ရှန်ဟိုင်းလျှန်ရှီမြို့သူမြို့သားလေ့လာရေးစင်တာတွင် ယီလူမျိုး ပန်းထိုးလက်မှုအတတ်ပညာမွမ်းမံသင်တန်းကို သြဂုတ်လ (၄)ရက်နေ့က ဖွင့်လှစ်ရာ ယူနန်ပြည်နယ် ယွမ်ရန်ခရိုင် ဟွမ်မောင်လင်မူလတန်းကျောင်းမှ ယီတိုင်းရင်းသား ဆရာမ မစုရင်သည် ပန်းထိုးလက်မှုအတတ်ပညာ စိတ်ဝင်စားသူများအား ယီလူမျိုး ပန်းထိုးလက်မှုအတတ်ပညာကို သင်တန်းပို့ချပေးလျက်ရှိသည်။
၂၀၁၇ ခုနှစ်ကတည်းက မစုရင်သည် ရှန်ဟိုင်းမှ စေတနာ့ဝန်ထမ်းများနှင့်အတူ "ယူနန်ပန်းထိုးလက်မှုပညာ အလုပ်ရုံ"ကို ထူထောင်ခဲ့သည်။ ယွမ်ရန်ကျေးရွာမှ ပန်းထိုးလက်မှုအတတ်ပညာသင်များ စုစည်းပြီး သင်တန်းပို့ချပေးသည်။ တမူထူးခြားသော ယီလူမျိုးပန်းထိုးလက်မှုအနုပညာပစ္စည်းများ ထုတ်လုပ်ပြီး ရောင်းချရာ အိမ်ထောင်စုများအား ၀င်ငွေတိုးများစေပြီး အကျိုးကျေးဇူးများစွာ ရရှိပါသည်။
ဆင်ဟွာသတင်းထောက်-- Ren Long