ကမ္ဘာ့နိုင်ငံနှင့် ဒေသအသီးသီးမှ အမြွှာများစွာသည် အမြွာပွဲတော်ကြီး ဆင်နွှဲရန် စုဝေးရောက်ရှိလာကြပါသည်။
အဆိုပါနေ့တွင် ကမ္ဘာ့နိုင်ငံနှင့်ဒေသအသီးသီးမှ အမြွှာအစုံ ၁၀၀၀ ကျော်သည် မော့ကျန်းခရိုင်၌ စုဝေးကြပြီး မြို့သူမြို့သားနှင့် ခရီးသည်များစွာကို ဓာတ်ပုံရိုက်ရန် ဆွဲဆောင်လျက်ရှိနေသည်။ “ပထမအကြိမ်မှာ ဒီလောက်များပြားတဲ့ နှစ်မြွှာပူး၊ သုံးမြွှာပူးတွေကို တွေ့ရှိရတယ်။ မျက်စိလည်သွားပြီလေ။ လုံးဝခွဲခြားလို့ကိုမရဘူး။”ဟု စူးကျိုးမှ ခရီးသည် မစ္စရန်က အံ့သြလိုက်ပါသည်။