တာ့လီ ကျန့်ဟူကန်တော်သည် ဆောင်းခိုငှက်များအတွက် ပျော်ရွှင်စွာကျက်စားရာဥယျာဉ် ဖြစ်လာသည်။ ယူနန်နေ့စဉ်သတင်းစာမှ ဓာတ်ပုံပေးပို့သည်။
ကျန့်ဟူကန်တော်သည် ကျန့်ချွမ်း၏ မိခင်ကန်တော် ဖြစ်ပြီး ယူနန်ပြည်နယ်ရှိ ကုန်းမြင့်ဒေသကန်တော် တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသရှိ ဆောင်းခိုငှက်အတွက် ရွှေ့ပြောင်းလမ်းကြောင်းတွင် တည်ရှိပြီး ဆောင်းခိုငှက်များအတွက် စုစည်းအနားယူစခန်း ဆောင်းခိုနေရာလည်း ဖြစ်ကြောင်း တာ့လီကျန့်ချွမ်း ကျန့်ဟူစိမ့်မြေ သဘာဝထိန်းသိမ်းရေးစီမံခန့်ခွဲမှုနှင့် ကာကွယ်စောင့်ရှောက်ရေးဗျူရို၏ ဒုတိယဌာနမှူး ကျန်းဝမ့်ရှင်းက မိတ်ဆက်ပြောကြားသည်။