ရွှင်ကျင်ရှင်ချွန်လမ်းကြားတွင် လမ်းလျှောက်ကြည့်လျှင် လမ်းဘေးနံရံပေါ်က ရောင်စုံသုံးဖက်မြင်ရုပ်ကြွပန်းချီ အချို့သည် ရပ်ကွက်၏ သမိုင်းနှင့် ယဉ်ကျေးမှုအကြောင်းအရာ ဖော်ပြထားသည်ကို တွေ့ရမည်။ အချို့သည် ခေတ်မီသော နေထိုင်မှုဘ၀အငွေ့အသက်နှင့် ပြည့်လျှံနေသော တီထွင်ဆန်းသစ်သည့် စာတိုပေစ ဖြစ်ပါသည်။ ဆန်းတင့်ဝေဆာသော အရောင်ဖြင့်ဖြစ်စေ၊ ရိုးရှင်းသော မီးခိုးရောင်အုတ်ခဲဖြင့်ဖြစ်စေ ပြင်သစ်စတိုင်လ်နှင့် တရုတ်စတိုင်လ်တို့ ရောစပ်ရေးဆွဲထားခြင်းဖြစ်ပြီး ကူမင်းနယ်သူနယ်သားတို့၏ လူမှုဓလေ့ထုံးစံရှိသော သမိုင်းယဉ်ကျေးမှု လမ်းကြားပုံရိပ်ကို ဖော်ပြနေပါသည်။ သာယာလှပသော လမ်းကြားရှုခင်းအလှသည် လမ်းသွားလမ်းလာများအား အမှတ်တရဓာတ်ပုံ ရိုက်ကူးရန် ဆွဲဆောင်လျက် ရှိနေပါသည်။
ကူမင်းမြို့ ရပ်ကွက်ဟောင်း အဆင့်မြှင့်တင်ပြောင်းလဲရေး၏ ထူးခြားသောစံပြလမ်းကြားအနေနှင့် ရှီစန်ရပ်ကွက် ကျင်ပီလမ်း ရွှင်ကျင်ရှင်ချွန်လမ်းကြား၏ ပတ်ဝန်းကျင်အထွေထွေမွမ်းမံပြင်ဆင်ရေး (အဆင့်မြှင့်တင်ပြောင်းလဲရေး) စီမံကိန်းတွင် လမ်းပြုပြင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးမြှင့်တင်ခြင်း၊ အိမ်ခြံပြုပြင်ပြောင်းလဲခြင်း၊ ရှုခင်းအလှမွမ်းမံခြင်း၊ အဆောက်အဦးအလှမွမ်းမံခြင်း၊ မြို့ပြစည်ပင်သာယာရေးနှင့် အများပြည်သူအခြေခံအဆောက်အဦး ဖြည့်စွက်ခြင်း စသည့် စီမံကိန်းတို့ ပါဝင်သည်။ အဆိုပါ အဆင့်မြှင့်တင်ပြောင်းလဲရေးသည် လမ်းကြားနှင့် ရပ်ကွက်ပတ်ဝန်းကျင် သာယာ ကောင်းမွန်ဖြစ်စေလာသည့်အပြင် သမိုင်းအကြောင်းအရာနှင့် လူမှုဓလေ့ထုံးစံများအား မီးမောင်းထိုးပြနေပါသည်။ ယခုအခါ ရေပန်းစားလာပြီး လေ့လာရေးသွားရောက်ကြသည့်ဒေသလည်း ဖြစ်လာပါသည်။
သတင်းထောက်--Yang Zheng၊ Zhou Can