စာရွက်စာတမ်းများ၊ တိုင်းရင်းသားလူမျိုးနေထိုင်မှုဆိုင်ရာပစ္စည်းများ၊ ကူမင်းမြို့ကိုယ်စားပြုလူနေမှုအဆောက်အဦးပုံစံ ၁၀ မျိုး၊ တွင်ခုံစက်အသစ်အဟောင်းများကို ယူနန်ယဉ်ကျေးမှုနှင့်အနုပညာပြတိုက်တွင် စက်တင်ဘာလ ၂၅ ရက်နေ့ကစတင် ကျင်းပသော“ယူနန်ပြည်နယ်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်အောင်မြင်မှုများဂုဏ်ပြုပြပွဲ”၌ ပြသထားပါသည်။ အဆိုပါနေ့ နံနက်ပိုင်းဖွင့်ပွဲအခမ်းအနားကျင်းပပြီးနောက် လည်ပတ်ကြည့်ရှုသူများသည် ပြတိုက်ရှိ ပြခန်းရှေ့တွင် လေ့လာကြည့်ရှု၍ အတိတ်ကဖြစ်ရပ်များကို ပြန်လည်အောက်မေ့မိခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ဆောင်ကြပါသည်။ လေ့လာကြည့်ရှုသူတို့သည် ပြသထားသော စာရွက်စာတမ်း၊ ဓာတ်ပုံနှင့်ပစ္စည်းများမှတဆင့် နှစ် ၇၀ အချိန်ကာလအတွင်းတွင် ယူနန်ပြည်နယ်ဆိုင်ရာ ခန့်ညားလှပသော ပြောင်းလဲမှုများကို ထိထိရောက်ရောက်ခံစားကြရသည်။