လေ့လာစရာစုံလင်သော ၂၀၁၉ ခုနှစ် ယဉ်ကျေးမှုလုပ်ငန်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

2019-08-09 18:43:40 |သတင်းအရင်းအမြစ် 云桥网

ဆန်းသစ်တီထွင်မှု ယူနန် ၂၀၁၉ ခုနှစ် ယဉ်ကျေးမှုလုပ်ငန်းကုန်စည်ပြပွဲအား ကူမင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပကြောင်း သိရပါသည်။

ယခုအကြိမ်ပြပွဲသည် "ယဉ်ကျေးမှုရောစပ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် တန်ဖိုး မြှင့်တင်ခြင်း" ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပရာ (၅)ရက်အတွင်း ယူနန်ပြည်နယ်၏ ယဉ်ကျေးမှု လုပ်ငန်းဖွံ့ဖြိုးမှုရလဒ်နှင့် အခြေအနေကို ပြသခြင်းဖြင့် ယဉ်ကျေးမှုဖလှယ်ရေး ပွဲတော်ကြီးဖြစ်လာပါ သည်။ ယဉ်ကျေးမှုလုပ်ငန်းကုန်စည်ပြပွဲသည် နှစ်ပေါင်းများစွာ တည်ဆောက်လာခြင်းဖြင့် ယူနန်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုရောစပ်ဖွံ့ဖြိုးမှု၊ အရေးပါယဉ်ကျေးမှုလုပ်ငန်းတည်ဆောက်ရေး၏ ရလဒ်သစ်၊ ယူနန်ယဉ်ကျေးမှုလုပ်ငန်းအင်အားမြှင့်တင်ခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးမှုအခြေအနေသစ်၊ ယဉ်ကျေးမှုလုပ်ငန်းထူးခြားချက်နှင့် ထွန်းသစ်စရလဒ်၊ ယူနန်ယဉ်ကျေးမှု လုပ်ငန်း အဆင့်မြှင့်တင်ပြောင်းလဲရန် တွန်းအားပေးခြင်း၊ ယူနန်တိုင်းရင်းသားယဉ်ကျေးမှု အင်အားတောင့်တင်းသောပြည်နယ် တည်ဆောက်ရေး၏ အရေးပါသောပလက်ဖောင်း ဖြစ်လာပါသည်။

ယခုအကြိမ်ယဉ်ကျေးမှုလုပ်ငန်းပြပွဲသည် ဘက်စုံမှနေ၍ အဆင့်မြှင့်တင်ပြောင်းလဲကာ ပြပွဲ၏ အကြောင်းအရာ ပိုပြီး ဆန်းသစ်စုံလင်ပြီး ထင်ရှားသောထူးခြားချက်လည်း ပါရှိသည်။ ပြခန်း(၇)ခန်းနှင့် ပြသနေရာခွဲ(၇)ခုတို့တွင် လှုပ်ရှားမှု(၂၀)ခု ကျင်းပခြင်းဖြင့် ယူနန်ယဉ်ကျေးမှုလုပ်ငန်း၏ ဆွဲဆောင်မှု အပြည့်အ၀ ဖော်ပြနေပါသည်။ တရုတ်ပြည်တွင်းပြည်ပယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ (၁၃၀၀)ကျော် ပါဝင်ပြသရာ ကွမ်တုံ၊ ကျဲ့ကျန်း၊ ဟိုင်နန်၊ ဖူကျန် စသည့်ပြည်နယ်များမှ လုပ်ငန်းအဖွဲ့သည် တက်ကြွစွာ ပါဝင်တက်ရောက်ကြသည်။ အာဖကန်နစ္စတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ တူရကီ၊ နီပေါ၊ အင်ဒိုနီးရှား၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ ထိုင်ဝမ်နှင့် ဟောင်ကောင် စသည့် နိုင်ငံနှင့်ဒေသ(၉)ခုမှ လုပ်ငန်းရှင်များသည် တမူထူးခြားသော ယဉ်ကျေးမှုကုန်စည်များဖြင့် ဤပြပွဲတွင် လာရောက်ခင်းကျင်းပြသကြသည်။

သတင်းထောက်--

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006