ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ရှီစန်ကျေးရွာ ရင်းဖန်တိုင်းရင်းသားမူလတန်းကျောင်းသည် ဂျိမ်းဖောတိုင်းရင်းသားဓလေ့ထုံးစံနှင့် ပြည့်လျှံသော နှစ်ဘာသာဖြင့် သင်ကြားသည့် မူလတန်းကျောင်းတစ်ကျောင်း ဖြစ်သည်။ ဤကျောင်းကို ၁၉၅၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ယခုလက်ရှိတွင် ကျောင်းသားဦးရေမှာ (၃၆၉)ဦးရှိပြီး ၎င်းအနက် ဂျိမ်းဖောတိုင်းရင်းသားကျောင်းသားမှာ (၃၁၄)ဦး ရှိပါသည်။
အဆိုပါကျောင်းသည် “တိုင်းရင်းသားယဉ်ကျေးမှုကို ဆက်ခံခြင်း၊ နာမည်ကျော်ကြားသော တမူထူးခြားသော စာသင်ကျောင်းကို တည်ထောင်ခြင်း”ဟူသောခံယူချက်ကို ထိန်းသိမ်းလက်ခံလျက် ရှိပါသည်။ ဂျိမ်းဖောတိုင်းရင်းသား စသည့်တိုင်းရင်းသားအသီးသီး၏ ကလေးများအား သာယာလှပသော ကျောင်းဝင်းတွင် ပျော်ရွှင်စွာ ရှင်သန်လာစေပါသည်။
ပုံမှာ -- ဇွန်လ(၂၁)ရက်နေ့က မန်စီမြို့ ရှီစန်ကျေးရွာ ရင်းဖန်တိုင်းရင်းသားမူလတန်းကျောင်းတွင် ဆဋ္ဌမတန်းကျောင်းသားများ စာသင်ယူနေစဉ်။
သတင်းထောက် -- Qin Qing