ကူမင်းမြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေးဌာနမှာ “ကူမင်းမြန်နှုန်းမြင့်ရထား၏ အိမ်ရာ” ဟု တင်စားခေါ်ဝေါ်သကဲ့သို့ “ကူမင်းမြန်နှုန်းမြင့်ရထား 4s ဆိုင်” သို့မဟုတ် “ကူမင်းမြန်နှုန်းမြင့်ရထား ဆေးရုံ” ဟုလည်း ခေါ်လေ့ရှိပါသည်။ တရုတ်နိုင်ငံဒေသအနှံ့သို့ မြန်နှုန်းမြင့်ရထားများ ပြေးဆွဲပြီးနောက် မြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေးဌာနကို ပြန်လည်ရောက်ရှိပြီး စစ်ဆေးခြင်း၊ တိုင်းထွာစမ်းသပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း စသည်များပြုလုပ်ရသည်။ ထို့နောက် ပြန်လည်ပြေးဆွဲရန် ထွက်ခွာမည် ဖြစ်သည်။
ကူမင်းမြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေးဌာနသည် ယူနန်ပြည်နယ် ကူမင်းမြို့ ချိန်ဂုံဇုန်တွင် တည်ရှိပြီး ကူမင်းတောင်ဖက်ဘူတာရုံနှင့် ၈.၆ ကီလိုမီတာ ကွာဝေးသည်။ ၂၀၁၆ ခုနှစ်တွင် စတင် အသုံးပြုခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အဆင့်မြှင့်တင်ပြောင်းလဲမှုစီမံကိန်းကို စတင် ဆောင်ရွက်ခဲ့သည်။ အဆင့်မြှင့်တင်ပြောင်းလဲပြီးနောက် ကူမင်းမြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေး ဌာနသည် တရုတ်အနောက်တောင်ပိုင်းဒေသရှိ အကြီးဆုံး မြန်နှုန်းမြင့်ရထား ပြုပြင်ထိန်းသိမ်းရေးနှင့် သိုလှောင်အခြေစိုက်စခန်း ဖြစ်လာပါသည်။
သတင်းထောက် -- Chen Chang၊ Nian Xinhong၊ Pan Yue