တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှီကျိုးမြို့နယ်တွင် “ရှောင်ပိုင်” ဟုခေါ်သောမိန်းကလေး၏ လန် ရှူဆေးဆိုးအလုပ်ရုံသည် ဂျောင်ကျသော လမ်းအတွင်းပိုင်းတွင် တည်ရှိသော်လည်း လာရောက်လေ့လာသောဧည့်သည်များသည် တစ်ခေါက်ရောက်ဖူးလျှင် ပြန်လည်ရောက်ရှိလိုသည့်စိတ် ဖြစ်ပေါ်သည့်အပြင် သူငယ်ချင်းများကိုလည်း မိတ်ဆက်ပေးချင်သေးသည်။
လန် ရှူဆေးဆိုးအလုပ်ရုံ၏ အဆွဲဆောင်ဆုံးသောအရာမှာ “တာ့လီ၏ အပြာရောင်” သာမဟုတ်ဘဲ ရိုးရာယဉ်ကျေးမှုကို ခိုင်မြဲစွာ ထိန်းသိမ်းပေးသည့် စိတ်ဓာတ်လည်း ပါဝင်သည်။
ရှောင်ပိုင်၏အလုပ်ရုံတွင် ဇန်န၀ါရီလ(၁၄)ရက်နေ့က တော်တော်လေး စည်ကားလျက် ရှိခဲ့ပါသည်။ လာရောက်လေ့လာသည့် ခရီးသွားဧည့်သည်များသည် မိုဘိုင်းဖုန်းဖြင့် ရှောင်ပိုင်၏အထည်ဆေးဆိုးသည့်လက်ရာများကို ရိုက်ကူးနေကြပါသည်။ အလုပ်ရုံက လုပ်သားများသည် ဧည့်သည်တော်များ သဘောကျသောဆေးဆိုးအထည်ထုတ်ကုန် များကို ရွေးချယ်ရန် ကူညီပေးလျက် ရှိနေပါသည်။
“ရှောင်ပိုင်” ကို ကျန်းဟန်မင်းဟု ခေါ်သေးသည်။ ယခင်က တာ့လီကျိုးချန်ရွာမှ အထူးချွန်ဆုံးသောကျောင်းသူဖြစ်ပြီး ပေကျင်းမြို့တွင် တက္ကသိုလ်တက်ခဲ့ပါသည်။ ကျောင်းပြီးစတွင် သူမသည် NGO ၌ ပရဟိတစီမံကိန်းကို (၆)နှစ်တာ လုပ်ကိုင်ခဲ့သည်။ ထို့နောက် သူမသည် ခင်ပွန်းနှင့်အတူ တာ့လီသို့ ပြန်လာကာ အထည်ဆေးဆိုးလုပ်ငန်း လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ကျန်းဟန်မင်း၏ဇာတိဖြစ်သော ကျိုးချန်ရွာသည် နာမည်ကျော်ကြားသော အထည်ဆေးဆိုးရွာ ဖြစ်သည်။ သူက ငယ်ငယ်ကတည်းကပင် မိခင်နှင့်အဖွားတို့ထံမှ ဆေးဆိုးအတတ်ပညာကို သိကျွမ်းအောင် သင်ယူလေ့လာခဲ့သည်။ ယခင်ကတည်းက ကြိုးပမ်းမှုဖြင့် ဆေးဆိုးအလုပ်ရုံနှင့် ဤနေရာတွင် ဘ၀ကို ကောင်းမွန်အောင် ဖော်ဆောင်ချင်သည့် ဆန္ဒရှိသည်။
ကမ္ဘာ၏ ဆန်းတင့်ဝေဆာမှုကို ရှုစားခဲ့သည့်အတွက်ကြောင့် ကျန်းဟန်မင်းသည် မိမိ၏ “အပြာရောင်အိပ်မက်”ကို ဤအလုပ်ရုံကလေးတွင် တပ်တူကျစေခဲ့ပါသည်။ သူက ဤအလုပ်ရုံကို “လန် ရှူအစိမ်းရောင်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုစင်တာ”ဟု အမည်ပေး ခဲ့သည်။ “ လန် ”ဆိုသည်မှာ အပြာရောင်ဖြစ်ပြီး သူမှတ်ထားသည့် တာ့လီ၏အရောင် ဖြစ်ပါသည်။ “ ရှူ”ဆိုသည်မှာ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်သည်။ ၎င်းစင်တာ၏ ဦးစီးသူအနေနှင့် ကျန်းဟန်မင်းသည် တာ့လီရိုးရာဆေးဆိုးပညာနှင့် ကျေးရွာ၊ မြို့နယ် စသည့်ဒေသကို တစ်ပေါင်းစည်းတည်းစဉ်းစားပြီး ယဉ်ကျေးမှု၊ လူသားနှင့် ကုန်ပစ္စည်း စသည်များကို နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပေါင်းစပ်လျက်ရှိနေပါသည်။
သင်တန်းဖွင့်လှစ်ခြင်း၊ ဒီဇိုင်းဆွဲသူရှာဖွေခြင်း၊ ခေတ်စားသော မြစိမ်းရောင် ဆေးဆိုးကုန်ပစ္စည်းကို ရောင်းချခြင်း တို့ကို ကျန်းဟန်မင်း၏အလုပ်ရုံတွင် ပြုလုပ်လျက် ရှိသည်။ ဤအလုပ်ရုံတွင် အလုပ်သမား နည်းပါးသော်လည်း အနီးဝန်းကျင်ရှိ ဆေးဆိုးပညာတတ်ကျွမ်းသော အမျိုးသမီးများသည် ကူညီလုပ်ကိုင်ပေးကြရာ ကုန်အမှာရှိလျှင် အားလုံးသည် ၀ိုင်းဝန်းလုပ်ကိုင်ကြပါသည်။
“ကျွန်မက တာ့လီ၏ဆေးဆိုးပညာကို လက်တွေ့လေ့လာခံစားခြင်းဖြင့် ဆက်ခံချင် ပါတယ်။ လက်တွေ့ဆေးဆိုးခြင်းပညာကို လေ့လာတာဟာ ကျွန်မအလုပ်ရုံမှာ လူအကြိုက်များဆုံး စီမံကိန်းဖြစ်ပါတယ်။”
ယခုလက်ရှိတွင် “ လန် ရှူ”၏ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားပါသည်။ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များသည် ဆေးဆိုးပညာကို လာရောက်လေ့လာကြပါသည်။ ဆေးဆိုးအထည်ဖြင့် ခေတ်စားနေသော နေ့စဉ်သုံးပစ္စည်းများကို ပြုလုပ်ကြသည်။ ကျွမ်းကျင်သောဒီဇိုင်းဆွဲသူ၏ ကူညီမှုဖြင့် တာ့လီ၏ ရှေးဟောင်းဆေးဆိုးပညာဖြင့် ခေတ်မီနည်းပညာ နောက်ဆုံးပေါ်ဖက်ရှင်တို့ကို ကောင်းမွန်စွာ ပေါင်းစပ်ထုတ်လုပ်လျက် ရှိနေပါသည်။
“အရင်တုန်းက အပြင်ထွက်ချင်တယ်၊ အခုဆိုရင် ရိုးရာယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းသူ ဖြစ်လာတော့ ‘ခရီးသည် နက်ရှိုင်းစွာလေ့လာမှု + ယဉ်ကျေးမှုတီထွင်ဆန်းသစ်ခြင်း’ ဆိုတဲ့ပေါင်းစပ်စနစ်ဟာ ကျွန်မနဲ့ဝန်ထမ်းတွေကို ကြွယ်ဝလာစေတာ၊ ပိုများလာတဲ့လူတွေ ကျွန်မတို့နဲ့အတူ ရိုးရာယဉ်ကျေးမှုကို အတူကာကွယ်ပေးဖို့အတွက် ပါဝင်လာတာကို ကျွန်မ ထင်တောင်မထင်မိခဲ့ဘူး”ဟု ကျန်းဟန်မင်းက ပြောပြသည်။ ပိုများလာသည့်လူများသည် သူနှင့်အတူ “တာ့လီ၏အပြာရောင်”ကို ထိန်းသိမ်းပေးသည့်အတွက်ကြောင့် ကျန်းဟန်မင်းကလည်း အလွန်ပျော်ရွှင်ပါသည်။
(Yunnan Gateway)