“နန်ကျန့်ထျောင့်ချိုက်”သည် ယူနန်ပြည်နယ် ကျေးလက်ခရီးသွားလုပ်ငန်း၏ ထူးခြားချက် ဖြစ်လာ
လတ်တလောနှစ်ပိုင်းတွင် နန်ကျန့်ခရိုင်သည် “ယဉ်ကျေးမှုနှင့်ခရီးသွား”ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းကို ဆွဲကိုင်၍ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သော “နန်ကျန့်ထျောင့်ချိုက်”ဆိုင်ရာအရင်းအမြစ်ကို လေ့လာခြင်းဖြင့် ထူးခြားသောကျေးလက်ခရီးသွားလုပ်ငန်းနှင့် ဇီဝဂေဟခရီးသွားလုပ်ငန်းကို အင်တိုက်အားတိုက်တွန်းတင်ရာမှ “နန်ကျန့်ထျောင့်ချိုက်”သည် ကျယ်ပြန့်သော ပလက်ဖောင်းနှင့် ကောင်းမွန်လှသော ခရီးသွားဈေးကွက်ကို ရရှိခဲ့ပါသည်။ လက်ရှိတွင် နန်ကျန့်ခရိုင်သည် ကျေးလက်ဖျော်ဖြေရေးအနုပညာအဖွဲ့ ၁၀၀ ကျော်ရှိပြီး ကျေးရွာအပန်းဖြေပျော်ရွှင်ခြင်း၊ ယဉ်ကျေးမှုအနုပညာရောနှောဖွံ့ဖြိုးသည့် ရာနှင့်ချီသော နာမည်ကျော်ကြားသော ကျေးလက်စားသောက်ဆိုင်များကို တည်ထောင်ထားပါသည်။ “နန်ကျန့်ထျောင့်ချိုက်”ကိုထူးခြားသော ခရီးသွားယဉ်ကျေးမှုအမှတ်တံဆိပ်အဖြစ် တည်ထောင်ခြင်းဖြင့် ထူးခြားသော ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို မြှင့်တင်ပေးနေပါသည်။
သတင်းထောက်။။ရန်ကျင့် (ယူနန်ကွန်ရက်)