ကူမင်းမြို့တွင် ကျင်းပသောအကြိမ် ၂၀ မြောက် တရုတ်နိုင်ငံကူမင်းမြို့ နိုင်ငံတကာပန်းပြပွဲတွင် “ယူနန်ပန်းမန်”အံ့ဖွယ်အခင်းအကျင်းဖြင့် ပြသ

2019-07-15 18:30:34 |သတင်းအရင်းအမြစ် 新华网

အကြိမ် ၂၀ မြောက် တရုတ်နိုင်ငံ ကူမင်းမြို့ နိုင်ငံတကာပန်းပြပွဲဖွင့်ပွဲအား ဇူလိုင်လ ၁၂ ရက်နေ့နံနက်ပိုင်းတွင် ကူမင်းတျိန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့ပါသည်။ တပြိုင်နက်တည်းတွင် ၁၉ ကြိမ်မြောက် တရုတ်နိုင်ငံ ပန်းလက်လီရောင်းချရေးလုပ်ငန်းဆွေးနွေးပွဲနှင့် ၂၀၁၉ နိုင်ငံတကာအိမ်တွင် ပန်းအနုပညာပြပွဲကိုလည်း ကျင်းပခဲ့ပါသည်။

အဆိုပါပြပွဲတွင် ဟော်လန်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ယူဂန္ဓာနိုင်ငံ၊ အီကွေဒေါနိုင်ငံစသည့်နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပန်းကုမ္ပဏီ ၄၇ ခုနှင့် ပြည်တွင်းပန်းကုမ္ဗဏီ ၄၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။ ပြပွဲကျင်းပရာတွင် ၂၀၁၈ ခုနှစ်ရှိ “နာမည်အကျော်ကြားဆုံးပန်း ၁၀ မျိုး”ကို အဓိကစီစဉ်ထားပြီး ပြတိုက်အ၀င်မှ ပြခန်းအထိ “နာမည်အကျော်ကြားဆုံးပန်း ၁၀ မျိုး”ပန်းလမ်းမနှင့် ပန်းသရုပ်ဖော်ရုပ်လုံးကြွအလှရှုခင်းကို ဒီဇိုင်းပြုလုပ်ထားသည်။ ပြခန်းကို logo တစ်ခုတည်းပုံဖြင့် တည်ဆောက်ထားသည်။ ထို့အပြင်၂၀၁၉ ခုနှစ်“နာမည်အကျော်ကြားဆုံးပန်း ၁၀ မျိုး”ရွေးပွဲဆိုင်ရာမိတ်ဆက်ပွဲကို စီစဉ်လုပ်ဆောင်ခြင်းဖြင့် ပြည်တွင်းပြည်ပမှ လည်ပတ်ကြည့်ရှုသူအတွက် “ယူနန်ပန်းမန်”ကုန်အမှတ်တံဆိပ်သိရှိစေသော အကျိုးရလဒ်ကို ရရှိခဲ့ပါသည်။

ယခုနှစ်ပိုင်းတွင် ယူနန်ပြည်နယ်သည် တစ်ကမ္ဘာလုံးဆိုင်ရာအရေးကြီးသော အရည်အသွေးကောင်းမြတ်သည့် ပန်းကုန်ထုတ်နေရာအဖြစ် ရောက်ရှိလာသည်။ ၂၀၁၈ ခုနှစ်အတွင်း ယူနန်ပြည်နယ်ဆိုင်ရာပန်းကုန်ထုတ်ရာတွင် လတ်ဆတ်ပန်းအပင် ၁၁.၂ ဘီလီယံထိရှိပြီး ပန်းအိုးအလှစိုက်ပန်းပင်မှာ အပင်ပေါင်း ၀.၄၃ ဘီလီယံရှိသည်။ ကာနေးရှင်းပန်းပမာဏမှာ တစ်နိုင်ငံလုံး၏ ၈၅% ကျော်ပြီး နှင်းဆီပန်းပမာဏမှာ တစ်နိုင်ငံလုံး၏ ၇၀% ကျော်ရှိသည်။ တုပ်နန်ပန်းရောင်းဝယ်ရေးသည် အညွန့်တလူလူနှင့် တစ်နေ့တစ်ခြားဖွံ့ဖြိုးတိုးတက်လာပါသည်။ ကူမင်းနှင့် ယွီရှီးစသည့် ရိုးရာပန်းပင်စိုက်ကွက်သည် အဆက်မပြတ်ကြံ့ခိုင်မြှင့်တင်ပေးသည်။ ဟွန်ဟယ်၊ ချူကျင့်၊ ချူရှုန်၊ တာ့လီ၊ လိကျန်းစသည့် ပန်းပင်စိုက်ကွက်အသစ်သည်လည်း လျင်မြန်စွာ တိုးတက်နေပါသည်။

ပန်းလုပ်ငန်းသည် ယူနန်ပြည်နယ်ဆိုင်ရာ“မြစိမ်းရောင်စားသောက်ကုန်အမှတ်တံဆိပ်”၈ ခုအနက် အဓိကလုပ်ငန်းတစ်ခုဖြစ်၍၂၀၂၀ ခုနှစ်အထိ ကုန်ထုတ်ပမာဏတန်ဖိုးတွင် ၁၀၀ ဘီလီယံကျော်ရှိရန် ရည်ရွယ်ထားပြီး ယူနန်ပြည်နယ်ရှိ ပန်းလုပ်ငန်းသည် ယူနန်ပြည်နယ်ဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သာယာလှပသော လုပ်ငန်းတစ်ခုဖြစ်လာကြောင်း သတင်းအရသိရပါသည်။

ပြပွဲကျင်းပနေရာတွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ဟူအန်းချီက ဓာတ်ပုံရိုက်ကူသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006