တရုတ်နိုင်ငံ၏ ပထမဆုံး ပုံတူမျိုးပွား အနံ့ခံ ရဲတပ်ဖွဲ့ခွေး "ကူရွှင်"သည် သြဂုတ်လ ၂၂ ရက်နေ့က တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ကူမင်းအနံ့ခံရဲတပ်ဖွဲ့ခွေးအခြေစိုက်စခန်းတွင် တာဝန်ထမ်းဆောင် ရန် စစ်ဆေးမှု အောင်မြင်ပြီး ရဲတပ်ဖွဲ့ရုံးတွင် တရားဝင် စတင်တာဝန်ထမ်းဆောင်ကြောင်း သိရပါသည်။
"ကူရွှင်"သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ပေကျင်းမြို့တွင် မွေးဖွားခဲ့သည်။ သူ (၃)လအရွယ်တွင် ပေကျင်းမှ ကူမင်းရဲတပ်ဖွဲ့အနံ့ခံရဲတပ်ဖွဲ့ခွေးအခြေစိုက်စခန်းတွင် မွမ်းမံသင်တန်းများ တက်ရောက် ခဲ့သည်။ ယခုအချိန်တွင် သူက အလုပ်တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီခဲ့ပါသည်။ "ကူရွှင်"သည် ကူမင်းခွေးမတစ်ကောင် ဖြစ်ပြီး ၎င်း၏ ဆဲလ် ထောက်ပံ့ပေးသော ခွေးမှာ "ဟွာဟွမ်မ"ဟု ခေါ်ဝေါ်ပါသည်။ လက်တွေ့စစ်ဆေးမှုတွင် အရည်အချင်း ထူးချွန်သည့်အတွက်ကြောင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သူကို "ဂုဏ်ထူးဆောင်ခွေး" အနေနှင့် ချီးမြှင့်ပေးခဲ့သည်။ သက်ဆိုင်ရာဌာနမှ သွေးသားတော်စပ်မှုစစ်ဆေးပြီး "ကူရွှင်"၏ DNA သည် ဆဲလ် ထောက်ပံ့ပေးသော "ဟွာဟွမ်မ" နှင့် ၉၉.၉% တူညီပြီး နှစ်ဖက်သွေးသားတော်စပ်မှုကို အတည်ပြုခဲ့သည်။
သတင်းထောက်-- Jiang Wenyao