လော်ခန်းသည် အေးလောင်တောင်ရှိ ထင်းရှူးပင်သစ်တောတွင် လူလုပ်ငှက်အသိုက်သေတ္တာများ၏ ငှက်နေထိုင်မှုကို စစ်ဆေးစဉ်။ (ဒီဇင်ဘာလ ၁၂ ရက်နေ့ကဓာတ်ပုံရိုက်ကူးသည်) ။ အသက် ၃၁ နှစ်ရှိလော်ခန်းသည် ယူနန်ပြည်နယ် လန်ချန်ခရိုင်ဇာတိဖြစ်ပြီး ငှက်ဇီဝဂေဟသုတေသနပြုလုပ်နေသည်မှာ ၈ နှစ်တာကြာပြီဖြစ်သည်။ တရုတ်သိပ္ပံအကယ်ဒမီ ငှက်မွေးမြူခြင်းဆိုင်ရာ ပါရဂူဘွဲ့ရတစ်ဦးအနေဖြင့် လော်ခန်းသည် မြို့ကြီးမှ ထွက်ခွာလာ၍ အေးလောင်တောင်သို့ ရောက်ရှိလာပြီး သစ်တောအတွင်းငှက်ကလေးများနှင့် နေထိုင်ကြပါသည်။ လော်ခန်းသည် သုတေသနပြုလုပ်စဉ်အတွင်း ထင်းရှူးပင်သစ်တောရှိ သဘာဝသစ်ပင်ပေါက်ရောက်မှု နည်းလှပြီး ပိုးစားငှက်များ(အများအားဖြင့် ဂူအသိုက်ငှက်ဖြစ်သည်)ဆိုင်ရာမျိုးပွားခြင်းနှင့် နေထိုင်ရေးအတွက် ထိခိုက်နေကြောင်းကိုတွေ့ရှိပါသည်။ လော်ခန်းသည် သတင်းအချက်အလက်များကို ဖတ်ရှုလေ့လာပြီးနောက် အနောက်ဖက်နိုင်ငံ၏ သမိုင်းဝင် နှစ် ၁၀၀ ကျော်ရှိ လူလုပ်ငှက်အသိုက်သေတ္တာဖြင့် ငှက်ကလေးများအတွက် “ငှက်စံအိမ်”ကို တည်ဆောက်ပေးသည်။ လတ်တလောရက်ပိုင်းတွင် လော်ခန်းသည် “အိမ်လှဗီလာ” “ငှက်စံအိမ်” အခု ၅၀၀ ကျော် တည်ဆောက်ပေးပြီး ငှက်မျိုးစိတ် ၇ မျိုးသည် ဝင်နေကြပြီဖြစ်ပြီး ဝင်ရောက်နေထိုင်မှုမှာ ၂၅ %ခန့် ရှိသည်။ သူသည် “ငှက်စံအိမ်”အချို့တွင် CCTV ကိုတပ်ဆင်ပြီး ငှက်တို့၏အလေ့အထကို လေ့လာသည်။ “လူလုပ်ငှက်အသိုက်၏ ဗီဒီယိုကို လေ့လာခွဲစိတ်ခြင်းဖြင့် ငှက်ကြီးသည် ငှက်ငယ်ကို Dendrolimus ထင်းရှူးကျိုင်းကောင်(ထင်းရှူးပင်သစ်တောမှာ နေထိုင်သော ပိုးကောင်တစ်မျိုး)ကျွေးခြင်းကို အကြိမ်ပေါင်းမြောက်များစွာ တွေ့ရှိရသည်။”ဟု လော်ခန်းက ပြောသည်။ လူလုပ်ငှက်အသိုက်ကို တပ်ဆင်ပြီး ငှက်ကလေးအတွက် သစ်တောတွင် အခြေချနေထိုင်၍ မွေးမြူနိုင်သည့်အပြင် သစ်တောပိုးကောင်ကိုလည်း ထိရောက်စွာထိန်းသိမ်းနိုင်ကြောင်း သူက ဆက်ပြောသည်။ လာမည့်နှစ် ဇန်နဝါရီလ လကုန်အထိ နောက်ထပ် လူလုပ်ငှက်အသိုက် ၅၀၀ ကို ထပ်မံတပ်ဆင်ရန် လော်ခန်းက စီစဉ်ထားပါသည်။
သတင်းထောက် ။ ။ဟူချောင်း (ဆင်ဟွာသတင်းဌာန)