ဇွန်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ညှိနှိုင်းပွဲ(အောက်ပိုင်းတွင် ကုန်သွယ်ညှိနှိုင်းပွဲဟုအတိုခေါ်သည်)သည် ကူမင်းတျန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တွင် ကျင်းပပြုလုပ်ပါသည်။ ကုန်သွယ်ညှိနှိုင်းပွဲသည် “တံခါးဖွင့်ရှေ့တန်းတွင် အတူတူစုစည်းခြင်း၊ လွှမ်းအုပ်ဖြာထွက်ဗဟိုကိုအတူတူတည်ထောင်ခြင်း၊ စည်ပင်သာယာဖွံ့ဖြိုးတိုးတက်မှုကိုအတူတူမျှဝေခံစားခြင်း”ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည်။ ပြခန်းစုစုပေါင်း ၁၇ ခုစီစဉ်ထားပြီးဧရိယာမှာစတုရမ်းကီလိုမီတာ ၁.၇ သိန်းရှိ၍ ပြကွက်နေရာစုစုပေါင်း ၇၅၀၀ ရှိသည်။ကုန်သွယ်ညှိနှိုင်းပွဲသည် တစ်ကမ္ဘာလုံးမှနိုင်ငံပေါင်း၇၄ နိုင်ငံ၊ ဒေသနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများပါဝင်လာကြသည်။