လင်းပြီ၊ လင်းပြီ။ ယခုရက်ပိုင်းမီးအလင်းရောင်များသည် ကူမင်းမြို့ညပိုင်းအတွက် အလှတစ်မျိုးဖြစ်နေသည်ကို မြို့သူမြို့သားများက သတိထားမိကြသည်။ နွေဦးမြို့ဖြစ်သော ကူမင်းမြို့သည် မီးအလင်းရောင်ဖြင့် အလှဆင်ထားခြင်းဖြစ်သည်။ ခန့်ညားလှသော အဆောက်အဦးပေါ်တွင် တောက်ပသော မတူကွဲပြားသော ပုံစံဖြင့် ပြောင်းလဲနေသည်။ အမိနိုင်ငံရှိတောတောင်များ၊ မြစ်များ၊ ပန်းပွင့်များ၊ အချစ်ဖော်ပြသော စကားလုံးများကို မြင်တွေ့ရပါသည်။
ထို့အပြင် မြို့ဧရိယာ တွန်းဖုန်းလမ်းပေါ်တွင် လမ်းမီးတိုင်အသစ်များကို တစ်တိုင်စီထောင်ထားလာပြီး အသီး ၁၆ လုံးဖြင့် ဖွဲ့စည်းထားသော မီးတိုင်သည် ပန်းပွင့်ပုံကို ပုံဖော်ထားသည်။ မီးတိုင်တွင် နိုင်ငံတော်အလံ နှစ်ခုချိတ်ဆွဲထားပြီး အမျိုးသားနေ့ ပြီးသွားသော်လည်း ၀မ်းမြောက်ဝမ်းသာရှိနေသေးသည်။ မီးသီးအောက်တွင် ဒေါင်းပုံဖြင့် အလှဆင်ပြီး ထူးခြားသောမီးတိုင်တွင်“camelliaပန်း”ပုံဖြင့် အလှဆင်ထားသည်မှာ ကူမင်း၏ ထူးခြားချက်ကို ဖော်ပြနေသည်။