“ဒီမှာ နေကြာပန်း လှလိုက်တာ။ ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတယ်” ဟု နေကြာပန်းပင်လယ်ကြီး တွင် လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံ အဆက်မပြတ် ရိုက်ကူးနေသော မစ္စလီက ပြောသည်။
ယခုရက်ပိုင်း၌ သတင်းထောက်သည် အန်နင်မြို့ ဝိန်ချွန်(ရေပူစမ်း)ရပ်ကွက်သို့ ရောက်ရှိပါသည်။ ရွှေဝါရောင်ထန်ချွန်တွင် စိုက်ပျိုးထားသော နေကြာပန်းခင်းသည် တရုတ်ဧက(၁၀၀)ကျော် ရှိပြီး ဝေေ၀ဆာဆာ ပွင့်လျက် ရှိပါသည်။ လာရောက်ကြည့်ရှုသော ဧည့်သည် များပြားလှပါသည်။ နွေရာသီတွင် ပန်းစိုက်ခင်း အပန်းဖြေစခန်းများသည် မြို့သူမြို့သားများ၏ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် လည်ပတ်ရန် ကောင်းမွန်သော နေရာဖြစ်လာပါသည်။
များသောအားဖြင့် ရွှေဝါရောင်ထန်ချွန်တွင် စိုက်ပျိုးသော နေကြာပန်းသည် ဇူလိုင်(၁၅)ရက်မှ သြဂုတ်(၁၅)ရက်အထိ ပွင့်လေ့ရှိပြီး ဇူလိုင် တတိယဆယ်ရက်ပိုင်းတွင် ပန်းအများဆုံးပွင့်ချိန် ဖြစ်သော်လည်း ယခုနှစ်၌ အနည်းငယ် ပိုစောပြီး ဇူလိုင်(၂၀)ရက်တွင် ပန်းအများဆုံးပွင့်သောအချိန်သို့ ရောက်ရှိပြီး သြဂုတ်အစထိ ပွင့်နိုင်ကြောင်း သိရပါသည်။
သတင်းထောက် -- Gao Shuchang