်တယ်စီးပွားရေးရလဒ်ကို ပြသပေးမည်။ ဤတစ်ကြိမ် ကုန်သွယ်ညှိနှိုင်းပွဲသည် “အင်တာနက် + ပြခန်း” ဖြစ်သည့် “နှစ်မျိုးပြိုင်ပြပွဲ” ပုံစံ ဖြစ်ပါ၍ “ဒစ်ဂျစ်တယ်ယူနန်၊ နိုင်ငံတကာမျှဝေခံစား”ဟူသော ဆောင်ပုဒ်နှင့်အညီ ပြပွဲတစ်ခုလုံးတွင် 5G အင်တာနက်လွှမ်းခြုံရန် အဓိကစီစဉ်ထားသည်။ 4K ၊ AI ၊ AR ၊ VR စသော ဒစ်ဂျစ်တယ်နည်းပညာသစ်များကို အပြည့်အစုံမီးမောင်းထိုးပြသသွားမည် ဖြစ်ပြီး ပြပွဲဆိုင်ရာဒစ်ဂျစ်တယ်၊ အသိဉာဏ်၊ စမတ် စသည့် အရည်အချင်းများကို အဆက်မပြတ် မြှင့်တင်နေမည်ဖြစ်သည်။

“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပြခန်းကို ပထမဆုံးအကြိမ်စီစဉ်ထားပါသည်။ မြို့နယ်အသီးသီး၊ ပြည်နယ်ခွဲအသီးသီး၊ နည်းပညာဇုန်အသီးသီးသည် နည်းအမျိုးမျိုးဖြင့် တံခါးဖွင့်ခြင်းဆိုင်ရာအောင်မြင်မှုရရှိသောမှတ်တမ်းများကို အစစအရာရာပြီးပြည့်စုံစွာ ပြသရန် တိုက်တွန်းပါသည်။ နေရာဒေသအသီးသီးမှ ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခြင်းဆိုင်ရာအကြောင်းအရာ၊ ပေါ်လစီအားသာချက်၊ လုပ်ငန်းထူးခြားချက်နှင့် လုပ်ငန်းစီးပွားရေးပတ်ဝန်းကျင်များကို အဓိကတင်ဆက်ပြသပြီး ယူနန်ပြည်နယ်ဆိုင်ရာခေတ်သစ်ကာလရှိ ကောင်းမွန်လှပသော တံခါးဖွင့်နေခြင်းရုပ်ပုံလွှာနှင့် အစီအစဉ်စနစ်ကို အဖက်ဖက်မှ ပြသပါမည်။

အစိမ်းရောင်စွမ်းအင်ပြခန်းများကို ပထမဆုံးအကြိမ်စီစဉ်ထား၍ ဤပြခန်းတွင် လုပ်ငန်းကုမ္ပဏီကြီးများပါဝင်ပြသမည်ဖြစ်သည်။ ယူနန်ပြည်နယ် အစိမ်းရောင်စွမ်းအင်ဆိုင်ရာများပြားလှသော အလားအလာနှင့် တမူထူးခြားသော အားသာချက်များကို ပြသပြီး “အစိမ်းရောင်စွမ်းအင်”ကို ဤတစ်ကြိမ်ကုန်သွယ်ညှိနှိုင်းပွဲရှိ ထူးခြားမှုတစ်ခုအဖြစ် တည်ထောင်ရန် ကြိုးစားဆောင်ရွက်မည်ဖြစ်သည်။ တပြိုင်နက်တည်းတွင် အစိမ်းရောင်စွမ်အင်ပြခန်းသည် သစ်တောဂေဟထုတ်ကုန်ပြကွက်၊ ဇီဝဆေးဝါးနှင့်ကျန်းမာရေးပြကွက်၊ အစိမ်းရောင်းအစားအစာပြကွက် စသည့် အစိမ်းရောင်ဇီဝဆိုင်ရာပြခန်းနှင့် လျော်ညီစေခြင်းဖြင့် ယူနန်ပြည်နယ် အစိမ်းရောင်စွမ်းအင်နည်းပညာထွက်ကုန်၊ အစိမ်းရောင်လယ်ယာထွက်ကုန်၊ ကုန်းမြင့်ဒေသထွက်ကုန်၊ ယူနန်ပြည်နယ် ဂေဟခရီးသွားလာရေးနှင့် ကျန်းမာရေးထွက်ကုန်များကို ပြည်တွင်းပြည်ပမှ လာရောက်သော ဧည့်သည်များအတွက် မိတ်ဆက်ပေးပြီး ယူနန်ပြည်နယ်ဆိုင်ရာ ကမ္ဘာ့ထိပ်သီး“အရေး ၃ ပါး”ကို စဉ်ဆက်မပြတ်တည်ထောင်ရန် ခိုင်မာသောဆုံးဖြတ်ချက်နှင့် ခိုင်မာသောယုံကြည်ချက်တို့ဖြင့် အစစအရာရာပြည့်စုံစွာဆောင်ရွက်နေပါသည်။

