ဇွန်လတွင် ယူနန်ပြည်နယ်ရှိ မြို့ပြနှင့် ကျေးရွာများ၏ ရေကန်ထဲ၌ ကြာပန်းများစွာ ဖူးပွင့်လျက်ရှိပါ သည်။ ကြာပန်းသည် နွေရာသီတွင် ပန်းမန်၏သင်္ကေတ ဖြစ်သည်။ ကြာပန်းရေကန်ကို လေ့လာကြည့်ရှု ရန် ခရီးသည်များအား ဆွဲဆောင်လျက်ရှိပါသည်။ လေပြေတွင် ကြာပန်းအခက်များ ယိမ်းနွဲ့လှုပ်ရှားနေပုံ ကို ရှုစားရင်းနှင့် ကြာပန်းအလှတရားကို မှတ်တမ်းရိုက်ကူးကြသည်။
ဒေသအသီးသီးတွင် ရေကန်များသည် ဆန်းတင့်ဝေဆာလှသော ကြာပန်းကမ္ဘာ ဖြစ်လာပါသည်။ မြို့ပြတွင်တည်ရှိသော ကူမင်းတာ့ကွမ်ဥယျာဉ်သည် တမူထူးခြားသောရှုခင်း ဖြစ်နေသည်။ နံနက်ပိုင်းမှ စ၍ မြို့သူမြို့သားနှင့် ခရီးသည်များအား လာရောက်လေ့လာရန် ဆွဲဆောင်လျက်ရှိပြီး လမ်းလျှောက်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း စသည်တို့ဖြင့် တစ်နေ့တာနေထိုင်မှုဘ၀ကို စတင်လိုက်ကြပါတော့သည်။
သတင်းထောက်--Zhang Tong