လိကျန်း
ယွိလွန်နှင်းတောင် ရှုခင်းအလှကိုတွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ရန်ဇုန်ယုပ်က ဓာတ်ပုံရိုက်သည်။
တရုတ်ရိုးရာပြက္ခဒိန်၏ ရာသီချိန် ၂၄ ခုတွင် “တာ့ရွှေ” ဆီးနှင်းထန်သည့်ရာသီချိန် ပါရှိသည်။ တဖွဲဖွဲကျနေသော ဆီးနှင်းသည် တောင်ပိုင်းဒေသခံအတွက် အံ့သြဖွယ်မြင်ကွင်း ဖြစ်ပါသည်။ သို့သော် ပင်လယ်ရေမျက်နှာပြင် မြင့်မားသော တောင်ပိုင်းဒေသတွင် တည်ရှိသော ယူနန်ပြည်နယ်တွင် မြောက်ပိုင်းဒေသနှင့် မတူကွဲပြားသော ဆီးနှင်းရှုခင်းများစွာ ရှိပါသည်။ ယူနန်ပြည်နယ်ရှိဆီးနှင်းအလှသည် စိမ်းလန်းစိုပြေမှုနှင့် ပန်းမန်ပွင့်ဖူးမှုများ တွဲဖက်ရှိနေတတ်သည်။ ယူနန်ပြည်နယ်ရှိ ထူးခြားအံ့ဩဖွယ်ကောင်းလှသော သဘာဝအလှကို အတူတူခံစားကြပါစို့။