ကုန်သွယ်ညှိနှိုင်းပွဲဖွင့်လှစ်သည့်နေ့တွင် “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ”ကို တရားဝင် စတင်ဖွင့်လှစ်ထားမည်ဖြစ်သည်။ နိုင်ငံတော်ရုပ်ပုံလွှာပြခန်း၊ ထူးခြားကုန်စည်များရောင်းဝယ်ရေးပြခန်းစသည့်ပြခန်း ၂ ခန်းကို ပထမဆုံးအကြိမ် စီစဉ်ထားပြီး ဧရိယာစတုရမ်းမီတာ ၁ သောင်းရှိသည်။ နိုင်ငံတော်ရုပ်ပုံလွှာပြခန်းသည် နံပါတ် ၁၄ ပြခန်းတွင် တည်ရှိ၍ တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံ ပြခန်း ၁၈ ခန်းပါရှိပြီးလက်ရှိတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ရောက်ရှိနေပြီဖြစ်သည်။ ထူးခြားကုန်စည်ရောင်းဝယ်ရေးပြခန်းသည် နံပါတ် ၁၅ ပြခန်းတွင် တည်ရှိ၍ ရောင်းဝယ်ရေးဧရိယာ ၇ ခုရှိပြီး တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၂၀ ရောက်ရှိနေပြီဖြစ်သည်။ “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ”သည် Bonded ကုန်ပစ္စည်း၊ Dutiable ကုန်စည်များကို အွန်လိုင်းရောင်းချခြင်းနှင့် ဆိုင်ဖွင့်ရောင်းချခြင်း၊ လက်လီရောင်းချခြင်းနှင့် လက်ကားရောင်းချခြင်းစသည့်နည်းလမ်းများဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံ ထွက်ကုန်များကို တစ်နှစ်တာပတ်လုံး ပြသရောင်းချပြီး ပြပွဲဆိုင်ရာအကျိုးရလဒ်ကို တိုးတက်စေနိုင်ပါသည်။ “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ”ကို အားသွန်ခွန်စိုက်တည်ထောင်ရန် ဆောင်ရွက်နေပါသည်။

ယူနန်ပြည်နယ် ပြည်သူ့အစိုးရဌာန ဒုအုပ်ချုပ်ရေးမှူး၊ ၂၀၁၉ ခုနှစ် ကုန်သွယ်ညှိနှိုင်းပွဲလုပ်ငန်းကော်မတီတာဝန်ခံ ကျန်းကိုဟွာသည် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုအတွင်းရေးမှူး H.E.HIMSOTITHYA ၊ ကမ္ဗောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုအတွင်းရေးမှူး H.E. PhD CHHEANLEANG ၊ ကူမင်းမြို့အခြေစိုက် လာအိုနိုင်ငံ ကောင်စစ်ဝန်ချုပ် ခန်ဖွန်ဖုန်စန်တီ၊ ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ် Miss NitivadeeManitkul ၊ ကူမင်းမြို့အခြေစိုက် ကမ္ဘောဒီးယားနိုင်ငံ ကောင်စစ်ဝန်ချုပ် ယီဝေလော်၊ ကူမင်းမြို့အခြေစိုက် မလေးရှားနိုင်ငံ ကောင်စစ်ဝန်ချုပ်ဖေရီးစဒ်၊ ကူမင်းမြို့အခြေစိုက် ဗိယက်နမ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ အရာရှိများက အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပါဝင်တက်ရောက်ပါသည်။ “တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများမှ အဓိကမီဒီယာများ ယူနန်ခရီးစဉ်”လှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော သတင်းထောက်များလည်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကြောင်းသိရပါသည်။

သတင်းထောက်။ ။ ဟန်ချင်ယွမ်(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006