စက်တင်ဘာလ ၁၈ ရက်နေ့ ကူမင်းမြို့အဓိကရပ်ကွက်ရှိ နန်ဖျင်လမ်း၊ ကျင့်ရိလမ်း၊ နန်ချန်လမ်းစသည့်လမ်းများတွင် ရာနှင့်ချီသော တရုတ်နိုင်ငံတော်အလံများသည် ပွဲတော်နေ့အတွက် ၀မ်းမြောက်ဂုဏ်ပြုစွာဖြင့် လွှင့်ထူထားသော မြင်ကွင်းမှာ သာယာလှပသော ရှုခင်းသာတစ်ခု ဖြစ်နေသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်(၇၀) ပြည့်ဂုဏ်ပြုသည့်အနေဖြင့် ကူမင်းမြို့တျန်းချီလမ်း၊ ကွန်ဖူလမ်း၊ မြို့ပတ်တောင်ဖက်လမ်းစသည့် လမ်းပေါင်း ၁၈ လမ်းတစ်လျှောက်တွင် သစ်လွင်တောက်ပသော တရုတ်နိုင်ငံတော်အလံများဖြင့် တန်ဆာဆင်ထားပြီး “တရုတ်အနီ”ဖြစ်သော ရူခင်းဖြင့် တင့်တယ်လှပနေသည်။
သတင်းထောက်။ ။ ရန်ကျင့် (ဓာတ်ပုံရိုက်ကူးသည်)