သဘာဝမှို မြည်းစမ်းသုံးဆောင်ခွင့် ရပါပြီ

2019-06-21 18:12:44 |သတင်းအရင်းအမြစ် 云桥网

ကူမင်းကျွမ်ရှင်ဟင်းသီးဟင်းရွက်ဈေး သဘာဝမှိုဖလှယ်ရေးဈေးကွက်တွင် ဇွန်လ(၂၀)ရက်နေ့က ရာသီပေါ်သဘာဝမှိုအမျိုးမျိုး စတင်ရောင်းချလာရာ မြို့သူမြို့သားများ၏စိတ်ဝင်စားမှု များပြားလာလျက် ရှိသည်။ ယူနန်နယ်သူနယ်သားများ အကြိုက်ဆုံးသော သဘာဝမှိုအား မြည်းစမ်းသုံးဆောင်ခွင့်ရပြီဖြစ်သည်။

ယခုနှစ် မိုးနည်းသောရာသီဥတုကြောင့် ယူနန်သဘာဝမှိုအား ရောင်းချရန် ရက်(၂၀)ကျော် နောက်ကျခဲ့သည်။ ဇွန်လအလယ်ပိုင်းတွင် သဘာဝမှိုထုတ်လုပ်ဇုန်တွင် မိုးရာသီဝင်ရောက်သည်နှင့်အမျှ ယူနန်သဘာဝမှို ရောင်းချမှုပမာဏမှာ တစ်နေ့တခြား တိုးမြှင့်လာပါသည်။ ဈေးနှုန်းလည်းများစွာ လျော့ကျခဲ့သည်။ ယခုအခါ ချင်ထုပ်သဘာဝမှို၊ လျူကန်သဘာဝမှို၊ ကျီကျုံသဘာဝမှို များအား အဓိက သဘာဝမှိုအမျိုးအစားဖြင့် ရောင်းချနေသည်။ ဇူလိုင်လမှ သြဂုတ်လအထိ ယူနန်ပြည်နယ်သည် သဘာဝမှိုဖလှယ်ရေးရောင်းချမှု အမြင့်ဆုံးကာလသို့ ရောက်လာမည်ဟု ခန့်မှန်းထားပါသည်။

သတင်းထောက်--Yang Zheng

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006