ဇူလိုင်လ ၂၇ ရက်ညပိုင်းတွင် ၂၀၁၉ ခုနှစ် ဝေးစန်းနိုင်ငံတကာ မီးရှူးတိုင်ပွဲတော်ဖွင့်လှစ်ပြီး နေရာအသီးသီးမှ ကြွရောက်လာသော ခရီးသည်များနှင့် ဒေသခံများသည် အတူတကွပါဝင်ဆင်နွှဲကြပါသည်။
ယခုနှစ်ကျင်းပသော ဝေးစန်းနိုင်ငံတကာ မီးရှူးတိုင်ပွဲတော်သည် ဝေးစန်းနှင့် ဟွာချောင်ချင်ကုမ္ပဏီအုပ်စုတို့အတူ ပထမဆုံးအကြိမ်ပူးပေါင်းဆောင်ရွက်ပြီး ခရိုင်အဆင့် ပွဲတော်နေ့ထူးနေ့မြတ်ကျင်းပခြင်းဖြစ်သည်။ နှစ်ဦးနှစ်ဖက်သည် အချင်းချင်းဖြည့်စွက်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ရှေးယခင်ကတည်းက စီးဆင်းလာသော ပွဲတော်နေ့ထူးနေ့မြတ်အတွက် ဆွဲဆောင်အားသစ်ကို ဖြစ်စေခဲ့သည်။
ဤတစ်ကြိမ် ဝေးစန်းနိုင်ငံတကာ မီးရှူးတိုင်ပွဲတော်သည် ၁ ရက်တည်းကျင်းပခြင်းမဟုတ်ပဲ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်တာကျင်းပ၍ လှုပ်ရှားမှုများပြားလှပါသည်။ ကျင်းပချိန်တိုးခြင်းနှင့် လှုပ်ရှားမှုများပြားလှခြင်းဖြင့် ခရီးသည်များအတွက် ဝေးစန်းအလှကို ပိုမိုတွေ့ကြုံခံစားကြရသည်။
ထို့အပြင် ဟွာချောင်ချင်ကုမ္ပဏီအုပ်စုသည် ကူမင်းကျောင့်စီနှင်းတောင်၊ လီကျန်းလောင်ကျွင်းတောင် လီမင်ရှုခင်းရပ်ကွက်၊ ကျူရှန်းခရီးသွားရပ်ကွက် စသည့်နေရာများတွင်လည်း မီးရှူးတိုင်ပွဲတော်ကို ကျင်းပပါသည်။
သတင်းထောက်။ ။လီဟိန်ချန့်(ယူနန်နေ့စဉ်သတင်းစာ)